စစ်အာဏာရှင်ကို တော်လှန်နေတဲ့ အဖွဲ့အားလုံးနဲ့ ပူးပေါင်းနေတယ်လို့ KIO ပြော
အာရက္ခတိုင်းမ်စ် (၂၅-အောက်တိုဘာ-၂၀၂၄)
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်ကောင်စီအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရှိ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်နေတဲ့ နွေဦးတော်လှန်ရေး (Spring Revolution) ကာလအတွင်း တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲ့ နိုင်ငံရေးမျှော်မှန်းချက်ကို ရောက်ရှိအောင် အားစိုက်လုပ်ဆောင်နေတယ်လို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောပါတယ်။
ဒီကနေ့မှာ ကျရောက်တဲ့ (၆၄) နှစ်မြောက် KIO တည်ထောင်ခြင်းအထိမ်းအမှတ်နေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်တာဖြစ်ပြီး လက်ရှိအချိန်ဟာ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ချေမှုန်းနိုင်မယ့် အချိန်ကောင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေ ပါဝင်ထောက်ခံတဲ့ တော်လှန်ရေးဖြစ်တာကြောင့် အာဏာရှင်စနစ် အမှန်တစ်ကယ် ကျရှုံးသွားမှာ ဖြစ်ပြီး KIO ဗဟိုကော်မတီကနေ ဦးစီးဆောင်ရွက်တဲ့ လုပ်ငန်းစဉ်မှာ ပြည်သူအားလုံးနဲ့ ဌာနဆိုင်ရာတွေ အားလုံး နိုင်ငံရေး ပန်းတိုင်ရောက်အောင် ကြိုးစားပါဝင်ကြဖို့ ဗိုလ်ချုပ်ကြီးအင်ဘန်လက တိုက်တွန်းခဲ့ပါတယ်။
KIO ရဲ့ တော်လှန်ရေး ခရီးစဉ် နှစ်ပေါင်း(၆၀)ကျော်လာပြီဖြစ်ပေမဲ့ ရည်မှန်းထားတဲ့ နိုင်ငံရေးပန်းတိုင်ကို မရောက်သေးကြောင်း လက်ရှိ အခြေအနေဟာ ကျွန်တော်တို့ဆီမှာရှိသမျှ အားအင်နဲ့ ကြိုးစားအားထုတ် ယူရမယ့်အချိန် ဖြစ်တယ်လို့ ပြောပါတယ်။
ထို့ကြောင့် ခွန်အားပြည့်စုံပြီး အသက်အရွယ်ရှိတဲ့ လူတွေအားလုံးအရေးကြီးတဲ့ တော်လှန်ရေးလုပ်ငန်းစဉ်မှာ ပါဝင်လာကြဖို့ တောင်းဆိုတယ်လို့ ဗိုလ်ချုပ်ကြီးအင်ဘန်လက တိုက်တွန်းထားပါတယ်။
KIO ဟာ “ ဝ ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ဦးဆောင်ပြီး မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါ တီ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ အာရက္ခတပ်တော် (AA)၊ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) ၊ ကိုးကန့် (MNDAA) နဲ့ မိုင်းလား (NDAA) တို့နဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေးကော်မတီ (FPNCC) အဖွဲ့ဝင်ဖြစ်ပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကို ၁၉၆၀ အောက်တိုဘာလ ၂၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး လက်ရှိတွင်လည်း စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေပါတယ်။
2 Comment
Продажа тяговых https://faamru.com аккумуляторных батарей для вилочных погрузчиков, ричтраков, электротележек и штабелеров. Решения для интенсивной складской работы: стабильная мощность, долгий ресурс, надёжная работа в сменном режиме, помощь с подбором АКБ по параметрам техники и оперативная поставка под задачу
Стабильный доступ к площадке kraken рабочий с актуальными зеркалами для входа в любое время суток