မေ 2026

ပုဏ္ဏားကျွန်းကို စကမ ဗုံးကြဲ(Breaking News)

အာရက္ခတိုင်းမ်စ် (၁၅ မေ ၂၀၂၆) ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့ပေါ်ကို စစ်ကော်မရှင်က ဒီကနေ့ မေလ ၁၅ ရက် မနက် ၉ နာရီလောက်မှာ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကနဦး သိရပါတယ်။ “မြို့ထဲကို ကြဲသွားတာပါ။ ၃ လုံးလောက်တော့ ရှိပါဖို့၊
Read more

မင်းပြားတွင် ဘောလုံးပွဲက ပြန်လာတဲ့ ဘုတ် နစ်မြုပ်လို့ ကလေးအပါအဝင် အမျိုးသား ၉ ဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၁၄ မေ ၂၀၂၆) ရက္ခိုင်ပြည် မင်းပြားမြို့နယ်တွင် မေလ ၁၂ ရက် ညနေက ဘောလုံးပွဲက ပြန်လာသူများ စီးနင်းလိုက်ပါလာတဲ့ ဘုတ်တစီး နစ်မြုပ်လို့ ၈ နှစ်သားအရွယ် ကလေးတဦး အပါအဝင် အမျိုးသား ၉ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မေလ
Read more

ရက္ခိုင်မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပြီး လေပြင်းအန္တရာယ် သတိထားရန်လို

အာရက္ခတိုင်းမ်စ် (၁၄ မေ ၂၀၂၆) ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်နေပေါ်တဲ့ လေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့် ရက္ခိုင်ပြည်တွင် မေလ ၁၇ ရက် မတိုင်ခင်အထိ နေရာကွက်ပြီး မိုးကြီးနိုင်ပြီး လေပြင်းအန္တရာယ် သတိထားရန်လိုလို့ သိရပါတယ်။ “ မေလ ၁၇ ရက်အထိ မိုးရွာနိုင်ပြီး ကချင်၊ စစ်ကိုင်း
Read more

AA က သွေးလွန်တုတ်ကွေး ကြိုတင်ကာကွယ်ရေး လုပ်ဆောင်

အာရက္ခတိုင်းမ်စ် (၁၄ မေ ၂၀၂၆) အာရက္ခတပ်တော်အနေနဲ့ ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွေမှာ သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်ကို ပြောပါတယ်။ “ ရပ်ရွာတွေမှာ လိုက်ပြီးတော့ တာဝန်ရှိသူတွေက ခြင်မပေါက်ဖွားအောင် ဘယ်လိုလုပ်သင့်တယ်။ ဘယ်လိုကာကွယ်ရမယ်၊ စတာတွေကို လုပ်ပေးနေသလို့ တပတ်မှာ ၆ ရက်နှုန်းနဲ့
Read more

စကမက ရက္ခိုင်တောင်ပိုင်းကို စစ်ရေးပြနေတာဟာ စစ်မြှူတာသာဖြစ်

အာရက္ခတိုင်းမ်စ် (၁၄ မေ ၂၀၂၆) စစ်ကော်မရှင်အနေနဲ့ ရက္ခိုင်ပြည် တောင်ပိုင်းကို စစ်ရေးပြနေတာဟာ စစ်မြှူတာသာဖြစ်ပြီး တကယ် ထိုးစစ်ဆင်နိုင်တာက မင်းတပ်ကနေ ပလက်ဝကိုသာဖြစ်နိုင်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။ “သံတွဲနဲ့ ဂွမှာဆိုရင် ကမ်းခြေနားကို စစ်သင်္ဘောနဲ့ ကပ်လာလိုက်၊ ရေထဲကနေ လက်နက်ကြီးနဲ့ ပစ်လိုက် လုပ်နေတာ နှစ်ချီလာပြီ။
Read more

■ အမေရိကန်နဲ့ တရုတ် ပြိုင်ဆိုင်မှုကို စစ်မခင်းဘဲ ထိန်းကျောင်းနိုင်မယ့် နည်းလမ်း

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဘေကျင်းခရီးစဉ်ဟာ အမေရိကန်နဲ့ တရုတ်အကြား ပြိုင်ဆိုင်မှုကြောင့် ဖြစ်နေတဲ့ တင်းမာမှုတွေကို အနည်းအကျဉ်း လျှော့ချပေးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အဓိကအချက်တခုကိုတော့ ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး။ အဲဒါက ဒီပြိုင်ပွဲက ဘယ်သူမှ ရုန်းမထွက်နိုင်သလို ဘယ်သူမှလည်း အပြတ်အသတ် နိုင်စရာ မရှိဘူး ဆိုတဲ့အချက်ပါ။ ထရမ့်နဲ့ တရုတ်ခေါင်းဆောင်
Read more

ဧရာဝတီတိုက်ပွဲက စကမ ရဲ့ ဒဏ်ရာရ တပ်သားတွေကို ပုသိမ်အပြင် ကွင်းကောက်တွင်ပါ ဆေးကုသပေးနေရ

အာရက္ခတိုင်းမ်စ် (၁၄ မေ ၂၀၂၆) ဧရာဝတီတိုင်းအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက ဒဏ်ရာရရှိခဲ့တဲ့ စစ်ကော်မရှင်ရဲ့ တပ်သားတွေကို ပုသိမ်မြို့အပြင် ကွင်းကောက်မြို့ကိုပါ ပို့ဆောင်ပြီး ဆေးကုသပေးနေရတယ်လို့ သိရပါတယ်။ “ ပုသိမ်က နတခ ပေါ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်က ကုတင် ၃၀၀ ဆေးရုံမှာ လူနာတွေများတော့ မနိုင်တော့ဘူး။
Read more

ဗိုလ်မှူးမောင်စောယဉ် ရဲ့ စိတ်ဓာတ်၊ လုပ်ရပ်များအပေါ် ဂုဏ်ယူ ဂါရဝပြုကြောင်း ULA/AA ဆို

အာရက္ခတိုင်းမ်စ် (၁၃ မေ ၂၀၂၆) ရက္ခိုင့်တော်လှန်ရေးအတွက် တာဝန်ကျေပွန်တဲ့ တော်လှန်ရေးသမား စစ်စစ်ဖြစ်သူ ဗိုလ်မှူး မောင်စောယဉ် ကွယ်လွန်ခြင်းနဲ့ပတ်သက်ပြီး သူ့ရဲ့ လေးစားအတုယူဖွယ်ကောင်းတဲ့ စိတ်ဓာတ်၊ လုပ်ရပ်များအပေါ် ဂုဏ်ယူ ဂါရဝပြု ဦးညွှတ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က  မေလ ၁၃ ရက်မှာ သဝဏ်လွှာ
Read more

တပ်မှူးချုပ်ထွန်းမြတ်နိုင်၏ ရာဇသံနှင့် အာရက္ခနိုင်ငံတော်အိပ်မက်ကို လှမ်းမျှော်ကြည့်ခြင်း

🖊️မင်းသုတ🖊️  ၂၀၀၉ ခုနှစ်၊ ဧပြီလ (၁၀) ရက်တွင် လူအင်အား (၂၆) ယောက်၊ လက်နက်အင်အား သေနတ်တလက်ဖြင့် စတင် ထူထောင်ခဲ့သည့် အာရ​က္ခတပ်တော် (AA) သည် ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၀) ရက်တွင် (၁၇) နှစ် ပြည့်မြောက်ခဲ့ပြီး ဖြစ်သည်။
Read more

မြောက်ပိုင်း ၃ ဖွဲ့က ငြိမ်းချမ်းရေးယူတာထက် အပစ်ရပ်ရေးပဲ လုပ်လာနိုင်

အာရက္ခတိုင်းမ်စ် (၁၃ မေ ၂၀၂၆) မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ AA, TNLA, MNDAA တို့ ၃ ဖွဲ့ဟာ အရေခြုံအသွင်ပြောင်း အစိုးရနဲ့ ငြိမ်းချမ်းရေးယူတာထက် အပစ်အခတ် ရပ်စဲရေးကိုပဲ လုပ်လာနိုင်တယ်လို့ တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ “စကားပြောတာတွေကတော့ ရှိနိုင်တယ်။
Read more