Rakhita Times

စစ်တွေမှာ ALP စစ်သင်တန်းဆင်းပွဲ ပြုလုပ်မယ်

အာရက္ခတိုင်းမ်စ် (၂၄ ဒီဇင်ဘာ ၂၀၂၄) ရက္ခိုင်ပြည် စစ်တွေမြို့မှာ မနက်ဖြန် (ဒီဇင်ဘာ ၂၅) ရက်မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က စစ်သင်တန်းဆင်းပွဲတစ်ခု ပြုလုပ်သွားမယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်က စတင်ကာ အခြေခံစစ်သင်တန်းကို
Read more

တရုတ်အပေါ်မှာ KIA  နိုင်ဖဲရှိ

အာရက္ခတိုင်းမ်စ် (၂၄ ဒီဇင်ဘာ ၂၀၂၄) ကချင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဟာ တရုတ်အရမ်းလိုအပ်တဲ့ မြေရှားသတ္တုတွေရှိတဲ့ ဒေသတွေကို သိမ်းပိုက်ထားနိုင်တာကြောင့် နိုင်ဖဲတွေရှိတယ်လို့ မြန်မာ-တရုတ်အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်စောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ကို တရုတ်ဘက်မှ
Read more

သံတွဲကို စစ်ကောင်စီ ဗုံးကြဲပြီး စက်သေနတ်ဖြင့် ပစ်ခတ်ကြောင့် ၃ ဦးသေ၊ အများအပြား ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၄ ဒီဇင်ဘာ ၂၀၂၄) သံတွဲမြို့ကို စစ်ကောင်စီဟာ မနေ့က (၂၃ ဒီဇင်ဘာ) ညနေ ၃ နာရီ ၁၅ မိနစ်ခန့် မှာ လေယာဉ် ၃ စီး နဲ့ ဗုံးလာကြဲခဲ့ပြီး လေယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ တရစပ်ပစ်ခတ်မှုကြောင့် သံတွဲဒေသခံပြည်သူ ၃
Read more

ဂွမြို့ နောက်ဆုံးတပ်အတွင်းထိ AA ဝင်ရောက်တိုက်ခိုက်နေ

အာရက္ခတိုင်းမ်စ် (၂၃ ဒီဇင်ဘာ ၂၀၂၄) ရက္ခိုင်ပြည် ဂွမြို့နယ်ရဲ့ နောက်ဆုံးတပ်ဖြစ်တဲ့ ခမရ ၅၇၂ အတွင်းပိုင်းအထိ အာရက္ခတပ်တော်က ဝင်ရောက် တိုက်ခိုက်နေကြောင်း သိရပါတယ်။ “ ခမရ ၅၆၃ ကို သိမ်းပြီးသွားပြီ ကျန်နေတဲ့ ၅၆၂ လည်း ကျနေပြီ ပြောရမှာပဲ။ စစ်ကောင်စီက
Read more

စစ်တွေမြို့အနီးကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲပြီး လက်နက်ကြီးနဲ့ ပစ်နေ

အာရက္ခတိုင်းမ်စ် (၂၃ ဒီဇင်ဘာ ၂၀၂၄) ရက္ခိုင်ပြည်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့အနီးက ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၂ ရက်နေ့ ညပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲပြီး လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်နေတယ်လို့ စစ်တွေမြို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ညအချိန်တွေမှာ စစ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကနေ
Read more

မင်းတပ်မြို့သိမ်းတိုက်ပွဲကို AA ကူညီခဲ့ကြောင်း ချင်းညီနောင် ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၂၃ ဒီဇင်ဘာ ၂၀၂၄) ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲအတွက် AA က ကူညီခဲ့ကြောင်း ချင်းညီနောင် (CHIN BROTHERHOOD) က မနေ့က (၂၂ ဒီဇင်ဘာ) ထုတ်ပြန်ခဲ့ပါတယ်။ “ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးတွင် အာရက္ခတပ်တော် (AA) မှ စစ်လက်နက်၊ ခဲယမ်း၊ စစ်ကူများအပြင်
Read more

ဖွဲ့စည်းပုံနဲ့ မကိုက်ညီဘဲ စစ်ကောင်စီ အာဏာထပ်တိုးနိုင်

အာရက္ခတိုင်းမ်စ် (၂၂ ဒီဇင်ဘာ ၂၀၂၄) လာမယ့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ နောက်ထပ် သက်တမ်း ၆ လကို ဖွဲ့စည်းပုံနဲ့ မကိုက်ညီဘဲ စစ်ကောင်စီ သက်တမ်း ထပ်တိုးနိုင်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ
Read more

ဂွမြို့ကရဲများ နေအိမ်ဖောက်ထွင်းပြီး ပစ္စည်းများခိုးယူ‌ ရောင်းစားခဲ့

အာရက္ခတိုင်းမ်စ် (၂၁ ဒီဇင်ဘာ ၂၀၂၄) ရက္ခိုင်ပြည် ဂွမြို့တွင် တာဝန်ကျနေသော ရဲဝန်ထမ်းများ ဒေသခံနေအိမ်များကို ဖောက်ထွင်းပြီး ပစ္စည်းများ ခိုးယူ ရောင်းစားခဲ့ကြောင်း သိရပါတယ်။ “ ရဲတပ်ရင်း (၃) က ထွန်းကျော်ဦးက ဦးဆောင်ပြီး ခိုးတယ်။ စစ်ရှောင်ဖို့ ပြည်သူတွေ မသယ်နိုင်လို့ ထားခဲ့ရတဲ့
Read more

ဂွမြို့နယ်တွင် မိုင်းနင်းမိသဖြင့် ဒေသခံပြည်သူ ၂ ဦး ခြေ ၁ ဖက် ဆီ ဆုံးရှုံး

အာရက္ခတိုင်းမ်စ် (၂၁ ဒီဇင်ဘာ ၂၀၂၄) ရက္ခိုင်ပြည် ဂွမြို့နယ်တွင် စစ်ကောင်စီထောင်ထားတဲ့ မြေမြုပ်မိုင်းနင်းမိသဖြင့် ဒေသခံပြည်သူ ၂ ဦးမှာ ခြေတစ်ဖက်ဆီ ဆုံးရှုံးသွားကြောင်း သိရပါတယ်။ “ ဒီလ ၁၇ ရက်က လယ်ထဲကို စပါးရိတ်ဖို့သွားတာမှာ နင်းမိတာ၊ ကျိန္တလီမြိုနယ် ကုလားပြင်ကျေးရွာက အသက် ၃၀
Read more

သံတွဲဒေသခံတွေ ပြန်လည်တိမ်းရှောင်နေကြ

အာရက္ခတိုင်းမ်စ် (၂၁ ဒီဇင်ဘာ ၂၀၂၄) ရက္ခိုင်ပြည် သံတွဲမြို့မှာ ပြန်လည်နေထိုင်နေကြတဲ့ ဒေသခံတွေဟာ တောရွာဘက်တွေကို ပြန်လည် တိမ်းရှောင်နေကြကြောင်း သိရပါတယ်။ “ အခုက မြို့ထဲမှာ လူတွေ မနေရဲကြဘူး။ ရက်ဆက်သလိုကို စစ်ကောင်စီက ဗုံးလာကြဲတယ်။ မြို့ထဲကို လာလာကြဲတာ။ အဲတော့ အကုန်လုံးက ကြောက်နေကြတယ်။
Read more