News

ဂွမြို့ကို စကမ လေကြောင်း ရေကြောင်းကနေ ပစ်ခတ်နေ

အာရက္ခတိုင်းမ်စ်(၁၁ ဒီဇင်ဘာ ၂၀၂၅) ရက္ခိုင်ပြည် ဂွမြို့နယ်ကို စစ်ကော်မရှင်က လေကြောင်း နဲ့ ရေကြောင်းကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ကနဦး သိရပါတယ်။ “ မနက် ၉ နာရီခွဲလောက်ကတည်းက ပင်လယ်ထဲက နေဗီကနေပြီးတော့ အချက် ၃၀ ထပ်မနည်း ပစ်ခတ်နေတာ။ ဘယ်နေရာတွေကို ကျလဲတော့
Read more

စကမ ကြဲတဲ့ ဗုံးကြောင့် MUYA စေတနာ့ ဝန်ထမ်းလေးဦးလည်း သေဆုံးခဲ့

အာရက္ခတိုင်းမ်စ်(၁၁ ဒီဇင်ဘာ ၂၀၂၅) ရက္ခိုင်ပြည်၊ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူတွေထဲမှာ မြောက်ဦးလူငယ်များအစည်းအရုံး (MUYA) မှ စေတနာ့ဝန်ထမ်းများလည်း ပါဝင်တယ်လို့ အစည်းအရုံးရဲ့ ဒုဥက္ကဌဖြစ်တဲ့ ကိုအောင်စိုးက ဆိုပါတယ်။ “ ကျွန်တော်တို့အဖွဲက လုံခြုံရေးဝန်ထမ်း ကျားလေးဦးရဲ့ အိပ်နေဆောင်နား တလုံးကျတာဆိုတော့ အကုန်ပါသွားပါတယ်ဗျ။ လူငယ်ပိုင်း
Read more

မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုဖြစ်စဉ်အတွင်း ဆေးလာရောက် ကုသနေတဲ့ မူဆလင်မိသားစုလေးဦး သေဆုံး

အာရက္ခတိုင်းမ်စ်(၁၁ ဒီဇင်ဘာ ၂၀၂၅) ရက္ခိုင်ပြည်၊ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ဆေးလာရောက် ကုသနေတဲ့ မူဆလင်မိသားစုလေးဦးလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဆေးရုံကို စစ်ကော်မရှင်က မနေ့က (ဒီဇင်ဘာ ၁၀ ရက်)၊ ည ၉နာရီ ၁၃ မိနစ်မှာ ပေါင် ၅၀၀
Read more

စကမ ဟာ အထိအခိုက်များနေရင် ပြည်သူတွေကို ပစ်မှတ်ထား သတ်ဖြတ်တယ်လို့ ဦးခိုင်သုခ ဆို

အာရက္ခတိုင်းမ်စ် (၁၁ ဒီဇင်ဘာ ၂၀၂၅) စစ်ကော်မရှင်ဟာ စစ်မြေပြင်မှာ အကျအဆုံးများလာပြီး ရှုံးနိမ့်မှုတွေများလာရင် အရပ်သားပြည်သူတွေကို ပတ်မှတ်ထားပြီးတော့ တိုက်ခိုက်သတ်ဖြတ်တယ်လို့ အာရက္ခတပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဆိုပါတယ်။ “ စစ်မြေပြင်မှာ ရှုံးနိမ့်မှုတွေ အကျအဆုံးတွေများလာရင် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တာကတော့ သူတို့ရဲ့ လုပ်နည်းလုပ်ဟန် နည်းဗျူဟာတခု
Read more

မြောက်ဦးဆေးရုံ ဗုံးကြဲခံရလို့ သေဆုံးသူများတွင် သက်ကြီးရွယ်အိုနဲ့ ကလေးတဦး ပါဝင်

အာရက္ခတိုင်းမ်စ် (၁၁ ဒီဇင်ဘာ ၂၀၂၅) ရက္ခိုင်ပြည်၊ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်တာကြောင့် သေဆုံးသူများတွင် သက်ကြီးရွယ်အိုနဲ့ ကလေးတဦး ပါဝင်တယ်လို့ စာရေးဆရာ ဝေဟင်အောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ အဆိုပါ တိုက်ခိုက်မှုဟာ မနေ့က (ဒီဇင်ဘာ ၁၀ ရက်)၊ ည ၉နာရီ ၁၃
Read more

စကမ ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူအမျိုးသမီးစာရင်းတွင် ရက္ခိုင်မှ အများဆုံးပါဝင်

အာရက္ခတိုင်းမ်စ်(၁၀ ဒီဇင်ဘာ ၂၀၂၅) စစ်ကော်မရှင် ရဲ့ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း သေဆုံးသူ အမျိုးသမီးစာရင်းမှာ ရက္ခိုင်ပြည်မှ အများဆုံး ပါဝင်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂကထုတ်ပြန်ထားပါတယ်။ ယခုနှစ် နိုဝင်ဘာလအတွင်း စစ်ကော်မရှင် ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု၊ လူနေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးပစ်ခတ်မှု၊ မတရားသတ်ဖြတ်ခံရမှု၊
Read more

သူပုန်ဖြူ ကံစမ်းမဲပေါက်သူ ၂ ဦးကို ဆုပေးအပ်

အာရက္ခတိုင်းမ်စ် (၁၀ ဒီဇင်ဘာ ၂၀၂၅) ပထမအကြိမ် သူပုန်ဖြူကဗျာစာအုပ် ကံစမ်းမဲပေါက်သူ ၂ ဦးကို IPhone 17 Pro ဖုန်း ဆုပေးအပ်ပွဲ ဒီကနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ IPhone 17 Pro ဖုန်း မဲပေါက်တဲ့ ကံထူးရှင် ၂ ဦးရဲ့
Read more

တောင်ကုတ် ပို့ဆောင်မယ့် ၁၂ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိလို့ စကမ ဆို

အာရက္ခတိုင်းမ်စ်( ၁၀ ဒီဇင်ဘာ ၂၀၂‌၅) ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့ကို ပို့ဆောင်မယ့် ငွေကျပ် ၁၂ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိခဲ့‌ကြောင်း စစ်ကော်မရှင် က ဒီကနေ့ (ဒီဇင်ဘာ ၁၀ ရက်) မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ စိတ်ကြွ‌ဆေးတွေကို ရှမ်းပြည်နယ်ကတဆင့် ရက္ခိုင်ပြည်၊
Read more

ဦးတင်ထူးအောင်ကို မတရားအသင်း ဆက်သွယ်သူဆိုပြီးကိုယ်စားလှယ်လောင်းမှ ပယ်ဖျက်

အာရက္ခတိုင်းမ်စ် (၁၀ ဒီဇင်ဘာ ၂၀၂၅) ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာအတွက် တစ်သီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးတင်ထူးအောင်ကို မတရားအသင်းဆက်သွယ်သူဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်လိုက်ကြောင်း သိရပါတယ်။ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀(ဎ) ပါ ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းတာကြောင့် ကိုယ်စားလှယ် လောင်း အမည်စာရင်းမှ ပယ်ဖျက်ခြင်းဖြစ်ကြောင်း UEC
Read more

ပလက်ဝတွင် AA က ကလေးငယ်များကို ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပေး

အာရက္ခတိုင်းမ်စ် (၉ ဒီဇင်ဘာ ၂၀၂၅) ပလက်ဝခရိုင်အတွင်းရှိ ပလက်ဝနဲ့ ဆမီးမြို့နယ်တွေမှာ မွေးကင်းစ ၂ လသားအရွယ်ကနေ ၅ နှစ်အရွယ်ထိ ကလေးငယ်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဒုတိယအကြိမ် ကာကွယ်ဆေး အခမဲ့ ထိုးပေးနေတယ်လို့ သိရပါတယ်။ အဆိုပါ ကာကွယ်ဆေးကို ဒီဇင်ဘာလ ၇ ရက်က စတင်ကာ
Read more