စစ်တွေမှာ လူမရှိတဲ့နေအိမ်တွေ နေ့စဥ်ဖောက်ထွင်းခံနေရ

စစ်တွေမှာ လူမရှိတဲ့နေအိမ်တွေ နေ့စဥ်ဖောက်ထွင်းခံနေရ

အာရက္ခတိုင်းမ်စ် (၂၆-အောက်တိုဘာ-၂၀၂၄)

စစ်ကောင်စီက ကုန်းလမ်း ရေလမ်းတွေ ဖြတ်တောက်တဲ့အပြင် မြို့ကို ခြံစည်းရိုးကာထားတဲ့ စစ်တွေမြို့တွင်းက လူမရှိတဲ့ နေအိမ်တွေဟာ နေ့တိုင်းဆိုသလို ဖောက်ထွင်းခံနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီက ကုန်းလမ်း ရေလမ်းကို ဖြတ်တောက်ထားတာကြောင့် စစ်တွေမှာနေထိုင်တဲ့ လူဦးရေ တစ်ဝက်ကျော်လောက်ဟာ ဒေသအသီးသီးကို စစ်ဘေးရှောင်နေရချိန်မှာ ကျန်ခဲ့တဲ့ နေအိမ်တွေကို အခုလို ဖောက်ထွင်းမှုတွေ လုပ်နေကြတာလည်း ဖြစ်ပါတယ်။

“ ပထမပိုင်းတုန်းက အစွန်အဖျား ရပ်ကွက်တွေလောက်မှာပဲ လူမမြင်အာင် အိမ်တွေကို ပျဥ်တွေခွာတာ၊ ပစ္စည်းတွေကို ယူတာတွေ လုပ်ကြတာ။ အခုက နေ့ခင်းကြောင်တောင်လည်း ယူနေကြတယ်။ ဒီကာလ ဒီအခြေအနေမှာ သူတို့ကို သွားလည်း မပြောရဲဘူး။ အကုန်လုံးက ကိုယ့်ဒုက္ခနဲ့ ကိုယ်ဆိုတော့ ဒီအတိုင်းပဲ ကြည့်နေရတယ်” လို့ အမည်မဖော်လိုတဲ့ စစ်တွေဒေသခံတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် နာဇီရွာရပ်ကွက်မှာဆိုရင် လူမရှိတဲ့နေအိမ်တွေကို ALP တပ်ဖွဲ့ဝင်ဆိုသူတွေက လက်ညှိုးထိုး ရောင်းစားတာတွေ လုပ်နေပြီး နေအိမ်အလုံး ၂၀ ကျော်လောက် ဖြိုဖျက် ရောင်းစားခံထားကြရပြီ ဖြစ်တယ်လို့လည်း နာဇီရွာရပ်ကွက်မှာ နေထိုင်တဲ့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“ ALP က လူတွေက ဘုမေရပ်ကွက်ဘက်က မူဆလင်တွေကိုခေါပြီး အိမ်တွေကို လက်ညှိုးထိုး ရောင်းစားတာ။ သူတို့ကို ကြောက်နေရတော့ ဘယ်သူမှလည်း မပြောရဲဘူး” လို့ သူက ဆိုပါတယ်။

လက်ရှိ စစ်တွေမြို့တွင် စစ်ကောင်စီမှ ကုန်းလမ်း ရေလမ်း ပိတ်ဆို့ထားမှုကြောင့် အခြေခံစားသောက်ကုန်များ စျေးနှုန်း စံချိန်တင် မြင့်တက်နေပြီး လောင်စာ (ထင်း၊မီးသွေး) လိုအပ်ချက်များကြောင့် ယခုကဲ့သို့ လူမရှိသည့် အိမ်များကို ဖောက်ထွင်းခြင်း၊ နေအိမ်များကို ဖြိုဖျက်ကာ ထင်းအဖြစ် ပြန်လည် ရောင်းစားခြင်းများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ ကျွန်မတို့ တစ်သက်လုံး ရှာဖွေစုဆောင်းပြီး ဆောက်ထားတဲ့အိမ်လေး အပေါ်ထပ်က ပျဥ်တွေအကုန် မရှိတော့ဘူးဆိုပြီး ရပ်ကွက်ထဲမှာ ကျန်ခဲ့တဲ့ အသိက ဖုန်းဆက်လာပါတယ်။ နောက်ပြီး အိမ်မှာလည်း ဘာပရိဘောဂ ပစ္စည်းမှလည်း မကျန်တော့ဘူးလို့လည်း ကြားတယ်။ ဒီသတင်းတွေကြားရင် ဖြစ်ချင်ရာဖြစ် အိမ်ကို ပြန်ပြေးချင်စိတ်ပေါက်မိတယ်” လို့ စစ်တွေမြို့က ရန်ကုန်မြို့ကို စစ်ဘေးရှောင်လာတဲ့ အမည်မဖော်လိုသူ တစ်ဦးက ပြောပါတယ်။

စစ်တွေမြို့ကို အုပ်ချုပ်နေတဲ့ စစ်ကောင်စီ အဖွဲ့ဝင်တွေအနေနဲ့ အိမ်ဖောက်ထွင်းသူတွေကို လိုက်လံဖမ်းဆီးတာတွေ လုပ်ဆောင်နေပေမယ့် ဖောက်ထွင်းမှုတွေကတော့ လျော့ကျလာမယ့်အစား နေ့စဥ်ဆိုသလို ဖြစ်ပွားနေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဖောက်ထွင်းသူတွေဟာ လက်ဝါးချင်းရိုက်ပြီး လုပ်ဆောင်နေသလားလို့တောင် ထင်မိတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၄ရက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေရသူ နှစ်သိန်းကျော်အထိ ရှိလာနေပြီဖြစ်ကြောင်း စစ်တမ်းတွေအရ သိရပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ

7 Comment

production company ဇန်နဝါရီ 5, 2026 - 10:52 မနက်

need a video? film production company in italy offering full-cycle services: concept, scripting, filming, editing and post-production. Commercials, corporate videos, social media content and branded storytelling. Professional crew, modern equipment and a creative approach tailored to your goals.

ab-resurs ဇန်နဝါရီ 6, 2026 - 6:50 မနက်

Продажа тяговых https://ab-resurs.ru аккумуляторных батарей для вилочных погрузчиков и штабелеров. Надёжные решения для стабильной работы складской техники: большой выбор АКБ, профессиональный подбор по параметрам, консультации специалистов, гарантия и оперативная поставка для складов и производств по всей России

Timothybex ဇန်နဝါရီ 20, 2026 - 4:09 မနက်

the best adult generator interactive nsfw ai chat create erotic videos, images, and virtual characters. flexible settings, high quality, instant results, and easy operation right in your browser. the best features for porn generation.

email rassylka 246 ဇန်နဝါရီ 20, 2026 - 4:13 မနက်
PatrickUpdam ဇန်နဝါရီ 20, 2026 - 9:05 မနက်

Контент-маркетинг для Гродно: пишем полезные статьи, новости, обзоры. Отвечаем на вопросы ваших потенциальных клиентов seo гродно. Такой контент привлекает трафик, улучшает поведенческие факторы и укрепляет экспертный статус вашей компании в регионе.

Anya153El ဇန်နဝါရီ 20, 2026 - 11:21 ညနေ

Hello lads!
I came across a 153 valuable platform that I think you should check out.
This platform is packed with a lot of useful information that you might find insightful.
It has everything you could possibly need, so be sure to give it a visit!
[url=https://www.six9ja.com/all-you-need-to-know-about-psychology/]https://www.six9ja.com/all-you-need-to-know-about-psychology/[/url]

Furthermore do not forget, everyone, which one always may inside the article find responses to the the absolute confusing queries. We tried to lay out all information in an very accessible method.

Anya153El ဇန်နဝါရီ 23, 2026 - 7:43 ညနေ

Hello lads!
I came across a 153 useful platform that I think you should visit.
This tool is packed with a lot of useful information that you might find interesting.
It has everything you could possibly need, so be sure to give it a visit!
[url=https://enewsarea.com/22bet-online-registration-with-login-terms-conditions/]https://enewsarea.com/22bet-online-registration-with-login-terms-conditions/[/url]

And do not neglect, folks, — one constantly can in this piece discover answers to the most the absolute complicated questions. The authors made an effort — explain all data using an extremely easy-to-grasp way.

Add Comment