တောင်ကုတ် ပို့ဆောင်မယ့် ၁၂ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိလို့ စကမ ဆို

အာရက္ခတိုင်းမ်စ်( ၁၀ ဒီဇင်ဘာ ၂၀၂‌၅)

ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့ကို ပို့ဆောင်မယ့် ငွေကျပ် ၁၂ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွဆေးများ ဖမ်းမိခဲ့‌ကြောင်း စစ်ကော်မရှင် က ဒီကနေ့ (ဒီဇင်ဘာ ၁၀ ရက်) မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ စိတ်ကြွ‌ဆေးတွေကို ရှမ်းပြည်နယ်ကတဆင့် ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့ကို သယ်ဆောင် ရောင်းဝယ်တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ (နိုဝင်ဘာ ၂၉ ရက်) နံနက် ၈ နာရီမှာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ထုံးဘိုကျေးရွာအနီးကို ဝေလင်းထွန်း မောင်းနှင်ပြီး အောင်သူဖြိုးနဲ့ ပြည့်ဖြိုးဟိန်း (ခ) ဖက်တီးတို့ လိုက်ပါလာတဲ့ ALPHARD မော်တော်ယာဉ်ကို စကမရဲ့အဖွဲ့တွေက စစ်ဆေးရာမှာ စိတ်ကြွဆေးပြား ၂၃ ဒသမ ၉ သိန်းကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ဆက်လက် စစ်ဆေးချက်အရ အဆိုပါရက်မှာပဲ ပြင်ဦးလွင်မြို့နယ်၊ ခြေမြစ်ပင်ကျေးရွာအနီးရှိ ချုံအတွင်းမှ ဆာလာအိတ်များနဲ့ ထည့်ထားတဲ့ စိတ်ကြွဆေးပြား ၆၂ သိန်းကို ထပ်မံ သိမ်းဆည်းရမိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

သိမ်းဆည်းရမိတဲ့ စိတ်ကြွဆေးပြား စုစုပေါင်း ၈၅ ဒသမ ၉ သိန်းရှိပြီး တန်ဖိုးအနေနဲ့ ၁၂ ဒသမ ၈၈၅ ဘီလီယံ တန်ဖိုးရှိတယ်လို့လည်း စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ စိတ်ကြွဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူဖြစ်တဲ့ ကျော်မိုးထွန်းကို (ဒီဇင်ဘာလ ၁ ရက်)၊ ည ၁ဝ နာရီမှာ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှင်ပင်မြို့၊ ရတနာပုံရပ်ကွက်ရှိ နေအိမ်မှာ ဖမ်းမိခဲ့ပြီး ရွှေတောင်မြို့နေသူ ကျော်မောင်မောင်လှိုင် (ခ) ကိုချိုကိုတော့ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရပါတယ်။

ဖမ်းဆီးရမိသူတွေကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက် ဖော်ထုတ်လျက် ရှိတယ်လို့လည်း စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

Related posts

မြောက်ပိုင်းအဖွဲ့ကို နေပြည်တော်ဖိတ်ခေါ်မယ့်ကိစ္စ ဘယ်လိုအခင်းအကျင်းဖြစ်နိုင်လဲ

မင်းတုန်းကို ထိုးလာတဲ့ ရွေးတုအစိုးရတပ်စစ်ကြောင်းကို AA ဒရုန်းနဲ့တိုက်ခိုက် ထိခိုက်ဒဏ်ရာရသူများပြား

ရေကြည်က ၁၈၈ တောင်ကုန်းစခန်းကို AA သိမ်းပိုက်

8 Comment

https___ja_qken မတ် 12, 2026 - 5:58 မနက်

Sprawdz poradnik jaka kamera fpv na poczatek, jesli szukasz najlepszych wskazowek przy wyborze kamery FPV na start.
Lzejsze kamery pozytywnie wplywaja na manewrowosc i czas lotu drona.

Casino_iykt မတ် 24, 2026 - 12:25 မနက်

Pinco Casino открывает мир азартных развлечений с удобной платформой.
Пинко Казино
Пинко Казино — это оптимальное сочетание функциональности и выгодных условий.

Casino_jzkt မတ် 26, 2026 - 4:36 ညနေ
rent yacht montenegro 227 မေ 5, 2026 - 7:30 ညနေ

yacht charter in Montenegro https://rent-a-yacht-montenegro.com

HowardTreve မေ 14, 2026 - 6:20 မနက်

Подробности на странице: https://elicebeauty.com/parfyumeriya/filter/_m223_m303/

neoclassical.space မေ 27, 2026 - 6:36 မနက်

References:

Games online games neoclassical.space

EdgarPlott ဇွန် 3, 2026 - 3:19 မနက်

Steam Desktop Authenticator https://steamdesktopauthenticator.net is a popular solution for Steam users who need access to Steam Guard features on their computer. It conveniently verifies actions, protects your account, and manages authentication in a single app.

Add Comment