News

ကပစ ၁၆ နီးရှိ ကာကင်းစခန်း ၇ ခုအထိ AA သိမ်းပိုက်

အာရက္ခတိုင်းမ်စ် (၁၅ ဖေဖော်ဝါရီ ၂၀၂၆) ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံအနီးရှိ ကာကင်းစခန်း ၇ ခုအထိ အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။ “ ၆၆၆ ကုန်းကို သိမ်းပြီးနောက်မှာ နောက်ထပ် ကာကင်း ၇ ခုကို ဆက်တိုက် သိမ်းတယ်။ အခုဆိုရင် စကမက ကပစ ၁၆ ကို ကုန်မထုတ်တော့ပဲ စစ်ဆင်ရေးစခန်းအသွင် ပြောင်းထားတယ်”  လို့ စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ အမှတ် (၁၆) ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံကို နေပြည်တော်စစ်ရုံးကနေ ကုန်ထုတ်လုပ်မှု ရပ်ခိုင်းလိုက်ပြီး အသေခံ ခုခံတိုက်ခိုက်ရန် စစ်စခန်း ပြင်ဆင်ခိုင်းထားတာလည်း ဖြစ်ပါတယ်။ “ ကျနော်သိသလောက်ဆိုရင် ကပစ ၁၆ ကို ရောက်ဖို့ ကာကင်းအနည်းငယ်နဲ့ ကြားမှာ စခန်းကြီးတခုပဲ ရှိတော့တယ်”  လို့ သူက အာရက္ခတိုင်းမ်စ်ကို ထပ်မံပြောပါတယ်။ ကပစ ၁၅ အနီးတွင် ကာကင်းစခန်းတွေဖြစ်တဲ့ ပွိုင့် (၃၅၃)၊ ပွိုင့် (၂၈၈) နဲ့ ပွိုင့် (၅၀၆) စခန်းကုန်းတို့ ကျန်ရှိနေတာလည်း ဖြစ်ပါတယ်။ စစ်ကော်မရှင်ရဲ့ ကပစ ၁၆ ဟာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး လက်အောက်ခံ ကပစ တွေထဲက တခုဖြစ်ပြီး စစ်ဗျူဟာအရ အရေးပါတဲ့ လက်နက်ခဲယမ်း ထုတ်လုပ်ရေးစက်ရုံ တခုလည်း ဖြစ်ပါတယ်။ ပန်းတောင်းမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ အမှတ် (၁၆) ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံဟာ ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာရှိပြီး ရက္ခိုင်ပြည်နဲ့ ပဲခူးတိုင်းအစပ်မှာ တည်ရှိတာကြောင့် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေအတွက် ရက္ခိုင်ကနေ အလယ်ပိုင်းကို ထိုးဖောက်ဖို့ လမ်းကြောင်းသစ်တခု ဖြစ်လာနိုင်တယ်လို့လည်း စစ်ရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။  စစ်ကော်မရှင်ဟာ ကပစ ၁၆ မကျဆုံးစေရေးအတွက် လေကြောင်းပစ်ကူ ပြင်းပြင်းထန်ထန် အသုံးပြုလာနိုင်လို့ ကပစ ၁၆ အနီးပတ်ဝန်းကျင်က ဒေသခံပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ကြိုတင် တိမ်းရှောင်ကြဖို့လိုတယ်လို့လည်း သူက ပြောပါတယ်။
Read more

မရဏနာရီ (ဒုတိယပိုင်း)

  အာရက္ခအားမာန်ရဲဘော်ကျော်ဟန် (အပိုင်း ၂၆)   ဌေးဝင်း အသားက ခပ်ညိုညို။ အရပ်က နည်းနည်း မြင့်မြင့် ဆံပင်ကတော့ ထောင်ပုံစံ တိုနံ့နံ့နဲ့။ အမိန့်ချ မခံရသေးတော့ အရပ်ဝတ်အင်္ကျီ ရှပ်လက်ရှည် ကွက်ကြားကြီးကို လက်ခေါက်ပြီးဝတ်ကာ လုံချည်ကို လယ်သမားတွေ ဝတ်သလို ခပ်တိုတိုဘဲ ဝတ်ထားတယ်။ လက်မှာလည်း ခြင်္သေ့သုံးကောင် ဖက်ကြမ်းဆေးပေါ့လိပ်ကို ညှပ်ထားပြီး တချက်ချက် အားရပါးရ ရှိုက်ဖွါလိုက်သေးတယ်။ သူက ဆက်ပြောတာက “ဒီလို အတော်လေး ခေါင်းပေါ်ထဲကဆိုတော့ နေရာတကာတိုင်းမှာ ပါတယ်။ မရောက်တဲ့ နေရာမရှိ။ ကုလားပြဿနာ ဖြစ်တော့လည်း ပါတယ်။ ဒီလိုနဲ့ ရှစ်လေးလုံးဖြစ်တော့ ဖိုးတက်ကြွ ကျနော် ပါသွားပြန်ရော။ ရှစ်လေးလုံးက ရန်ကုန်မှာ ရှစ်ရက်နေ့ (၈. ၈. ၈၈) မှာ ဖြစ်ပေမဲ့ စစ်တွေမှာတော့ ၉ ရက် ဩဂုတ်လမှာဘဲ စဖြစ်တာ။ ချိန်းထားတဲ့နေရာမှာ ကျောင်းသားတွေဟာ ခွပ်ဒေါင်းအလံကို မထူဝံ့ဘဲ ဖြစ်နေကြတယ်။ ကျနော်က ငါ ထူတယ်ကွာဆိုပြီး အလံကို ဝါးလုံးမှာချိတ်ဆွဲပြီး မြို့နယ်ကောင်စီရုံးရှေ့က အလံတိုင်မှာ သွားတင်ပေးခဲ့တာ”   “အေး ငါ ယုံတယ်။ သိန်းအောင်ကျော်က ရဲတယ်။ သတ္တိရှိတယ်ဆိုတာ ကရာတေး ကစားတဲ့အခါမှာလည်း ငါတို့ မြင်တွေ့နေကျဘဲလေ” “အမှန်ကတော့ ရဲတာ သတ္တိရှိတယ်ဆိုတာက အမျိုးသားရေးဆိုတဲ့ စိတ်သန္ဓေက ကျနော့်ရင်ဘတ်ထဲမှာ အမြဲတမ်း ကိန်းအောင်းနေတယ်။ မခံချင်စိတ် ရှိတယ်ပေါ့။ အမြဲတမ်း တွန်းလှန်ချင်စိတ်။ တော်လှန်လိုစိတ် ရှိနေတာ။ လူငယ်အများစုကလည်း တခုခုဖြစ်ရင် ကိုသိန်းအောင်ကျော် ကျနော်တို့ ဘာလုပ်ရမလဲ လာလာပြီး မေးကြတယ်။ တိုင်ပင်ကြတယ်။ ကျနော့်ညီ သူငယ်ချင်း ညီမရဲ့ သူငယ်ချင်းတွေကအစ။ ဒါ့ပြင် ကျနော့်အကိုလတ်ရဲ့ သူငယ်ချင်းတွေကပါ အားလုံးက ကျနော့်သူငယ်ချင်း ဖြစ်နေတယ်။ ကုန်ကုန်ပြောရရင် ဈေးက ပွဲစားလောကထိ။ ငါးဈေးတန်းထိ။ ကျနော့်ကို သိကြတယ်။ ကျနော့်အဖေကလည်း ဟိုတုန်းက ပြောက်ကျားတွေကိုး။ မိဘက ပြောက်ကျားတွေဆိုတော့ ဒီအသွေးအသား ခံယူချက်တွေက ကျနော့်ရဲ့ သွေးထဲမှာ ဖျောက်ဖျက်မရဘူး။ ဆက်လက်စီးဆင်းနေတာပေါ့။ အာဏာပိုင်အစိုးရကို မကျေနပ်တာကို သိတယ်။ နေရင်းထိုင်ရင်း အလိုလိုကို မကျေမနပ်ကို ဖြစ်နေတာ။ ကိစ္စတခုခု ပေါ်လာပြီဆိုရင် ဥပမာ မင်းပြားကိစ္စ ဖြစ်တုန်းကဆို ကျနော်ဟာ ဆိုက္ကားသမားကိုလည်း ကျနော်ဟောတာဘဲ။ မြေအောက်သမားတွေနဲ့ ကျနော် အဆက်အသွယ်ရှိလားဆိုတော့ မရှိဘူး။ မရှိ‌ေပေမဲ့ ယူဂျီထဲမှာ သူငယ်ချင်းတွေ ရှိနေကြပြန်တယ်။ ဥပမာ ကိုကျော် ယူဂျီလုပ်နေတာကို ကျနော်မသိတာမျိုးပေါ့။ ရှစ်ဆယ့်ရှစ်မှာ လျှို့ဝှက်လုပ်က်တဲ့ အစည်းအဝေးဆိုလည်း ကျနော်ပါတာဘဲ။ အဲဒီလို။ အဲဒီလို ဖြစ်နေတာ” “ငါတို့ မြေအောက်ယူဂျီအလုပ်ဆိုတာကလည်း လူမသိအောင် ခြေသံလုံအောင်နေနိုင်မှ ရှင်သန်နိုင်တာကိုး။ ခု ငါ့ဘဲကြည့်လေ. ကိုယ့်လုပ်ဖော်ကိုင်ဖက်က အင်ဖော်မာဖြစ်နေတော့ ဂျေးအောင်းရတာဘဲ မဟုတ်လား သိန်းအောင်ကျော်။ ငါတို့မှာက ရန်သူဆိုတာ ကိုယ့်နဲ့ အနီးကပ်ဆုံးမှာ ရှိနေတတ်လို့ ကိုယ့်အရိပ်ကိုယ်တောင် သံသယနဲ့ကြည့်ပြီး လှုပ်ရှားရတဲ့ အလုပ်မျိုးလေ။ ဒါနဲ့ ငါ့ညီတို့က ရှစ်လေးလုံးကာလမှာ ဘယ်လိုဘယ်လို ဒီအမှုက ဖြစ်ရတာလဲ”   “ပြောရရင် ကိုကျော်ရေ။ အဲဒီနေ့ ဝင်္ကဘာကွင်းမှာ တရားပွဲဖြစ်တယ်။ အဲဒီနေ့အခြေအနေက စစ်တွေတမြို့လုံးက ဆန္ဒပြနေကြတာကိုး။ ကျနော်တို့လည်း ဦးဆောင်အဖွဲ့မှာ ပါတာ‌ပေါ့လေ။ ဒီတော့ ဘယ်နေ့ ဘာလုပ်မယ်။ ဘာအစီအစဉ် လုပ်မယ်ဆိုတာတွေကို စီစဉ်ရတဲ့ ကော်မတီဝင်ပေါ့။ ဘာမှမဆိုင်တဲ့ အပြင်လူတော့ မဟုတ်ဘူးပေါ့။ သပိတ်ကော်မတီမှာက ထောင့်စုံက ပါကြတယ်ပေါ့။ ဘုန်းကြီးတွေ ကျောင်းသားတွေ အရပ်ထဲက တက်ကြွလူငယ်တွေ နိုင်ငံရေးသမားတွေ အစုံပါကြတယ်။ သူ့စစ်ကြောင်းနဲ့သူ ဝင်္ကဘာကွင်းကို ဦးတည် ချီတက်ကြတယ်။ လူကြီး လူငယ် လူလတ် အလွှာစုံ ချီတက်ကြတာ။ အရမ်းစည်တယ်။ စည်ရတာက အဲဒီနေ့က အထွေထွေသပိတ် ပြုလုပ်တဲ့နေ့။ (၂၅. ၈. ၈၈) ရက်နေ့ပေါ့။ မြို့နယ်ပေါင်းစုံက လာစုကြတာ။ ရသေ့တောင်က မြအေးသိန်းတို့ ဘာတို့ လာတဲ့နေ့ပေါ့။ ရက္ခိုင်ပြည်မြောက်ပိုင်းက သပိတ်စုံ လာဆုံကြ စုကြတဲ့နေ့ပေါ့။ အဲဒီမှာ ကျနော်က အခမ်းအနား ပြင်ဆင်ရေးမှာပါတယ်။ မိုက်တွေ ဆင်ရတယ်။ ပြီးတော့ လုံခြုံရေးဘက်လည်း ဝင်ပါရတယ်။ ကြိုတင်လာပြီးတော့ လုပ်စရာရှိတာ လုပ်ကြရသူတွေပေါ့။ ကျောက်တိုင်အောက်ကနေ လုံခြုံရေးယူထားတယ်” “အင်း.. ကရာတေးသမား လက်ဝှေ့လည်းထိုးတတ်သူ လုံခြုံရေးတာဝန်ယူတာ ကောင်းတာပေါ့ သိန်းအောင်ကျော်။ ဒါနဲ့ ဘာတွေများ ထူးထူးခြားခြား ကြုံခဲ့ရလဲ ကွ”   “ထူးပြီလား ကိုကျော်ရေ… ထူးသမှ ထူးလွန်းလို့ ခုလို ထောင်ထဲ ရောက်သွားတာပေါ့ဗျာ”   “အေး.. စိတ်ဝင်စားစရာဘဲ။ ငါ့ကို ပြောပြပါလား” “အေးလေ. ကိုကျော် စိတ်ဝင်စားရင် ပြန်ပြောရတာပေါ့”   လို့ ဆိုရင်း သိန်းအောင်ကျော်သည် သူ့လက်ထဲက ဆေးပေါ့လိပ်ကို ပါးစပ်ထဲထည့်ကာ အားပါးတရ ဖွါရှိုက်လိုက်တယ်။ ဆေးလိပ်သမားဆိုတာကလည်း သူတို့အတွက် ဒီဆေးလိပ်အငွေ့လေး တရှိုက်ဟာ သူတို့ရဲ့ ခွန်အားကို ဖျတ်ကနဲ လန်းဆန်း လတ်ဆတ်သွားကြသလား မသိ။ ငါလည်း သူ စတင်ပြောလာမဲ့ စစ်တွေမြို့မှာ ဖြစ်ပွါးခဲ့တဲ့ ရှစ်လေးလုံးသမိုင်းထဲက ရုပ်ပုံလွှာ အပိုင်းအစတခုကို ကြားချင်စိတ်နဲ့ ငံ့လင့်နေခိုက်။ သိန်းအောင်ကျော်ကိုယ်တိုင်ကလည်း သူ့မီးခိုးငွေ့‌နောက်မှာ သူ့အတွေးများ လိုက်ပါသွားသလား ထင်ရလောက်အောင် ငြိမ်သက်သွားတယ်။ ဘုရားဝင်းတခုလုံးလည်း လေတိုးသံ သဲ့သဲ့။ ပတ်ဝန်းကျင်က ငှက်တို့ရဲ့ အသံတချို့ကို ကြားနေရ။ ခပ်လှမ်းလှမ်းက အကျဉ်းသားတွေရဲ့ စကားပြောသံတွေကို ကြားနေရသော်ငြား ငါနဲ့သူ နှစ်ယောက်ကြားမှာ သမိုင်းတခုကို မကြားရခင် ကြီးမားသော တိတ်ဆိတ်မှုကြီးက ဖုံးလွှမ်းထားတယ်။ ငါးမိနစ်ခန့် ငြိမ်သက်နေပြီးမှ   “အဲဒီအချိန်မှာ လူကြီးတယောက်က လာပြောတယ် ကိုကျော်။ ဟေ့ကောင်တွေ မင်းတို့ သတိဝိရိယနဲ့ လုပ်ကြ။ ငါတို့ကို ထောက်လှမ်းရေးက ဓာတ်ပုံရိုက်နေတာ ငါတွေ့ခဲ့တယ်။ သူတို့ အထိုင်ချတဲ့ နေရာက ဝင်္ကဘာကွင်းနဲ့ မျက်နှာချင်းဆိုင် လမ်းထောင့်က အိမ်မှာဘဲလို့ လာပြောတယ်။ ဒါကြောင့် သပိတ်အဖွဲ့က အဲဒီထောက် လှမ်းရေးတွေနဲ့ သွားပြီးဆွေးနွေးတယ်။ သူတို့ စတည်းချတဲ့အိမ်ကို တက်သွားပြီး ဆွေးနွေးတာပေါ့။ ခင်ဗျားတို့ အဲသလိုမလုပ်နဲ့။ ပြည်သူတွေ ကြောက်သွားအောင် မလုပ်ကြနဲ့။ ဘာညာပေါ့” ဒါကို ပြည်သူတွေက သိသွားတယ်။ သိသွားတော့ အဲဒီအိမ်ကို လူတွေက သွားဝိုင်းကြတယ်။ အိမ်ကလည်း လမ်းထောင့်မှာ ရှိတယ်။ ထောင့်ဆိုတော့ သူတို့လည်း ချက်ချင်း ပြေးလို့မလွတ်နိုင်ဘူး။ သပိတ်ကော်မတီက သူတို့ကို ပြောတာက “မင်းတို့ လူထုကို ဝန်ချတောင်းပန်လိုက်ပါ” လို့ ဆွေးနွေးညှိနှိုင်းတာကို သူတို့က ဖောလျှောလုပ်ပြီး ခေါင်းညိတ်တယ်။”   “ကျနော်ကိုယ်တိုင်လည်း အဲဒီအိမ်ရဲ့ ဝရံတာက ထွက်ပြီး ဒေါသထွက် ဆူညံပွက်နေတဲ့ လူအုပ်ကြီးကို စိတ်ထိန်းကြဖို့နဲ့ ကျနော်တို့ သပိတ်တိုက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်း ဆက်လုပ်နိုင်ဖို့ ဟစ်အော်ပြီး လူထုကို ပြောခဲ့တယ်။ အဲလိုပြောပြီး အိမ်ထဲကို လှည့်အဝင် ကျနော့်ခေါင်းကို တည့်တည့်မတ်မတ်ကြီး အုတ်ခဲကျိုးပိုင်းတလုံး လူအုပ်ထဲက ပစ်တာကို ခံလိုက်ရတယ်။ လေသံကို ဝှစ်ကနဲ ကြားပြီး ရှောင်လိုက်နိုင်လို့သာပေါ့။ နို့မဟုတ်ရင် ထောက်လှမ်းရေးထက်အလျင် ကျနော် မာလကီးယားမလားဘဲ ကိုကျော်ရေ”  “
Read more

ရက္ခိုင်တွင် စစ်ရှုံးခဲ့တဲ့ ဒုတိယဗိုလ်မှူးကြီး ၃ ဦးကို စကမ သေဒဏ်ပေး

အာရက္ခတိုင်းမ်စ် (၁၄ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် ​မြောက်ပိုင်း တိုက်ပွဲများအတွင်း စစ်ဆင်​ရေးအ​ခြေအ​နေအရ ဆုတ်ခွာခဲ့ကြ​တဲ့ ဒုတိယဗိုလ်မှူးကြီးအဆင့် အရာရှိကြီး (၃) ဦးကို စစ်ကော်မရှင်က ​သေဒဏ် နဲ့ ​ထောင်ဒဏ်များ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ဒကစ (စစ်​တွေ) တွင် စစ်တရားရုံးတင် စစ်​ဆေး​နေ​တဲ့ ဘူးသီးတောင်မြို့ အခြေစိုက် ခလရ (၂၆၃) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဆန်းကျော်သူ ကို တပ်မ​တော်အက်ဥပ​ဒေ ပုဒ်မ-၃၂ (က) နဲ့ ၃၂ (ဎ) အရ ​သေဒဏ်၊ ခမရ (၃၅၂) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တိုးဝေမြင့် နဲ့ စကခ (၁၉) မှ ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဇင်သန့် တို့ကို ပုဒ်မ-၃၂ (က) နဲ့ ​ထောင်ဒဏ် နှစ် ၂၀၊ အသီးသီးချမှတ်ခဲ့တယ်လို့လည်း သိရပါတယ်။ အဆိုပါ အရာရှိကြီး (၃) ဦးဟာ ၂၀၂၄ ခုနှစ် မေလက ဘူးသီး​တောင်တိုက်ပွဲများတွင် စကခ (၁၅) မှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း (လက်ရှိ-စစ်သုံ့ပန်း) နဲ့ ပြဿနာဖြစ်ပွားခဲ့ပြီးနောက် ဒကစ (စစ်တွေ) ကို ဖမ်းဆီး ပို့ဆောင်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ထို့အပြင် ၂၀၂၄ ခုနှစ် ဇွန်လက အာရက္ခတပ်တော် (AA) နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်တော်တိုက်ပွဲကနေ ဆုတ်ခွာလာခဲ့တဲ့ ဗျူဟာမှူးအဆင့် (၁) ဦး၊ ဗိုလ်ကြီးအဆင့် (၃) ဦး ကိုလည်း သေဒဏ်များ ချမှတ်ခဲ့ပါတယ်။ အလားတူ “ ၁၀၂၇ စစ်ဆင်ရေး”  ဒုတိယပိုင်း ပြင်းထန်နေချိန် နောင်ချိုမြို့နယ် သံဘိုရွာစစ်ဆင်ရေးကနေ ဆုတ်ခွာခဲ့တယ်လို့ဆိုကာ တပ်မတော်နည်းပညာတက္ကသိုလ် စာပေဌာနမှ ဒုတိယဗိုလ်မှူးကြီး (ကထိက) ၁  ဦးကိုလည်း ပုဒ်မ-၃၂ (က) နဲ့ ထောင်ဒဏ် နှစ်-၂၀ ချမှတ်ခဲ့ပါသေးတယ်။ တပ်မတော်အက်ဥပဒေ ပုဒ်မ-၃၂ (က) ဟာ စစ်ဆင်ရေးတာဝန်ကျနေရာကနေ ဆုတ်ခွာခြင်း သို့မဟုတ် အခြားတဦးဦးကို ဆုတ်ခွာရန် ဖိအားပေးခြင်း၊ တိုက်တွန်းခြင်း စတဲ့ စွပ်စွဲချက်များ၊ ပုဒ်မ-၃၂ (ဎ) ဟာ အထက်အရာရှိက ပေးအပ်တဲ့ စစ်ဆင်ရေးတာဝန်ကို လိုက်နာရန် ပျက်ကွက်မှုဆိုတဲ့ စွပ်စွဲချက်ပုဒ်မများ ဖြစ်တယ်လို့လည်း သိရပါတယ်။ Ref – MDSI
Read more

ဘူးသီးတောင်က ဝေးလံခေါင်ဖျားရှိ ကျေးရွာတွေကို မိုးကာများနဲ့ ဟင်းမျိုးစေ့ ထောက်ပံ့

အာရက္ခတိုင်းမ်စ် (၁၄ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဝေးလံခေါင်ဖျားတဲ့ ကျေးရွာတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ဌာနဆိုင်ရာအသီးသီး ပူးပေါင်းပြီး မိုးကာများနဲ့ ဟင်းမျိုးစေ့များ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ပါတီ၊ မီးသတ်၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ HDCO၊ လူငယ်စင်တာ၊ DLEPS စတဲ့ ဌာနဆိုင်ရာအသီးသီး ပူးပေါင်းကာ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဝေးလံခေါင်ဖျား ကျေးရွာတွေကို မိုးကာများနဲ့ ဟင်းမျိုးစေ့များ ထောက်ပံ့ပေးခြင်းတွေကို ကွင်းဆင်းလုပ်ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ အဆိုပါ ဝေးလံခေါင်ဖျား ကျေးရွာများတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ မီးသတ်ဌာနမှ မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ HDCO အနေနဲ့လည်း အကူညီများ လိုအပ်ပါက တင်ပြတောင်းခံနိုင်ကြောင်းနဲ့ အုပ်ချုပ်ရေး၊ DLEPS နဲ့ ပါတီ စတဲ့ ဌာနဆိုင်ရာ အသီးသီးတို့ကလည်း စိတ်ဓါတ်ခွန်အားမြှင့်တင်ရေးဆိုင်ရာ အသိပညာပေးများ ဟောပြောခဲ့တယ်လို့ သိရပါတယ်။ ဘူးသီး​တောင်မြို့နယ် လူငယ်စင်တာအဖွဲ့အနေနဲ့လည်း ကျောင်းပြီးပြီးသား လူငယ်များအနေနဲ့ ကွန်ပျူတာနဲ့ အင်္ဂလိပ်စကားပြောသင်တန်းများကို လာရောက်သင်ကြားနိုင်ကြောင်း ဖိတ်ခေါ်ခဲ့တယ်လို့လည်း သိရပါတယ်။ အလားတူ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ HDCO အပါအဝင် ဌာနဆိုင်ရာ အသီးသီးတို့ပူးပေါင်းပြီး အိမ်သာများ ဆောက်လုပ်ပေးခဲ့ပါသေးတယ်။ Res & Phorto – Golden Era Media
Read more

ရက္ခိုင်လူမျိုး မကျော့ကျော့ဝေကို သတ်ခဲ့တဲ့ခင်ပွန်းဖြစ်သူကို  ထောင်ဒဏ် ၁၁ နှစ် ထပ်မံ ချမှတ်၊ စုစုပေါင်း ထောင်ဒဏ် ၃၁ နှစ် ကျ

အာရက္ခတိုင်းမ်စ် (၁၄ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်လူမျိုး မကျော့ကျော့ဝေကို သတ်ခဲ့တဲ့ခင်ပွန်းဖြစ်သူကို  ထောင်ဒဏ် ၁၁ နှစ် ထပ်မံ ချမှတ်လိုက်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ကိုစိုးမြင့်က အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။ သေဆုံးသူ မကျော့ကျော့ဝေဟာ မာန်အောင်မြို့၊ မျှော်တော်ဦးအုပ်စု၊ ပြားကြီးကျေးရွာဇာတိဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်၊ နံနက် ၉နာရီ ၅၅ မိနစ် မှာ ထိုင်းနိုင်ငံ၊ ဖလန်းဆောင်မြို့ရှိ မြန်မာအလုပ်သမားများ နေထိုင်ရာ တန်းလျားမှာ  အသက် ၂၈ နှစ်အရွယ်ရှိ  မကျော့ကျော့ဝေကို ခင်ပွန်းဖြစ်သူ ဦးကျော်မင်းနိုင်က စကူတာ အချွန်နဲ့ ထိုးသတ်ခဲ့တာ ဖြစ်ပါတယ်။ မကျော့ကျော့ဝေဟာ ရင်အုံအလည်တွင် ထိုးသွင်းဒဏ်ရာ  ၁ ချက်၊ ဝမ်းဗိုက်တွင် ထိုးသွင်း ဒဏ်ရာ ၂ ချက် နဲ့ မိန်းမကိုယ်‌နေရာတွင် ထိုးသွင်းဒဏ်ရာ ၁ ချက် ရရှိခဲ့တာကြောင့် နေရာတွင် သေဆုံးခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၂၅ ရက်၊ ညနေ ၃နာရီတွင် ဘန်ကောက်မြို့၊ ဘန်ကဒီ (၂၅) လမ်း၊ စမဲဒမ်း၊ ဝပ်ဘန်ကဒီ ဘုန်းတော်ကြီးကျောင်းမှာ သင်္ဂြိုလ်ခဲ့ပါတယ်။ “ အဲ့ဒီကောင် ထောင်ကျသွားပါပြီနော်။ ၅ ရက်နေ့ကပါ။ ဘန်ဘော်စန်ထောင်မှာ ထပ်လို့ အနှစ် ၁၁ နှစ် ကျတာ။ စုစုပေါင်း ၃၁ နှစ်လို့ ကြားသိရပါတယ်”  လို့ ကိုစိုးမြင့်က အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။ လူသတ်မှု ကျူးလွန်ခဲ့သူကိုတော့ ဇန်နဝါရီလ ၂၂ ရက်၊ ည ၉နာရီ ၄၀ မိနစ်ဝန်းကျင်မှာ ပန်ပူလီ ကြက်မွေးမြူရေးနားက တောထဲမှာ ဖမ်းမိခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၂၄ ရက်၊ နံနက် ၈နာရီမှာ ဘန်ကောက်မြို့ရှိ တရားရုံးတခုမှာ ရုံးထုတ်စစ်ဆေးပြီး ‌ကနဦး ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အခု ဖေဖော်ဝါရီလ ၅ ရက်မှာတော့ ထောင်ဒဏ် ၁၁ နှစ် ထပ်မံ ချမှတ်ခဲ့ပြီး စုစုပေါင်း ထောင်ဒဏ် ၃၁ နှစ် အမိန့်ချမှတ်ခဲ့တာလို့ သိရပါတယ်။
Read more

သာပေါင်းတိုက်ပွဲကြောင့် စစ်ဆေးခံနေရတဲ့ စကမ အရာရှိတွေဟာ တပ်ရင်းမှူးနဲ့ စစ်ဗျူဟာမှူး ဖြစ်နေ

အာရက္ခတိုင်းမ်စ် (၁၃ ဖေဖော်ဝါရီ ၂၀၂၆) ဧရာဝတီတိုင်း သာပေါင်းမြို့နယ်တွင် အာရက္ခတပ်တော်၊ ပူးပေါင်းမဟာမိတ်တပ်တွေနဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး အဆိုပါ တိုက်ပွဲအတွင်း စစ်ကော်မရှင်ရဲ့ ကာကင်းစခန်းတွေ လက်လွှတ်လိုက်ရလို့ စစ်ကော်မရှင်တပ် အရာရှိတချို့ စစ်ဆေးခံနေရတယ်လို့ သိရပါတယ်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နဲ့ ၃၁ ရက်အတွင်း ဧရာဝတီတိုင်းက သာပေါင်းမြို့နယ် တိုက်ပွဲတွင် စစ်ကော်မရှင်ဘက်က ကာကင်းစခန်း ၃ ခုထပ်မနည်း လက်လွှတ်ဆုံးရှုံးလိုက်ရတယ်လို့ သိရပါတယ်။ အဆိုပါ ကာကင်းစခန်း ၃ ခုထပ်မနည်း လက်လွှတ်လိုက်ရလို့ ခလရ ၃၀၈ သာပေါင်းတပ်ရင်းက စစ်ဆင်ရေးကွပ်ကဲနေတဲ့ တပ်ရင်းမှူး ၁ ယောက်နဲ့ စစ်ဗျူဟာမှူး ၁ ယောက်ကို ပုသိမ်မြို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှာ စစ်ကော်မရှင်က ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။ အာရက္ခတပ်တော်၊ မဟာမိတ်ပူးပေါင်းအဖွဲ့နဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲဖြစ်ပွားရာ နေရာတွေကတော့ သာပေါင်းမြို့နယ်က သာ‌ပေါင်းလေး၊ ကျားခေါင်း၊ ကင်မွန်းခြုံ၊ သစ်ဝမ်းပူ စတဲ့နေရာပဲ ဖြစ်ပါတယ်။ အဆိုပါ တိုက်ပွဲဖြစ်ပွားရာနေရာများကို စစ်ကော်မရှင်ရဲ့ ခမရ-၃၀၈ ကနေပြီး လက်နက်ကြီးများနဲ့ ပစ်ကူပေးနေပြီး သဲဖြူ၊ မရမ်းကျင်း၊ ဖိုချောင်း‌ကျေးရွာတွေကနေ ခမရ-၃၀၈ အထိ ကင်းပုန်းများ ချထားတယ်လို့လည်း သိရပါတယ်။ ဆက်စပ်သတင်းကို https://www.facebook.com/photo/?fbid=122196998882561727&set=a.122094637034561727 တွင် ဖတ်ရှုနိုင်ပါတယ်။
Read more

မြောက်ဦးနဲ့ ကျောက်တော်ကို ဗုံးကြဲလို့ လသားအရွယ် ကလေးငယ်တဦးအပါအဝင် အနည်းဆုံး ၇ ဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၁၃ ဖေဖော်ဝါရီ ၂၀၂၆) စစ်ကော်မရှင်က ရက္ခိုင်ပြည် မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်ကို ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့က ည ၉ နာရီကျော်မှာ လာရောက်ဗုံးကြဲခဲ့လို့ ၃ လသားအရွယ် ကလေးငယ်တဦးအပါအဝင် အနည်းဆုံး ပြည်သူ ၇ ဦး‌ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ “ မနေ့ ပြည်ထောင်စုနေ့ ညနေ ၉ နာရီကျော်လောက်မှာ အကြမ်းဖက်စစ်ကောင်စီလေတပ်ကနေပြီးတော့ ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်ကို ဗုံး ၂ လုံး ကြဲချခဲ့တယ်။ အဲဒီမှာ ထိခိုက်ဒဏ်ရာ ရတာကကျရင် ပွဲချင်းပြီး ၄ ဦး သေဆုံးပြီးတော့ ၉ ယောက်ကတော့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ကျနော်တို့ သိထားရတယ်”  လို့ စာရေးဆရာ ဝေဟင်အောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်၊ ည ၉ နာရီ ၁၅ မိနစ်တွင် စစ်ကော်မရှင်လေတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅ဝဝ ဗုံးများဖြင့် ကျောက်တော်မြို့၊ ပိုက်သည်ရပ် ရပ်ကွက်နှင့် မြောက်ဦးမြို့၊ အလယ်ဈေးရပ်ကွက်တို့ကို တပြိုင်တည်း ဗုံးကြဲ တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ “ နောက်တဖက်မှာကျရင် အဲ ၉ နာရီကျော်လောက်မှာပဲ ဒီ မြောက်ဦးမြို့ပေါ်က ဝေသာလီဟိုတယ်ရှိတဲ့ အရပ်ကို လာပြီးတော့ ပစ်ခတ်တာရှိတယ်။ အဲဒီထဲမှာ ခြံစောင့်လုပ်နေတဲ့ စစ်တွေမြို့ ဗျိုင်းဖြူရွာကနေ စစ်ဘေးရှောင်ရှင်း ခြံစောင့်လုပ်နေတဲ့ မိသားစုတစု ပွဲချင်းပြီး သေဆုံးသွားခဲ့တာ ရှိတယ်။ အဲဒီထဲမှာ ထူးထူးခြားခြားအနေနဲ့ကျရင် ၃ လလောက်အရွယ်ရှိတဲ့ ကလေးလေး တဦး ပါဝင်သွားတယ်ဗျ။ ပြီးတော့ အဲ အနီးအနားပတ်ဝန်းကျင်မှာပဲ စစ်ရှောင်ပြည်သူတချို့လည်း သေတယ်လို့ ကျနော်တို့ သိထားရတယ်။ ဒါပေမယ့် တိတိကျကျကတော့ ကျနော်တို့ မသိရသေးဘူး”  လို့ စာရေးဆရာ ဝေဟင်အောင်က အာရက္ခတိုင်းမ်စ်ကို ထပ်မံပြောပါတယ်။ စစ်ကော်မရှင်ရဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့၊ ပိုက်သည်ရပ်ရပ်ကွက်နေ အသက် ၂၃ နှစ်အရွယ် ကိုဆန်းဝင်း၊ အသက် ၃၁ နှစ်အရွယ် ကိုညီချေ၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာမှ စစ်‌ဘေးရှောင်နေတဲ့ အသက် ၆၁ နှစ်အရွယ် ဒေါ်မစောလှနဲ့ အသက် ၅၃ နှစ်အရွယ် ဒေါ်အေးနုတို့ သေဆုံးခဲ့ပါတယ်။ အခုလို့ ပြည်ထောင်စုနေ့ကိုတောင်မရှောင်ဘဲ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်နေတာဟာ တနည်းနည်းနဲ့ ဂျီနိုဆိုက် လုပ်နေတာလို့ စာရေးဆရာ ဝေဟင်အောင်က ဆိုပါတယ်။ “ စစ်ကောင်စီက ဒီ ပြည်ထောင်စုနေ့ကိုတောင်မှ မရှောင်လွှဲနိုင်ဘဲနဲ့ ပြည်သူတွေကိုသတ်ဖြတ်တယ်ဆိုတော့ ဒီ ပြည်ထောင်စုကို ပျက်ရယ်ပြုတာလည်း ဖြစ်တယ်။ ပြီးတော့ သူ့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကလည်း ပီပြင်တယ်၊ ပြီးတော့ တခြားတဖက်မှာကောဆိုရင် ရက္ခိုင်ပြည်သူလူထုအပေါ်မှာကောဆိုရင် သူက အမှည့်ချွေချွေတဲ့ စနစ်မျိုးနဲ့ တနည်းနည်းနဲ့ ဂျီနိုဆိုက်လုပ်နေတယ်လို့ ပြောရင် ရတယ်”  လို့ စာရေးဆရာ ဝေဟင်အောင်က အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက် ည ၉ နာရီကျော်ကလည်း စစ်ကော်မရှင်က မြောက်ဦးဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၃၃ ဦး သေဆုံးခဲ့ရပြီး ၇၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
Read more

ရက္ခိုင်ပြည်ဖွား ခမီလူမျိုးတဦး သေဆုံးမှုအပေါ် ဆက်လက်စုံစမ်းနေ

အာရက္ခတိုင်းမ်စ် (၁၂ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည်ဖွား ခမီလူမျိုး ဦးနေထွန်းလှ သေဆုံးမှုအပေါ် ဆက်လက်စုံစမ်းနေတယ်လို့ ထိုင်းနိုင်ငံရောက် ခမီအမျိုးသားရေး ဆောင်ရွက်နေသူတဦးက ပြောပါတယ်။ သေဆုံးသူဟာ ပေါက်တောမြို့နယ်၊ ဆံတော်ရှင်ကျွန်း၊ မြင်းကပ်ကျေးရွာက ဦးနေထွန်းလှ ဖြစ်ပြီး သူဟာ ထိုင်းနိုင်ငံ၊ နခေါ့ပထုန်ခရိုင်၊ အုန်းနွဲစိုင်ဟနယ်မြေ၊ ဝေလစ်ခင် လမ်း (၃၀) ဂုန်နီအိတ်စက်ရုံကြီးအနီးမှာ ဇနီးဖြစ်သူနဲ့အတူ ဈေးဆိုင်ဖွင့်ထားတာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်၊ နေ့လည် ၁၁ နာရီမှာတော့ ဦးနေထွန်းလှဟာ သူ့ရဲ့ ဆိုင်ခန်းမှာပဲ ဓားဒဏ်ရာနဲ့‌ သေဆုံးခဲ့တာဖြစ်ပြီး မတော်တဆ ချော်လဲရာမှ ကိုယ့်ကိုကိုယ် ဓားထိုးမိပြီး သေဆုံးတာဖြစ်‌ကြောင်း သူ့ရဲ့ ဇနီးဖြစ်သူက ဆိုထားတယ်လို့ အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။ “ အခုလို ဖြစ်စဥ်မျိုး အရင်ကတော့ မရှိဖူးပါ။ မိသားစုအနေနဲ့ရော ကျနော်တို့အနေနဲ့ရော ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ဘယ်လိုသေဆုံးရတယ်ဆိုတဲ့ အမှုမှန်ကိုတော့ အတိအကျ သိချင်ပါတယ်။ အမျိုးသမီးကိုတော့ စစ်ဆေးတာတွေ ရှိပါတယ်။ အခုလောလောဆယ်တော့ အမှုမှန်ကို ရှာဖွေစစ်ဆေးနေဆဲပါ”  လို့  သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောခဲ့ပါတယ်။ အဆိုပါ အမှုနဲ့ပတ်သက်ပြီး သေဆုံးသူရဲ့ မိသားစုဝင်တွေအပြင် ထိုင်းရောက် မြန်မာတိုင်းရင်းသားအသိုင်းအဝိုင်း၊ ရက္ခိုင်လူမျိုးများ၊ ခမီလူမျိုးအဖွဲ့အစည်းများက ဦးနေထွန်းလှရဲ့ သေဆုံးမှုဟာ သွေးရိုးသားရိုး မဟုတ်ကြောင်း ယူဆသုံးသပ်ထားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မိသားစုဝင်များက အမှုဖွင့်ထားပြီး သေဆုံးသူရဲ့  ဇနီးကိုတော့ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့သလို အမှုကို  ထိုင်းရောက်အလုပ်သမားကူညီရေးအဖွဲ့ (AAC) က ဆက်လက် ကူညီဆောင်ရွက်နေတယ်လို့ သိရပါတယ်။
Read more

အဓမ္မ ပေါ်တာဆွဲ လူစုဆောင်းနေတဲ့ စကမက AA ဟာ စစ်မှုထမ်းရန် လူစု‌ဆောင်းနေတယ်လို့ စွပ်စွဲပြန်

အာရက္ခတိုင်းမ်စ် (၁၂ ဖေဖော်ဝါရီ ၂၀၂၆) လူငယ်တွေကို အဓမ္မ ပေါ်တာဆွဲကာ လူစုဆောင်းနေတဲ့ စစ်ကော်မရှင်က AA ဟာ စစ်မှုထမ်းရန် လူစု‌ဆောင်းနေတယ်လို့ စွပ်စွဲ ပြောဆိုခဲ့ပါတယ်။ PDF အဖွဲ့က အမျိုးသား ၁၆ ဦးဟာ လက်နက်၊ ခဲယမ်း‌တွေနဲ့အတူ  ဥပဒေဘောင်အတွင်းကို ဖေဖော်ဝါရီလ ၁၁ ရက်မှာ ဝင်ရောက်လာတာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ၁၆ ဦးဟာ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ အင်္ဂပူမြို့နယ် ၊ ရေကြည်မြို့နယ် နဲ့ ပုသိမ်မြို့နယ်တွေကဖြစ်ပြီး ၎င်းတို့နဲ့အတူ ပါရှိလာတဲ့ မောင်းပြန် ရိုင်ဖယ် ၂ လက်၊ လက်ပစ်ဗုံး ၄ လုံး တို့ကိုလည်း လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ ၎င်းတို့ဟာ ခရီးသွားရင်း အာရက္ခတပ်တော် AA နဲ့ PDF ပူးပေါင်းအဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး တပ်သားအဖြစ် အဓမ္မ စုဆောင်းခံရသူတွေဖြစ်ကာ စုဆောင်းခံရသူတွေ ထွက်ပြေးရင်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) က မိတဲ့အခါ ထောင်ချပြီး အာရက္ခတပ်တော် AA က မိတဲ့အခါ သတ်ခံရတယ်လို့ အဆိုပါ ဝင်ရောက်လာသူတဦးက ပြောဆိုထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဆိုပါ ၁၆ ဦး ကို စစ်ကော်မရှင်ရဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နဲ့ တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်တို့က လက်နက်၊ ခဲယမ်းများနဲ့အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူတွေကို မောင်းပြန်ရိုင်ဖယ် ၁ လက်ကို ဆုကြေးငွေ ကျပ်သိန်း ၅၀ နှုန်းနဲ့ ၂ လက် အတွက် ငွေကျပ် သိန်း ၁၀၀၊ လက်ပစ်ဗုံး ၁ လုံးကို ဆုကြေးငွေကျပ် ၃ သိန်းနှုန်းနဲ့ ၄ လုံးအတွက် ငွေကျပ် ၁၂သိန်း အပြင် အလင်းဝင်ရောက်လာသူအားလုံးအတွက် တဦးကို ငွေကျပ် ၃ သိန်းနှုန်းနဲ့ ၁၆ ဦး အတွက် ဆုကြေးငွေကျပ် ၄၈ သိန်း၊ စုစုပေါင်းငွေကျပ် သိန်း ၁၆၀ ကို ပြန်လည်ပေးအပ်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ အခုလို ထုတ်ပြန်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်‌ အာဏာသိမ်းပြီး နောက်ပိုင်းကစပြီး ဒီကနေ့အချိန်ထိ ရန်ကုန်လို မြို့ကြီးတွေအပါအဝင် မြန်မာနိုင်ငံတဝှမ်းရှိ မြို့နယ်၊ ကျေးရွာတွေက အမျိုးသားလူငယ်တွေကို အာဏာသိမ်း စစ်ကော်မရှင်က စာရင်းကောက်ခံပြီး အတင်းအဓမ္မ စစ်မှုထမ်းရန် စေခိုင်းတာ‌တွေ ရှိနေပါတယ်။ ဒါ့အပြင် လမ်းသွားလမ်းလာ လူငယ်တွေကိုလည်း ပေါ်တာဆွဲကာ ငွေညှစ်ပြီးပြန်လွှတ်ပေးတာရှိသလို ငွေကြေးမတတ်နိုင်တဲ့ လူငယ်တွေကို‌တော့ ရှေ့တန်းပို့ဆောင်တဲ့ ဖြစ်စဉ်တွေလည်း နေ့စဉ်နဲ့အမျှ ဖြစ်ပွားလျက် ရှိနေဆဲ ဖြစ်ပါတယ်။
Read more

စကမက ရက္ခိုင်နဲ့ ကချင်ကို အစိုးရအဖွဲ့အတွင်း ဘယ်လိုနေရာပေးလာနိုင်လဲ

အာရက္ခတိုင်းမ်စ် (၁၂ ဖေဖော်ဝါရီ ၂၀၂၆) စစ်ကော်မရှင်ဟာ လာမယ့် အစိုးရသစ်အဖွဲ့အတွင်း ရက္ခိုင်နဲ့ ကချင်ကို ဘယ်လိုနေရာပေးလာနိုင်လဲ ဆိုတာနဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူတွေအကြား သုံးသပ်မှု အမျိုးမျိုး ရှိနေကြပါတယ်။ ရက္ခိုင်ထဲက ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နဲ့ ကချင်ထဲက USDP ပါတီကနေ အမျိုးသားလွှတ်တော်နေရာ အနိုင်ရရှိခဲ့တဲ့ ဒေါ်ဒွဲဘူတို့ကို
Read more