Business

ဘူးသီးတောင်-မောင်တော ကားလမ်းပျက်စီးလို့ ကုန်တင်ကား သွားလာခွင့် AA ယာယီတားမြစ်

အာရက္ခတိုင်းမ်စ် (၂၈ ဇူလိုင် ၂၀၂၅) ရက္ခိုင်ပြည်တွင် မိုးသည်းထန်စွာ ရွာသွန်းလို့ ဘူးသီးတောင်-မောင်တော ကားလမ်း ပျက်စီးနေသဖြင့် ကုန်တင်ကားကြီး သွားလာခွင့်ကို အာရက္ခတပ်တော်က ယာယီပိတ်ထားတယ်လို့ သိရပါတယ်။ “ ဇွန်လကတည်းက မိုးက မပျက်ဘူး။ ဒီလလည်း တောက်လျောက် သည်းသည်းမဲမဲကို ရွာတော့ မိုးရေတိုက်စားပြီး မြေပြိုတာတွေ၊
Read more

စစ်တွေမှာ ကုန်တင်၊ ကုန်ချ စရိတ်မြင့်တက်တဲ့အတွက် ကုန်တွေလည်း ဈေးတက်

အာရက္ခတိုင်းမ်စ် (၂၈ ဇူလိုင် ၂၀၂၅) ရက္ခိုင်ပြည်၊ စစ်တွေမြို့မှာ နောက်လာမယ့်သင်္ဘောတွေကနေ စတင်ကာ ကုန်တင်၊ ကုန်ချစရိတ်တွေ မြင့်တက်တော့မှာဖြစ်တဲ့အတွက် ကုန်တွေလည်း ဈေးလိုက်တက်တော့မှာဖြစ်တယ်လို့ ကုန်စိမ်း ရောင်းချသူတွေထံကနေ သိရပါတယ်။ အရင်က စစ်တွေမြို့ကို ကုန်တွေတင်ဆောင်လာတဲ့ သင်္ဘောတွေ မရောက်ခင်အချိန်မှာသာ ကုန်ဈေးနှုန်းတွေဟာ မြင့်တက်ခဲ့တာဖြစ်ပြီး ကုန်တင်သင်္ဘောတွေ ရောက်လာချိန်မှာ
Read more

ငါးရှာထွက်တဲ့ ကျိန္တလီသား ၂ ဦး ရေနှစ်ပျောက်ဆုံး၊ ၆ ကြာ ထိ ရှာမတွေ့သေး

အာရက္ခိုင်းမ်စ် (၂၇ ဇူလိုင် ၂၀၂၅) ရက္ခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့က ဒေသခံပြည်သူ ၂ ဦးဟာ ဇူလိုင်လ ၂၂ ရက် မနက်ပိုင်းက ငါးရှာထွက်ရာကနေ ရေနစ်မြုပ်ပျောက်ဆုံးနေပြီး ၆ ကြာတဲ့အထိ ရှာမတွေ့သေးဘူးလို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ “သွားတာက ၃ ယောက်
Read more

တောင်ကုတ်တွင် သူခိုး နဲ့ သူခိုးလက်ခံ ၂၉ ယောက် DLEPS ဖမ်းဆီးရမိ

အာရက္ခိုင်းမ်စ် (၂၆ ဇူလိုင် ၂၀၂၅) ရက္ခိုင်ပြည် တောင်ကုတ်မြို့တွင် တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) တပ်ဖွဲ့က ပြည်သူပိုင်ပစ္စည်း ခိုးယူသူ ၂၃ ယောက်နဲ့ ခိုးရာပါပစ္စည်း လက်ခံသူ ၆ ယောက် စုစုပေါင်း ၂၉ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ တောင်ကုတ်မြို့ရှိ လူမရှိတဲ့
Read more

စစ်တွေမှာ မူးယစ်ဆေးဝါးရောင်းချသူတွေကို စစ်ကောင်စီ လိုက်လံဖမ်းဆီးနေ

အာရက္ခတိုင်းမ်စ် (၂၃ ဇူလိုင် ၂၀၂၅) ရက္ခိုင်ပြည် စစ်တွေမြို့မှာ မူးယစ်ဆေးဝါးရောင်းချသူတွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံတွေထံကနေ သိရပါတယ်။ အဲဒီလို ဖမ်းဆီးတဲ့အခါမှာတော့ နာမည်အတိအကျဖြစ်ပြီး ဧည့်စာရင်းစစ်သလိုပုံစံနဲ့ လိုက်လံစုံစမ်းကာ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ “ညပိုင်းကျရင် ဧည့်စာရင်းစစ်ရင်းနဲ့ မူးယစ်ဆေးဝါးရောင်းစားတဲ့သူတွေ အိမ်ကိုအတိအကျသိရင် အဲဒီသူတွေကို
Read more

စစ်တွေမှာ ကုန်တင် သင်္ဘော ၃ စီးတောင် ရောက်နေ

အာရက္ခတိုင်းမ်စ် (၂၂ ဇူလိုင် ၂၀၂၅ ) ရက္ခိုင်ပြည် စစ်တွေမြို့မှာ ကုန်တင်သင်္ဘော ၃ စီးတောင် ရောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အရင်ကလည်း ကုန်သင်္ဘောတွေ ရောက်လေ့ရှိပေမယ့် အခုလိုမျိုး ၃ စီးတောင် မရောက်ဖူးကြောင်း၊ အခု ၃ စီး ရောက်လာတာဟာလည်း ရှေ့လတွေက
Read more

သူပုန်ဖြူကဗျာစာအုပ် ‌ဒေါ်လာ တသောင်း နဲ့ လေလံ စံချိန်တင်

အာရက္ခတိုင်းမ်စ် (၂၂ ဇူလိုင် ၂၀၂၅) အာရက္ခတပ်တော်ရဲ့ ဒုတိယစစ်ဦးစီချုပ် ဒေါက်တာညိုထွန်းအောင် ရေးသားတဲ့ သူပုန်ဖြူ ကဗျာစာအုပ်ဟာ ဒေါ်လာ တသောင်းနဲ့ လေလံ စံချိန်တင်နေတယ်လို့ သိရပါတယ်။ “Mr.ET က ဇူလိုင်လ ၂၀ ရက်တွင် အမေရိကန်ဒေါ်လာ ၁၀၀၀၀ နဲ့ ဝယ်ယူလိုက်တဲ့အတွက် “
Read more

လွတ်မြောက်နယ်မြေက ပြည်သူတွေ အင်တာနက်သုံးနိုင်ရန် AA လုပ်ဆောင်နေ

အာရက္ခတိုင်းမ်စ် (၁၉ ဇူလိုင် ၂၀၂၅) ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေက ပြည်သူတွေ အင်တာနက်သုံးစွဲနိုင်ရန်အတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ “သံတွဲ၊ တောင်ကုတ်၊ ဂွဖက်မှာ ပြည်သူတွေ အင်တာနက်သုံးလို့ရ‌အောင် နည်းပညာအဖွဲ့တွေ လုပ်ဆောင်နေတယ်။ မကြာခင်တော့ သုံးလို့ရတော့မှာပါ။ တနာရီကိုတော့ သုံးစွဲခအနေနဲ့ ၂၀၀၀ ကျပ် သတ်မှတ်ထားပါတယ်”
Read more

စိုက်ပျိုးရေးတွင် ပင်လယ်ရေနှင့် ဆားကြမ်း အသုံးဝင်ပုံ

Khant Zaw Htetမှ ရေးသားသည် ပင်လယ်ရေ ချိုဟန်ဂျူ pdf ဖိုင် တခုကနေ တွေ့ရှိလို့ ကျွန်တော် အရမ်း သဘောကျခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် ပင်လယ်ရေ နဲ့ ဆားကြမ်းကို ကောင်းကျိုးကော ဆိုးကျိုးပါ တွေးမိခဲ့ပါတယ်။ ရှမ်းပြည်မြောက်ပိုင်း တောင်ယာ စပါးကြဲချိန်မှာ ပေါင်းသတ်ဆေး
Read more

ရေချယ်တေဇ အကြောင်း ဖော်ပြထားတဲ့ စာမျက်နှာကို Vogue Italia မဂ္ဂဇင်း ဝဘ်ဆိုက် ဖယ်ရှား

အာရက္ခတိုင်းမ်စ် (၁၈ ဇူလိုင် ၂၀၂၅) ထိပ်တန်းဖက်ရှင် မဂ္ဂဇင်းဖြစ်တဲ့ Vogue အီတလီ မဂ္ဂဇင်း ဝဘ်ဆိုက်တွင် ဖော်ပြထားတဲ့ မြန်မာခရိုနီ ရေချယ်တေဇ (ထူးထွေးတေဇ) ရဲ့ အကြောင်းကို ဖော်ပြထားတဲ့ အွန်လိုင်း စာမျက်နှာကို ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။ ရေချယ်တေဇ (ထူးထွေးတေဇ) ဟာ မြန်မာခရိုနီ
Read more