ဇန်နဝါရီ 2026

ရက္ခိုင်အပါအဝင် တိုင်းနဲ့ပြည်နယ် ၆ခုမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့

အာရက္ခတိုင်းမ်စ် (၁၀ ဇန်နဝါရီ ၂၀၂၆) ရက္ခိုင်ပြည်အပါအဝင် တိုင်းနဲ့ပြည်နယ် ၆ခုမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ Nyan Lynn Thit Analytica ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှု‌တွေဟာ ဇန်နဝါရီ ၂ ရက် ကနေ ဇန်နဝါရီ ၈ ရက်အတွင်း
Read more

အခုရွေးကောက်ပွဲက ကြံ့ဖွံ့က အခိုင်အမာပြင်ဆင်ထားပြီးမှ လုပ်တဲ့ပွဲလို့ ပြော

အာရက္ခတိုင်းမ်စ် (၁၀ ဇန်နဝါရီ ၂၀၂၆) အခုကျင်းပတဲ့ ရွေးကောက်ပွဲဟာ ကြံ့ဖွံ့က အခိုင်အမာပြင်ဆင်ထားပြီးမှ လုပ်တဲ့ပွဲပဲလို့ တရုတ်-မြန်မာအ‌ရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ဒါ့အပြင် ရက္ခိုင်မှာ တခြားအမျိုးသားရေးပါတီတွေကို ဝင်ရောက်ပါဝင် ယှဉ်ပြိုင်ခိုင်းတာကလည်း သူတို့ပါတီတခုတည်း ပြိုင်တာမဟုတ်ကြောင်းကို ပြသချင်တဲ့ ပုံစံမျိုးဖြစ်တယ်လို့ သူက ပြောပါတယ်။
Read more

AA က ငါးနဲ့ ရေသယံဇာတထိန်းသိမ်းရေးစည်းကမ်းချက်များ ချမှတ်

အာရက္ခတိုင်းမ်စ် (၁၀ ဇန်နဝါရီ ၂၀၂၆) ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေရှိ မြို့ ရွာဒေသများအတွက် ငါးနဲ့ရေသယံဇာတထိန်းသိမ်းရေးဆိုင်ရာ စည်းကမ်းချက်များကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ငါးလုပ်ငန်းနဲ့ ရေသယံဇာတများ စီမံခန့်ခွဲရေးဌာနက ချမှတ်လိုက်တယ်လို့ သိရပါတယ်။ အဆိုပါ စည်းကမ်းချက်များမှာ (၁) ရှားပါးရေသတ္တဝါများဖြစ်တဲ့ (ပင်လယ်လိပ်၊ ရေဝက်၊ ငါးမန်း၊ လင်းရှူး၊ လင်းပိုင်၊
Read more

AA က စစ်တွေ ဒကစ ကာကင်းစခန်း ၂ ခုကို သိမ်းပိုက်

အာရက္ခတိုင်းမ်စ် (၁၀ ဇန်နဝါရီ ၂၀၂၆) အာရက္ခတပ်တော်အနေနဲ့ ရက္ခိုင်ပြည် စစ်တွေမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ရဲ့ ကာကင်းစခန်း ၂ ခု ကို သိမ်းပိုက်လိုက်တာ သေချာသွားပြီလို့ သိရပါတယ်။ “ တော်ကန်နဲ့ ဂန့်ဂေါ်ကျွန်းနားက ကာကင်းနှစ်ခုကို ရတာ။ မြို့ထဲဝင်ပြေးတဲ့သူတွေလည်း ပြေး၊ ဒဏ်ရာရလို့
Read more

စကမရဲ့ ဒရုန်းအကြီးစား တစင်း AA ရရှိ

အာရက္ခတိုင်းမ်စ် (၉ ဇန်နဝါရီ ၂၀၂၆) ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ် ရိုးတောင်ကျော်လမ်းရှိ စစ်ကော်မရှင်ရဲ့ ကပစ ၁၆ ကာကင်း ပွိုင့် ၆၆၆ စခန်းကို ရိက္ခာလာပို့တဲ့ ဒရုန်းအကြီးစား တစင်းကို AA က ဇန်နဝါရီ ၆ ရက် ညနေမှာ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
Read more

ကျောက်ဖြူစစ်ရှောင်တွေအတွက် အနွေးထည်များအပြင် အိမ်သာ လိုအပ်ချက်ရှိနေ

အာရက္ခတိုင်းမ်စ် (၉ ဇန်နဝါရီ ၂၀၂၆) ရက္ခိုင်ပြည် ကျောက်ဖြူစစ်ရှောင်တွေအတွက် အနွေးထည်များအပြင် အိမ်သာ လိုအပ်ချက်ရှိနေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ စာရေးဆရာ ဝေဟင်အောင်က ဆိုပါတယ်။ ကျောက်ဖြူမြို့နယ်အတွင်းမှာ စစ်ဘေးရှောင်ဦးရေဟာ ၂သောင်းခွဲခန့်ရှိပြီး အဆိုပါ စစ်ရှောင်တွေဟာ အနည်းဆုံး နေရာ ၃နေရာမက ရွှေ့ပြောင်းနေရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
Read more

လင်းသာ ဗုံးကြဲမှုဖြစ်စဉ်တွင် သေဆုံးခဲ့သူတွေအတွက် ကုသိုလ်ပြု အမျှဝေ

အာရက္ခတိုင်းမ်စ် (၉ ဇန်နဝါရီ ၂၀၂၆) ရက္ခိုင်ပြည်၊ ငပလီမြို့၊ လင်းသာရပ်ကွက် ဗုံးကြဲမှုဖြစ်စဉ်တွင် သေဆုံးခဲ့သူတွေအတွက် ဒီကနေ့ ဇန်နဝါရီ ၉ ရက်မှာ ကုသိုလ်ပြု အမျှဝေခဲ့တယ်လို့ သိရပါတယ်။ “ ငပလီကမ်းခြေမြို့၊ လင်းသာရပ်ကွက်၊ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ရက်စက်စွာ လေကြောင်းတိုက်ခိုက်ခံရပြီး ကွယ်လွန်သွားကြသူ ဆယ်ဦးအတွက် ကုသိုလ်
Read more

AA လက်ထဲ ကပစ စက်ရုံများ မရောက်စေရေး မင်းအောင်လှိုင် ကိုယ်တိုင်မြေပြင်ဆင်းညွှန်ကြား

အာရက္ခတိုင်းမ်စ် (၉ ဇန်နဝါရီ ၂၀၂၆) ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ရှိ ကပစ စက်ရုံးများ အာရက္ခတပ်တော်လက်ထဲ မရောက်စေရေးအတွက် စစ်ကော်မရှင်ဥက္ကဌ မင်းအောင်လှိုင် ကိုယ်တိုင် ဇန်နဝါရီလ ၈ ရက်က မြေပြင်ဆင်း ညွှန်ကြားသွားတယ်လို့ သိရပါတယ်။ “ AA နဲ့ မဟာမိတ်အဖွဲ့တွေကြောင့် အသေအပျောက်တွေ များနေတာရယ်၊
Read more

စောမဲကျီဖောင်ဒေးရှင်းမှ အာရက္ခပြည်သူ့ကျန်းမာရေးဌာနကို သိန်း ၁၀၀၀ လှူဒါန်း

အာရက္ခတိုင်းမ်စ် (၈ ဇန်နဝါရီ ၂၀၂၆) လူမှုကူညီရေးဖောင်ဒေးရှင်းဖြစ်တဲ့ စောမဲကျီဖောင်ဒေးရှင်းက အာရက္ခပြည်သူ့ကျန်းမာရေးဌာနကို ငွေကျပ် သိန်း ၁၀၀၀ လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။ “ အာရက္ခပြည်သူ့ကျန်းမာရေးဌာနရှိ ကျန်းမာရေးဝန်ထမ်းများရဲ့ သာရေး၊ နာရေးကိစ္စရပ်များတွင် အသုံးပြုနိုင်ရန် ငွေးကြေးမတတ်နိုင်၊ ဆင်းရဲနွမ်းပါးတဲ့ အာရက္ခပြည်သူလူထုများ ဆေးကုသစာရိတ်ကို ထောက်ပံ့ကူညီနိုင်ရန် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုကို အားသွန်ခွန်စိုက်
Read more

ရက္ခိုင်အမျိုးသမီး မစိုးစံသူ ပိုင်ဆိုင်တဲ့ တိုက်ခန်း ပြန်လည်ရရှိဖို့ လျှောက်လဲချက်တင်မယ်လို့ဆို

အာရက္ခတိုင်းမ်စ် (၈ ဇန်နဝါရီ ၂၀၂၆) 29 ရတနာဆိုင်ရဲ့ တန်ဖိုးကြီး ပစ္စည်းများပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး ထောင်ချခံခဲ့ရတဲ့ မစိုးစံသူရဲ့ တိုက်ခန်း ပြန်လည်ရရှိဖိုအတွက် လျှောက်လဲချက် တင်မှာဖြစ်တယ်လို့ အမှုကို လိုက်ပါကူညီနေတဲ့ ကိုတင်ထူးအောင်က ဆိုပါတယ်။ “ တိုက်ခန်းကိစ္စက လျှောက်လဲချက် တင်ထားပါတယ်။ ၁၂ ရက်‌နေ့ လျှောက်လဲချက်
Read more