စစ်တွေဆိပ်ကမ်းမှာ ကုန်တင်/ကုန်ချကို စစ်တွေမှတ်ပုံတင်ရှိသူပဲ လုပ်ကိုင်ခွင့်ရ
အာရက္ခတိုင်းမ်စ်(၃၀ ဇူလိုင် ၂၀၂၅) ရက္ခိုင်ပြည် စစ်တွေမြို့ရှိ အာဏာပိုင်ဆိပ်ကမ်းတွေက ကုန်တင်/ကုန်ချ လုပ်ငန်းခွင်မှာ စစ်တွေ မှတ်ပုံတင်ရှိသူတွေပဲ လုပ်ကိုင်ခွင့်ရတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။ တခြားမှတ်ပုံတင်ကိုင်ဆောင်ထားသူတွေဖြစ်ပါက ဆိပ်ကမ်းထဲကို ဝင်လို့မရတဲ့အပြင် သူတို့သတ်မှတ်ထားတဲ့ လုပ်သားတွေသာ ဝင်လို့ရကြောင်း စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ “သူတို့သတ်မှတ်ထားတဲ့လူတွေပဲ ဝင်လို့ရတယ်။ အဲဒါတောင်မှ မှတ်ပုံတင်ပြရတယ်။
Read more