News

ရက္ခိုင်တွင် ယာဉ်စည်းကမ်းချိုးဖောက်သူတွေကို ဒဏ်ကြေးဆောင်ရန် စတင်သတ်မှတ်

အာရက္ခတိုင်းမ်စ် (၁၀ ဧပြီ ၂၀၂၆) ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွင် ယာဉ်စည်းကမ်းချိုးဖောက်သူတွေကို ဒဏ်ကြေးဆောင်ရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ပို့ဆောင်ရေးဌာန၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီက စတင် သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။ အဆိုပါ ဒဏ်ကြေးသတ်မှတ်ချက်ကို ကနဦးအနေနဲ့ မြောက်ဦးခရိုင်တွင် စတင်မှာဖြစ်ပြီး ကျန်မြို့နယ်များတွင်လည်း ဆက်လက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ “ အရင်တုန်းကတော့
Read more

ကချင်အဆိုတော် ဂျက်ဆန်ထွန်း ကွယ်လွန်

အာရက္ခတိုင်းမ်စ် (၉ ဧပြီ ၂၀၂၆) မနောမြေမှတေးသံသာ တေးသီချင်းနဲ့ ပရိတ်သတ် အခိုင်အမာရရှိထားတဲ့ နိုင်ငံကျော်တေးသံရှင် ဂျက်ဆန်ထွန်း (Lahtaw Zau Lum) ဟာ ဒီကနေ့ ဧပြီလ ၉ ရက်မှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။ ဂျက်ဆန်ထွန်းဟာ ပြီးခဲ့တဲ့အပတ်က ဦးနှောက်သွေးကြောထိပြီး တပတ်ခန့်အကြာ တရုတ်နိုင်ငံမှာ
Read more

ရေသန့်ထုတ်လုပ် ရောင်းချသူများ လိုက်နာရန် စည်းကမ်းများ ULA ရဲ့ FDA ဌာန ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၉ ဧပြီ ၂၀၂၆) ရက္ခိုင်ပြည်အတွင်း သောက်ရေသန့် ထုတ်လုပ် ရောင်းချသူများ လိုက်နာရန် စည်းကမ်းချက်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနခွဲ FDA က ထုတ်ပြန်လိုက်ပါတယ်။ ရေသန့် ထုတ်လုပ်သူများအနေနဲ့ ရေအမျိုးအစားနဲ့ ပတ်သက်ပြီး အချက် ၃ ချက်၊ အဆောက်အအုံနဲ့ ပတ်သက်ပြီး
Read more

အာရက္ခတပ်တော်၏ မြို့သိမ်းတိုက်ပွဲများနှင့် မြန်မာ့နိုင်ငံရေးလည်ပြန် (၂)

(၁၇) နှစ်မြောက် အာရက္ခတပ်တော်နိ ဂုဏ်ပြုဆောင်းပါးရှည်) အာရက္ခတပ်တော် (Arakan Army-AA) ကို ၂၀၀၉ ခုနှစ်၊ ဧပြီလ (၁၀) ရက်တွင် ကချင်ပြည်နယ်၊ လိုင်ဇာ၌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဒေါက်တာညိုထွန်းအောင်တို့မှ ဦးဆောင်ကာ ဖွဲ့စည်း တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ စတင် တည်ထောင်စအချိန်တွင် လူဦးရေ (၂၆)
Read more

ဝန်ကြီးချုပ်သစ်က မအလ အလိုတော်အတိုင်း စစ်တွေတွင် သင်္ကြန်ပွဲကျင်းပရန် ပြင်ဆင်နေ

အာရက္ခတိုင်းမ်စ် (၉ ဧပြီ ၂၀၂၆) ရက္ခိုင်ပြည် ဝန်ကြီးချုပ် ဦးနိုင်ဦးက သမ္မတသစ် မင်းအောင်လှိုင်အလိုကျ စစ်တွေမြို့ တည်ငြိမ်းအေးချမ်းနေကြောင်း ပြသရန် ရည်ရွယ်ပြီး စစ်တွေမြို့တွင် သင်္ကြန်ပွဲတော် ကျင်းပရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ “ တိုက်ပွဲတွေက မြို့နားအထိ ရောက်နေပေမယ့် သင်္ကြန်ကို စည်းစည်ကားကား လုပ်ဆောင်မယ့်
Read more

ရက္ခိုင်တွင် ငွေထုတ်ခ ဆက်လက် မြင့်တက်နေ

အာရက္ခတိုင်းမ်စ် (၉ ဧပြီ ၂၀၂၆) ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွေမှာ သင်္ကြန်နီးလာတာနဲ့အမျှ ငွေထုတ်ခတွေဟာလည်း ဆက်လက်မြင့်တက်လာနေပြီး ငွေးသားတွေ ရှားပါးလာနေတယ်လို့ သိရပါတယ်။ “ အခုဆိုရင် ကျောက်တော်က ပင်ရင်းမှာတောင် ငွေထုတ်ခက ၄ ကျပ်နှုန်း ဖြစ်နေပြီ။ ဒါတောင် ငွေသားက လိုသလောက်မရဘူး။ သင်္ကြန်နားနီးလာတော့ အဝေးရောက်
Read more

ဒေသန္တရအမိန့်တွေကို ကျောသား ရင်သား မခွဲခြားဘဲ လုပ်ဆောင်ရန် မြောက်ဦးဒေသခံတွေ လိုလားနေ

အာရက္ခတိုင်းမ်စ် (၉ ဧပြီ ၂၀၂၆) အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပြန်လည်တည်ဆောက်ရေးအတွက် ထုတ်ပြန်တဲ့ ဒေသန္တရအမိန့်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ကျောသားရင်သား မခွဲခြားပဲ လုပ်ဆောင်ကြရန် လိုလားနေကြတယ်လို့ သိရပါတယ်။ “ မြို့လမ်းဧရိယာ ရှင်းလင်းရေးခေါင်းစဉ်နဲ့ တချို့အိမ်တွေ ဖြိုလိုက်ရတာ ရှိတယ်။ တချို့ဆိုင်တွေဆိုလည်း အသစ်ပြန်ဆောက်လိုက်ရတာရှိတယ်။ ပြည်သူတွေက တာဝန်ကျေကျေ
Read more

နှစ်သစ်ကူးကာလတွင် ရက္ခိုင်ပြည်သူများလိုက်နာရန် အချက် ၆ ချက် ULA ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၉ ဧပြီ ၂၀၂၆) နှစ်သစ်ကူးကာလ (သင်္ကြန်ပွဲတော်) တွင် ရက္ခိုင်ပြည်သူများ လိုက်နာရန်အတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အချက် ၆ ချက် ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။ အဆိုပါ စည်းကမ်းချက် (၆) ချက်မှာ လူအရေအတွက် အများအပြား စီးနင်းလိုက်ပါပြီး ကားများနဲ့ မြို့ပေါ်များတွင် လှည့်ပတ်ခြင်း၊
Read more

မင်းပြားကို စကမ ဗုံးကြဲလို့ ပြည်သူ တဦး ပွဲချင်းပြီးသေဆုံး၊ တဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၉ ဧပြီ ၂၀၂၆) ရက္ခိုင်ပြည် မင်းပြားမြို့နယ်၊ ပုလဲတောင် (ကပ္ပဲ့) ရွာကို ဧပြီလ ၈ ရက်၊ မနက်ပိုင်းက စစ်ကော်မရှင်တပ်ကနေ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ တဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး တဦး ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ လေကြောင်းကနေ
Read more

ရက္ခိုင်ပြည်သူများ အပူဒဏ်ကို သတိပြုရန် အာရက္ခပြည်သူ့ကျန်းမာရေးဌာန နှိုးဆော်

အာရက္ခတိုင်းမ်စ် (၈ ဧပြီ ၂၀၂၆) ရက္ခိုင်ပြည်သူလူထုအနေနဲ့ နွေရာသီရောက်လာတာနဲ့အမျှ အပူဒဏ်ကြောင့် မလိုလားအပ်တဲ့ အကျိုးဆက်များ ဖြစ်ပေါ်မှု မရှိစေရန် လိုက်နာရမယ့် အချက်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက တိုက်တွန်း နှိုးဆော်ထားပါတယ်။ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ရက္ခိုင်ပြည်သူတို့ အပူဒဏ် အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန် ပြင်ဆင်ထားရမယ့် အချက် ၅ ချက်ကို
Read more