သူပုန်ဖြူကဗျာစာအုပ် လေလံစျေး အမြင့်ဆုံး ဒေါ်လာ ၁၂၀၀၀ အထိ ရောက်လာ

အာရက္ခတိုင်းမ်စ် (၂၉ ဇူလိုင် ၂၀၂၅)

အာရက္ခတပ်တော်ရဲ့ ဒုတိယစစ်ဦးစီးချုပ်လည်းဖြစ် ရက္ခိုင်အမျိုးသားအဖွဲချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ (၁) လည်းဖြစ်တဲ့ ဒေါက်တာညိုထွန်းအောင် ရေးသားတဲ့ “သူပုန် ဖြူကဗျာစာအုပ်” လေလံစျေးဟာ အမြင့်ဆုံး ဒေါ်လာ ၁၂၀၀၀ အထိ ရောက်ရှိနေပြီ ဖြစ်တယ်လို့ သူပုန်ဖြူ Team က ဇူလိုင်က ၂၈ ရက်က ထုတ်ပြန်ပါတယ်။

“၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်တွင် ဒေါ်လာ ၆၀၀၀ နဲ လေလံဆွဲထားတဲ့ ကဗျာစာအုပ် အမှတ်စဉ် 01109 စာအုပ်ပိုင်ရှင် Mr.MHZ-PT က အဆိုပါစာအုပ်ကို ဇူလိုင်လ ၂၆ ရက်က ဒေါ်လာ ၁၂၀၀၀ ထိ ထပ်မံတိုးမြှင့် ဝယ်ယူလိုက်တာကြောင့် သူပုန်ဖြူကဗျာစာအုပ် လေလံပြိုင်ပွဲတွင် နောက်ထပ် တဆင့်ကို ရောက်ရှိလာပြီ” လို့ ဖော်ပြထားပါတယ်။

အဆိုပါ “သူပုန်ဖြူ ကဗျာစာအုပ် လေလံပွဲ” နောက် ဆုံးရက်ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၄ ရက် တနင်္လာနေ့ ညနေ ၄ နာရီ သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။

“သူပုန်ဖြူ ကဗျာစာအုပ် လေလံပွဲ” နောက်ဆုံးရက်တွင် လေလံပွဲကို Social Media တခုခုကနေ Live လွှင့်သွားမယ်လို့လည်း သူပုန်ဖြူ Team က ဆိုပါတယ်။

Related posts

ဂွမြို့နယ်မှာ ရွာ ၂ ရွာ ဗုံးကြဲခံရလို့ ပြည်သူ ၂ ဦး ဒဏ်ရာရ၊ ဘုန်းကြီးကျောင်း မီးလောင်ပြီး တိရစ္ဆာန်တွေ သေဆုံး

ကျောက်တော် ဗုံးကြဲခံရမှုအတွင်း ဒဏ်ရာရသူတွေနဲ့ နေအိမ်ဆုံးရှုံးခဲ့ရသူများကို ULA ထောက်ပံ့

လူငယ်များ ကိုရီးယားစာထက် ဂျပန်စာကို ပိုသင်လာကြ