Health

မောင်တောတွင် နီပါးရ်ကာကွယ်ရေး အသိပညာပေးတွေ လုပ်ဆောင်နေ

အာရက္ခတိုင်းမ်စ် (၈ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် နယ်စပ်မြို့ဖြစ်တဲ့ မောင်တောမြို့နယ်တွင် နီပါးရ်(Nipah) ဗိုင်းရပ်စ် ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေမှုများနဲ့အတူ နှာခေါင်းစည်း (Mask) များကိုလည်း ဖြန့်ဝေပေးနေတယ်လို့ သိရပါတယ်။ နီပါးရ်(Nipah) ဗိုင်းရပ်စ် ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူများ၊ DLEPS (ရဲတပ်ဖွဲ့) ဝင်များ၊HDCO ဝန်ထမ်းများ၊ ကျန်းမာရေးဌာနဝန်ထမ်းများနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် တာဝန်ရှိသူများ စုပေါင်းပြီး ဖြန့်ဝေပေးနေတာလည်း ဖြစ်ပါတယ်။ လက်ရှိတွင် နီပါးရ်ဗိုင်းရပ်စ်ရောဂါအတွက် ကုသရန် ဆေးဝါးမရှိသေးတဲ့အတွက် ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံးကာကွယ်ဖြစ်တယ်လို့လည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သတိပီးထုတ်ပြန်ထားပါတယ်။ နီပါးရ်ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး  မိဘပြည်သူများအနေနဲ့ ပေါ့ပေါ့ဆဆ မနေထိုင်ကြရန်နဲ့ ရောဂါကူးစက် ပြန့်ပွားလာပါက အသက်အန္တာရာယ်ရှိနိုင်တဲ့အတွက် သတိထားကြရန် လိုအပ်တယ်လို့လည်း သတိပေးထားတယ်လို့ သိရပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာန အနေနဲ့လည်း  ရက္ခိုင်ပြည်အတွင်းရှိ ပြည်သူများကို နီပါးဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးလုပ်ငန်းများကိုလည်း ဌာနဆိုင်ရာများနဲ့ ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
Read more

အာရက္ခသူနာပြုသိပ္ပံကျောင်း ဝင်ခွင့်လျှောက်လွှာကို ဖေဖော်ဝါရီလ ၂၁ ရက် နောက်ဆုံးထားလျှောက်ထားနိုင်

အာရက္ခတိုင်းမ်စ် (၁ ဖေဖော်ဝါရီ ၂၀၂၆) အာရက္ခသူနာပြုသိပ္ပံကျောင်း ဝင်ခွင့်လျှောက်လွှာကို ဖေဖော်ဝါရီလ ၂၁ ရက် နောက်ဆုံးထား လျှောက်ထားနိုင်တယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အသိ‌ပေးထားပါတယ်။ လျှောက်ထားလိုသူတွေဟာ ရက္ခိုင်ပြည်တွင်း နေထိုင်တဲ့ အသက် ၂၅ နှစ်အောက်ရှိသူ ဖြစ်ရမှာဖြစ်ပြီး ရက္ခိုင်သားတိုင်း လူမျိုး၊ ဘာသာ၊ကျားမ မရွေး လျှောက်ထားနိုင်တယ်လို့
Read more

စစ်တွေအကျဉ်းထောင်တွင် နိုင်ကျဉ်း နှစ်ဦး ဆေးကုသခွင့်မရလို့ သေဆုံး

အာရက္ခတိုင်းမ်စ် (၃၁ ဇန်နဝါရီ ၂၀၂၆) ရက္ခိုင်ပြည်၊ စစ်တွေအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား နှစ်ဦး ဆေးကုသခွင့်မရတဲ့အတွက် သေဆုံးခဲ့တယ်လို့ Justice Network For Political Prisoners (JNPP) က ထုတ်ပြန်ထားပါတယ်။ သေဆုံးခဲ့သူတွေကတော့ ပုဒ်မ ၁၇ (၁)၊ ပုဒ်မ ၅၂ (က)၊
Read more

နီပါဗိုင်းရပ်စ် နဲ့ပတ်သက်ပြီး အာရက္ခပြည်သူ့ကျန်းမာရေးဌာန အသိပညာပေးများ လုပ်ဆောင်နေ

အာရက္ခတိုင်းမ်စ် (၃၁ ဇန်နဝါရီ ၂၀၂၆) နီပါ ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ အိမ်နီးနားချင်း အိန္ဒိယနိုင်ငံမှာ ကူးစက်ပြန့်ပွားလျက်ရှိတဲ့ အဆိုပါ Nipah Virus (နီပါဗိုင်းရပ်စ်) ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး (ဗီနိုင်း) ဆိုင်းဘုတ်များထောင်ခြင်း၊
Read more

မြောက်ဦးဆေးရုံဖြစ်စဉ်တွင် ဒဏ်ရာရလူနာတွေကို ကူညီပေးခဲ့တဲ့ အဖွဲ့အစည်းကို အလှူငွေ သိန်းတရာ ပေးအပ်

အာရက္ခတိုင်းမ်စ် (၂၉ ဇန်နဝါရီ ၂၀၂၆) ရက္ခိုင်ပြည်၊ မြောက်ဦးဆေးရုံဖြစ်စဉ်မှာ ဒဏ်ရာရလူနာတွေကို ကူညီပေးခဲ့တဲ့ အဖွဲ့အစည်းကို အလှူငွေ ပေးအပ်ခဲ့တယ်လို့ စာရေးဆရာဝေဟင်အောင်က ဆိုပါတယ်။ အဆိုပါအဖွဲ့အစည်းဟာ ပစ်ခတ်မှုဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ လူနာတွေအတွက် သွေး၊ အောက်ဆီဂျင်၊ နာရေးကိစ္စတွေအပြင် လူနာအရွှေ့အပြောင်းတွေကို အဓိက ကူညီပံ့ပိုးပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အခုလို
Read more

အိန္ဒိယမှ နီပါဗိုင်းရပ်စ် ကူးစက်ခံရမှာကို ပလက်ဝဒေသခံတွေ စိုးရိမ်နေ

အာရက္ခတိုင်းမ်စ် (၂၈ ဇန်နဝါရီ ၂၀၂၆) လတ်တလောတွင် အိန္ဒိယနိုင်ငံမှာ ကူးစက်မှု မြင့်မားနေတဲ့ နီပါဗိုင်းရပ်စ်ရောဂါ ပလက်ဝဒေသကို ပျံ့နှံ့လာပြီး ကူးစက်ခံရမှာကို စိုးရိမ်နေကြတယ်လို့ ပလက်ဝဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ပလက်ဝဒေသဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒေသတခုဖြစ်ပြီး လက်ရှိ ရက္ခိုင်ပြည်ရဲ့ ကုန်စည်ပို့ဆောင်ရေး
Read more

တောအရက်ကြောင့် သေဆုံးသူများလာလို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ စစ်ဆေးနေ

အာရက္ခတိုင်းမ်စ် (၂၈ ဇန်နဝါရီ ၂၀၂၆) ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွင် ဒေသချက် တောအရက်သောက်သုံးလို့ သေဆုံးမှုများလာတာကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ အရင်တုန်းကတော့ မိရိုးဖလာ တဆေးတို့၊ ကဇော်တို့နဲ့ အရက်ချက်ကြတယ်။ အရက်ဦးရည်ဆိုတာ ဆေးဖက်ဝင်လို့ ဈေးကောင်းတောင် ရကြတယ်။ အခုကျတော့ စီးပွားရေးအရ
Read more

မေကံကောင်း ကျန်းမာရေးကောင်းမွန်လာ

အာရက္ခတိုင်းမ်စ် (၂၄ ဇန်နဝါရီ ၂၀၂၆) ရက္ခိုင်ပြည်၊ သံတွဲခရိုင်၊ ငပလီမြို့၊ လင်းသာရပ်ကွက် ဗုံးကြဲမှုတွင်အသက်ရှင်ကျန်ခဲ့တဲ့ ကလေးငယ်ရဲ့ ကျန်းမာရေးအခြေအနေက တိုးတက်ကောင်းမွန်လာပြီ ဖြစ်တယ်လို့ ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့က ဆိုပါတယ်။ အဆိုပါ ကလေးငယ်ဟာ အသက် ၂ နှစ်နဲ့ ၆ လအရွယ်ရှိ မအေးသန္တာခိုင်ဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ
Read more

ပလက်ဝတွင် ယမကာလုပ်ငန်းတွေကို AA ရဲ့ FDA စစ်ဆေး

အာရက္ခတိုင်းမ်စ် (၁၆ ဇန်နဝါရီ ၂၀၂၆) အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ Food and Drug Administration (FDA) ဌာနက ဇန်နဝါရီ ၁၅ ရက်မှာ ပလက်ဝခရိုင်ရှိ ယမကာလုပ်ငန်းတွေကို ကွင်းဆင်း စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ယမကာ ထုတ်လုပ်ခွင့်၊ ရောင်းချဖြန့်ဖြူးခွင့် လိုင်စင်အတွက် ပြီးခဲ့တဲ့ ၂၀၂၅
Read more

ရက္ခိုင်စစ်ရှောင်တွေအတွက် ဆေးဘက်ဆိုင်ရာဝန်ထမ်း လုံလောက်မှုမရှိ၊ ဆေးဝါးအခက်အခဲရှိနေ

အာရက္ခတိုင်းမ်စ် (၁၆ ဇန်နဝါရီ ၂၀၂၆) ရက္ခိုင်ပြည်အတွင်း စစ်ရှောင်ဦးရေ များပြားလာတာနဲ့ အမျှ မြေပြင်ရှိ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းအင်အား လုံလောက်မှုမရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး ဆေးဝါးဝယ်ယူရန် အခက်အခဲ ရှိနေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ဆိုပါတယ်။ စစ်ရှောင်တွေရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်ပြီး Arakan
Read more