ကျောက်ဖြူအကျဉ်းထောင်ကို စကမ တင်းကျပ်၊ ဆေးကုသခွင့်မရလို့ ရက္ခိုင်အကျဉ်းသားတဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၁၅ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်ရှိ အကျဉ်းတေထာင်ကို စစ်ကော်မရှင်က လုံခြုံရေးတင်းကျပ်ထားပြီး အကျဉ်းသားတွေကို ဆေးကုသခွင့်မပေးလို့ ရက္ခိုင်အကျဉ်းသာတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်က အကျဉ်းသား ၅ ယောက် ထွက်ပြေးပြီးနောက် ကျောက်ဖြူအကျဉ်းထောင်ကို လုံခြုံရေးတင်ကျပ်လိုက်ပြီး ဆေးကုခွင့်တွေပါ ပိတ်ပင်ထားတာလည်း ဖြစ်ပါတယ်။

ကျောက်ဖြူအကျဉ်းထောင်တွင် ဆေးကုသခံယူမှု မရရှိလို့ သေဆုံးသွားသူမှာ ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် ဂုံးချွိန်ရွာက အသက် ၂၈ နှစ်အရွယ် ကိုငမှိုင်း ဖြစ်တယ်လို့ သိရပါတယ်။

“သူက ရောဂါအခံရှိတယ်။ လေးဘက်နာရောဂါပေါ့။ သူတို့တွေက ငါးဖမ်းနေတာမှာ ဖမ်းခံထားရတာ၊ ဆုံးတာက ၁၂ ရက်နေ့က” လို့ ကျောက်ဖြူမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည် ပင်လယ်ပြင်တွင် ငါးဖမ်းနေတဲ့ ရက္ခိုင်ရေလုပ်သားတွေကို စစ်ကော်မရှင်ရဲ့ ရေတပ်ကနေ မကြာခဏဆိုသလို ဖမ်းဆီးပြီး ကျောက်ဖြူကို ဖမ်းဆီးခေါ်ဆောင်တာတွေလည်း ဆက်တိုက် ပြုလုပ်နေတယ်လို့ သိရပါတယ်။

အလားတူ ရက္ခိုင်ပြည်၊ စစ်တွေအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား နှစ်ဦး ဆေးကုသခွင့်မရတဲ့အတွက် သေဆုံးခဲ့ပါသေးတယ်။

Related posts

ကျောက်တော်က ရေမြုပ်ခဲ့ သောက်ရေကန်တွေကို ပြန်လည်တူးဖော်

ရှေးဟောင်းပစ္စည်း အပ်နှံခဲ့တဲ့ မြေးအဖိုးကို AA ဆုချီးမြှင့်

ဘူးသီးတောင်တွင် မူဆလင်စစ်သည်များပါ ပါဝင်ကူညီလုပ်ဆောင်ပေး