Education

■ အမေရိကန် နည်းပညာကုမ္ပဏီတွေ ဘာလို့ အိန္ဒိယမှာ ဘီလီယံနဲ့ချီ ရင်းနှီးမြှုပ်နှံနေကြတာလဲ

အမေရိကန် နည်းပညာကုမ္ပဏီကြီးတွေက အေအိုင်နည်းပညာအတွက် အသုံးစရိတ်တွေကို အရှိန်မြှင့်လာနဲ့အမျှ အိန္ဒိယနိုင်ငံဟာ အဓိက အကျိုးအမြတ်ရမယ့်သူ ဖြစ်လာနေပါတယ်။ မိုက်ခရိုဆော့ဖ်ဟာ အာရှမှာ သူတို့ရဲ့ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုအဖြစ် အိန္ဒိယမှာ ဒေတာစင်တာတွေနဲ့ AI အခြေခံအဆောက်အအုံတွေ တိုးချဲ့ဖို့ နောက်လေးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၇.၅ ဘီလျံ သုံးစွဲသွားမှာပါ။ ဂူဂဲလ်ကလည်း
Read more

ရက္ခိုင်တွင် ခရစ်ယာန်ကျမ်းစာကျောင်း (၁၈) ကြိမ်မြောက် ဘွဲ့နှင်းသဘင်ပွဲ ကျင်းပ

အာရက္ခတိုင်းမ်စ် (၆ ဖေဖေါ်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတခုရှိ ခရစ်ယာန်ကျမ်းစာကျောင်းတကျောင်းတွင် (၁၈) ကြိမ်မြောက်ဘွဲ့နှင်းသဘင်ပွဲ အခမ်းအနားကို ဖော်ဝါရီလ ၄ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ (၁၈) ကြိမ်မြောက်ဘွဲ့နှင်းသဘင်ပွဲအခမ်းအနားတွင် ဘွဲ့ရကျောင်းသား၊ ကျောင်းသူများကို ဒီပလိုမာဘွဲ့လက်မှတ် ချီးမြှင့်ပေးခဲ့ပြီး ထူးချွန်ကျောင်းသူ၊ ကျောင်းသားများကို ဆုချီးမြှင့်ခြင်း၊ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုခြင်း၊ ဘွဲ့ရရှိတဲ့ ကျောင်းသား၊ ကျောင်းသူများကို ဘွဲ့လက်မှတ်များ ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒီပလိုမာဘွဲ့လက်မှတ် ရရှိသူ စုစုပေါင်း ၅ ဦးအနက် ၃ ဦးမှာ အမှတ်အများဆုံးဆု ရရှိခဲ့သူများဖြစ်ပြီး ပထမနှစ်၊ ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူများမှလည်း အမှတ်အများဆုံးဆု ရရှိခဲ့ကြတယ်လို့ သိရပါတယ်။ အဆိုပါ ခရစ်ယာန်ကျမ်းစာကျောင်းရဲ့ (၁၈) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းနားပွဲနဲ့ ဆုပေးပွဲအခမ်းနားကိုခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က တာဝန်ရှိသူများနဲ့ ဌာနဆိုင်ရာအသီးသီးက တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA အကြီးအကဲများက ကျောင်းသား၊ ကျောင်းသူများရဲ့ ပညာရေးအောင်မြင်မှုများကို ချီးကျူးဂုဏ်ပြုခဲ့ကြပြီး ဘွဲ့ရ ကျောင်းသား၊ ကျောင်းသူများကို ဆုငွေများလည်း ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ခရစ်ယာန်ကျမ်းစာကျောင်းရဲ့ ၁၈ ကြိမ်မြောက် ဘွဲ့နှင်းသဘင်ပွဲအခမ်းအနားကို လူပေါင်း ၃၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။ Ref & Photo – One Nation News
Read more

မြောက်ဦးက အစ္စလာမ်ဘာသာရေးတက္ကသိုလ်ကျောင်းတခုတွင် ဘွဲ့ရကျောင်းသားများကို ဘွဲ့လက်မှတ်ပေးအပ်

အာရက္ခတိုင်းမ်စ် (၃ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုပြည်၊ မြောက်ဦးခရိုင်အတွင်း ဖေဖော်ဝါရီလ ၂ ရက် အစ္စလာမ်ဘာသာရေးတက္ကသိုလ်ကျောင်းရဲ့ နှစ်ပတ်လည်ဂျောလ်ဆာပွဲနန့် ဘွဲ့ရကျောင်းသားများကို ဘွဲ့လက်မှတ်အပ်နှံပွဲ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြောက်ဦးခရိုင်အတွင်းရှိ အစ္စလာမ်ဘာသာရေးတက္ကသိုလ်ကျောင်း ဂျာမေ့အဟ် အရ်ဗီယက် အာလီယက် ဒါရူလ်အုလူးမ်အာရ်ဗီတက္ကသိုလ် နှစ်ပတ်လည် ဂျောလ်ဆာ အခမ်းအနားပြုလုပ်ခဲ့ပြီး
Read more

ရက္ခိုင်တွင် အစ္စလာမ်ဘာသာရေး ထူးချွန်ဆုပေးပွဲ ကျင်းပ

အာရက္ခတိုင်းမ်စ် (၁ ဖေဖော်ဝါရီ ၂၀၂၆) အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတခုတွင် အစ္စလာမ်ဘာသာရေးဆိုင်ရာ ထူးချွန်ဆုပေးပွဲ အခမ်းအနားကို ဇန်နဝါရီလ ၃၁ ရက်က ကျင်းပခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အဆိုပါ အခမ်းအနားကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က တာဝန်ရှိသူများ၊ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များ၊
Read more

စကမ ထိန်းချုပ်ထားတဲ့ မြို့ ၃ မြို့က ကျောင်းသားတွေကို စခန်းသွင်းစာကျက်ခိုင်းနေ

အာရက္ခတိုင်းမ်စ် (၃၁ ဇန်နဝါရီ ၂၀၂၆) တက္ကသိုလ်ဝင် စာမေးပွဲ အောင်‌ချက်မြင့်မားရေးအတွက်ဆိုပြီး စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ မြို့ ၃ မြို့က ကျောင်းသားတွေကို Camp သွင်းပြီး စာကျက်ခိုင်းတာတွေ လုပ်တောင်နေတယ်လို့ သိရပါတယ်။ “အောင်ချက်မြင့်အောင်ဆိုပြီး ကျောင်းက ဆရာ၊ ဆရာမတွေကို ကျောင်းသားတွေစုခိုင်းတယ်။ ပြီးတော့ စခန်းသွင်းတယ်။ ကျမတို့က
Read more

■ အေအိုင်နဲ့ အနာဂတ်ပညာရေး

ပြီးခဲ့တဲ့ 2 နှစ်အတွင်း အဆင့်မြင့်ဘာသာစကားသုံး မော်ဒယ်တွေ (Large Language Models – LLMs) အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ပါတယ်။ ဒါနဲ့ပဲ အေအိုင်ဟာ မကြာခင်မှာ ကောလိပ်ပညာရေး၊ အထူးသဖြင့် Liberal Arts လို့ ခေါ်တဲ့ အခြေခံ လူမှုဝိဇ္ဇာပညာရပ်တွေကို အသုံးမဝင်တော့အောင် လုပ်ပစ်လိမ့်မယ်ဆိုတဲ့
Read more

မြောက်ဦးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အာရက္ခပြည်သူ့မီးသတ်ဌာန ပညာပေးလေ့ကျင့်

အာရက္ခတိုင်းမ်စ် (၂၆ ဇန်နဝါရီ ၂၀၂၆) ရက္ခိုပြည်၊ မြောက်ဦးခရိုင်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ မီးသတ်ဌာနက ဇန်နဝါရီလ ၂၅ ရက်မှာ ပညာပေး လေ့ကျင့် သရုပ်ပြ မီးသတ်မှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အာရက္ခတပ်တော် (AA) အနေနဲ့ ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွေမှာ မီးဘေးအန္တရာယ်
Read more

အာရက္ခဆေးပညာသိပ္ပံကျောင်း ဝင်ခွင့်လျှောက်လွှာကို ဇန်နဝါရီ ၂၅ ရက် နောက်ဆုံးထား လျှောက်ထားနိုင်

အာရက္ခတိုင်းမ်စ် (၁၁ ဇန်နဝါရီ ၂၀၂၆) အာရက္ခဆေးပညာသိပ္ပံကျောင်း ဝင်ခွင့်လျှောက်လွှာတွေကို ဇန်နဝါရီလ ၂၅ ရက် နောက်ဆုံးထား လျှောက်ထားနိုင်တယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အသိ‌ပေးထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်ကစပြီး ကျောင်းဝင်ခွင့် လျှောက်လွှာတွေကို စတင် လက်ခံခေါ်ယူနေခဲ့တာ ဖြစ်ပါတယ်။ လျှောက်ထားလိုသူတွေဟာ ရက္ခိုင်ပြည်တွင်း နေထိုင်တဲ့
Read more

ငပလီကမ်းခြေတွင် ကလေးငယ်တွေအတွက် အခမဲ့ အင်္ဂလိပ်စာသင်တန်းကျောင်း တည်ထောင်ထားသူ မာမီဆူး MBE ဆုချီးမြှင့်ခံရ

အာရက္ခတိုင်းမ်စ် (၂၃ ဒီဇင်ဘာ ၂၀၂၅) ရက္ခိုင်ပြည်၊ သံတွဲခရိုင်ရှိ ငပလီကမ်းခြေတွင် ကလေးငယ်တွေအတွက် အခမဲ့ အင်္ဂလိပ်စာသင်တန်းကျောင်း တည်ထောင်ထားတဲ့ ဗြိတိန်နိုင်ငံသူ ဆူဇန် အက်စ်တာ့ခ်ဟာ MBE ဆုချီးမြှင့်ခံရတယ်လို့ The Vera Thomson English School ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါ
Read more

ရက္ခိုင်သမိုင်းဆိုင် ရာသုတေသနသင်တန်း ဖွင့်လှစ်မည်

အာရက္ခတိုင်းမ်စ် (၃၀ နိုဝင်ဘာ ၂၀၂၅) ရက္ခိုင်သမိုင်းသုတေသနအဖွဲ့ (ရသသဖ) Arakan Historical Research Society (AHRS) က ကျင်းပပြုလုပ်တဲ့ Workshop for Research Techniques in History သင်တန်းကို အထင်ကရ ရက္ခိုင်သမိုင်းပညာရှင် ဒေါက်တာအေးချမ်းက သမိုင်းသုတေသန နည်းစနစ်တိကို
Read more