Health

မြောက်ဦးဆေးရုံကို စစ်စခန်းတည်ဆောက်ထားကြောင်း စကမ စွပ်စွဲချက်မှာ မှားယွင်းကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆို

အာရက္ခတိုင်းမ်စ်(၁၄ ဒီဇင်ဘာ ၂၀၂၅) ရက္ခိုင်ပြည် မြောက်ဦးဆေးရုံကို အကာအကွယ်ယူကာ စစ်စခန်းတည်ဆောက်ထားကြောင်း စစ်ကော်မရှင်ရဲ့ စွပ်စွဲချက်မှာ မှားယွင်းကြောင်း အာရက္ခပြည်သူ့ကျန်းမာရေးဦးစီးဌာန (ဗဟို) က ဒီကနေ့ (ဒီဇင်ဘာ ၁၄ ရက်) ညနေပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။ အ‌ဆိုပါ မြောက်ဦးပြည်သူ့ဆေးရုံဟာ ပြည်တွင်းစစ် မဖြစ်ခင်ကာလက အရပ်ဖက်ဆေးရုံတစ်ခုအဖြစ် ရှိနေခဲ့ပြီး
Read more

ပလက်ဝတွင် AA က ကလေးငယ်များကို ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပေး

အာရက္ခတိုင်းမ်စ် (၉ ဒီဇင်ဘာ ၂၀၂၅) ပလက်ဝခရိုင်အတွင်းရှိ ပလက်ဝနဲ့ ဆမီးမြို့နယ်တွေမှာ မွေးကင်းစ ၂ လသားအရွယ်ကနေ ၅ နှစ်အရွယ်ထိ ကလေးငယ်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဒုတိယအကြိမ် ကာကွယ်ဆေး အခမဲ့ ထိုးပေးနေတယ်လို့ သိရပါတယ်။ အဆိုပါ ကာကွယ်ဆေးကို ဒီဇင်ဘာလ ၇ ရက်က စတင်ကာ
Read more

ကျောက်ဖြူ စစ်ရှောင် ၇ ထောင်ကျော် အတွက် ရိက္ခာများ လိုအပ်နေ

အာရက္ခတိုင်းမ်စ် (၅ ဒီဇင်ဘာ ၂၀၂၅) ရက္ခိုင်ပြည်အတွင်း ဖြစ်ပွားလျက်ရှိနေတဲ့ တိုက်ပွဲတွေကို တိမ်းရှောင်ရင်း ကျောက်ဖြူမြို့မှာ  ခိုလှုံနေရတဲ့ စစ်ဘေးရှောင် ၇ ထောင်ကျော်အတွက် ဆန်ရိက္ခာတွေ လိုအပ်နေတယ်လို့ ရမ္မာမြေစစ်ဘေးကူညီရေး(ရမ္မာ မြီပရဟိတ) အဖွဲ့က ဆိုပါတယ်။ အဆိုပါ အဖွဲ့ဟာ စစ်ဘေးရှောင်တွေကို ကူညီခဲ့တာ ၂ နှစ်
Read more

လသားအရွယ်ကလေးများကို AA ကာကွယ်ဆေး ထိုးပေးနေ

အာရက္ခတိုင်းမ်စ် (၄ နိုဝင်ဘာ ၂၀၂၅) ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေတွင် အာရက္ခပြည်သူ့ကျန်းမာရေးဌာနကဦးစီးပြီးတော့ လသားအရွယ်ကနေ ၂ နှစ် ၅ လ သားအထိ ကာကွယ်ဆေး ထိုးပေးနေတယ်လို့ သိရပါတယ်။ “ ထိုးပေးတဲ့ ဆေးတွေကတော့ ဂျပန်ဦးဏှောက်ရောင်ကာကွယ်ဆေး (Japanese encephalitis vaccine)၊ ဝက်သက် ပါးချိတ်ရောင်
Read more

စစ်တွေမြို့က ကယ်ဆယ်ရေးစခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု ပုံမှန် မရောက်

အာရက္ခတိုင်းမ်စ် (၁၆ အောက်တိုဘာ ၂၀၂၅) ရက္ခိုင်ပြည် စစ်တွေမြို့ရှိ ကယ်ဆယ်ရေးစခန်းတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပုံမှန်မရောက်ရှိဘူးလို့ ကယ်ဆယ်ရေးစခန်းမှ စစ်ဘေးရှောင်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ လက်ရှိ စစ်တွေမြို့က ကယ်ဆယ်ရေးစခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ICRC အပြင် NGO အဖွဲ့တချို့က သူနာပြု ဆရာ၊ ဆရာမတွေ
Read more

မောင်တောတွင် လူ ၁၀၀ မှာ ၁၇ ယောက်က ငှက်ဖျားပိုး တွေ့ခဲ့တယ်လို့ HDCO ပြော

အာရက္ခတိုင်းမ်စ် (၃၀ စက်တင်ဘာ ၂၀၂၅) အစွလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင် တပ်ဖွဲ့တွေကြောင့် လုံခြုံရေး စိုးရိမ်ရပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတဲ့ မောင်တောမြို့မှာ ကျန်းမာရေးဝန်ဆောင်မှုရဖို့ အလွန်ခက်ခဲနေတာ ဖြစ်ပါတယ်။ အဓိကအားဖြင့် လူနည်းစုဖြစ်တဲ့ မြိုလူမျိုးတွေ နေထိုင်တဲ့ ကျေးရွာတွေကို ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး လူသားချင်းစာနာထောက်ထားရေးနှင့်
Read more

ကြက်ဟင်းခါးသီးနှင့် ကျန်းမာရေး

ကြက်ဟင်းခါးသီးကို ပြုတ်တို့၊ ကြော်လှော်ချက်ပြုတ်ခြင်း အစရှိသဖြင့် နှစ်သက်သလို စားသုံးနိုင်သည်။ ကြက်ဟင်းခါးသီးကိုစားလျှင် အကြောတက်တတ်သည်။ သို့ရာတွင် အစေ့ညှာတိုင်နှင့် အစေ့ကိုဖယ်ရှားပြီး အသားကိုစားလျှင် အကြောမတက်ပါ။ ကြက်ဟင်းခါးသီးနှင့် မတည့်သော အစားအစာများမှာ မှိုနှင့် ကြက်သားတို့ ဖြစ်သည်။ အကြောတက်၊ အော့အန် တတ်သည်။ ကြက်ဟင်းခါးသီး၏ အခါးဓာတ်ကို လျော့ချလိုပါက
Read more

ရက္ခိုင်ပြည် ၁၂ မြို့နယ်တွင် ခြင်ထောင် ၇ ထောင် နီးပါး HDCO ထောက်ပံ့

အာရက္ခတိုင်းမ်စ် (၁၈ စက်တင်ဘာ ၂၀၂၅) ရက္ခိုင်ပြည်က မြို့နယ် ၁၂ မြို့တွင် ခြင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါ ကာကွယ်နိုင်ရန် HDCO က ခြင်ထောင် အလုံးပေါင်း ၇ ထောင် နီးပါး ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ “ အာရက္ခပြည်သူ့ကျန်းမာရေးဌာနနဲ့ အခြားဌာနဆိုင်ရာများ ပူးပေါင်းပြီး
Read more

စစ်တွေဆေးရုံမှာ ဆေးမလုံလောက်တဲ့အတွက် တန်းစီစနစ်နဲ့သာ ခွဲစိတ်မှုလုပ်ပေး

အာရက္ခတိုင်းမ်စ် (၂၅ ဩဂုတ် ၂၀၂၅) ရက္ခိုင်ပြည် စစ်တွေမြို့နယ်က ဆေးရုံမှာ ဆေးဝါးလုံလောက်မှုမရှိတာကြောင့် တန်းစီစနစ်နဲ့သာ ခွဲစိတ်ကုသမှု ပြုလုပ်ပေးနေကြောင်း ဒေသခံတွေထံက သိရပါတယ်။ ဒါကြောင့် ခွဲစိတ်ကုသမှုခံယူရမယ့် လူနာရဲ့ အခြေအနေအပေါ်မူတည်ကာ ဆေးရုံတက်ခိုင်းပြီး သက်သာအောင် ဆေးပေးကုသပေးထားကာ ခွဲစိတ်ဖို့ အလှည့်ကျရောက်မှသာ ခွဲစိတ်ပေးကြောင်း စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို
Read more

ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့က သံတွဲပြည်သူ ၂၀၀၀ ကျော်ကို အခမဲ့ဆေးကုသပေး

အာရက္ခတိုင်းမ်စ် (၂၅ သြဂုတ် ၂၀၂၅) ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ့အနေနဲ့ ရက္ခိုင်ပြည် သံတွဲမြို့နယ်က ဒေသခံပြည်သူ ၂၀၀၀ ကျော်ကို အခမဲ့ ဆေးကုသပေးခဲ့တယ်လို့ သိရပါတယ်။ “ စကုသကတည်းက ခုချိန်ထိဆိုရင် လူဦးရေက ၂၁၅၄ ယောက်ပေါ့နော်။ ကျနော်တို့ ကုသပေးခဲ့ပါပြီ။ ကျနော်တို့ အခမဲ့ပေါ့နော် အကုန်လုံး အဲလောက်ကို
Read more