ရက္ခိုင်တပြည်လုံးမှာ စစ်တွေတစ်ခုပဲ ဖုန်းလိုင်းရ

ရက္ခိုင်တပြည်လုံးမှာ စစ်တွေတစ်ခုပဲ ဖုန်းလိုင်းရ

အာရက္ခတိုင်းမ်စ် (၇-နိုဝင်ဘာ-၂၀၂၄)

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရက္ခိုင်ပြည်မှာ စစ်တွေမြို့နယ် တစ်ခုတည်းပဲ ဖုန်းလိုင်း ရရှိတယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည်က မြို့နယ်အားလုံး ဖုန်းနဲ့ အင်တာနက်လိုင်းတွေကို အောက်တိုဘာလ ၁၃ ရက်မှာ စပြီးတော့ မရတာဖြစ်ပြီးတော့ လက်ရှိ ဖုန်းလိုင်းရနေတဲ့ စစ်တွေမြို့မှာတောင် နေရာတိုင်း လိုင်းမမိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်တွေကိုလည်း မကြာမီမှာ ဖုန်းလိုင်း ဖြတ်မယ်လို့ ကြားနေတာကြောင့် ဒေသခံတွေက MEC ဆင်းကဒ်တွေကို သုံးဖို့ စုံစမ်းနေကြပြီး အခု ရနေတဲ့ ဖုန်းလိုင်းကလည်း လိုင်းသိပ်မကောင်းဘူးလို့ သိရပါတယ်။

စစ်တွေဒေသခံတစ်ဦးက “ဖုန်းလိုင်းအခြေအနေက အန်တီတို့ စစ်တွေမြို့တမြို့ပဲ MPT တစ်ခုပဲ ရတယ်။ တခြား Mytel, Telenor, Ooredoo ဘာမှမရဘူးလေ။ အင်တာနက်လိုင်းလည်း မရဘူး။ စစ်တွေတစ်ခုတည်း၊ အခု အန်တီတို့ ဆက်သွယ်ကြည့်တာပေါ့နော်။ သူငယ်ချင်းတွေရှိတဲ့ မင်းပြားတို့၊ မြောက်ဦးတို့ ဆက်လို့မရဘူး။ ဆက်လို့မရတာ ဟိုတလောကတခါ ဆက်လို့မရတာ တပတ်လောက်ကို ပြတ်သွားတယ်။ ပြီးတော့ ပြန်ရတယ်၊ အခု တနင်္လာနေ့ကလောက်က စပြီးတော့ ပြန်မရဘူး။ MEC လိုက်ရှာတယ်ဆိုတာက တချို့က ပြောတယ် MEC နဲ့ဆိုလို့ရှိရင် အင်တာနက်တွေ သုံးလို့ရတယ်ပေါ့နော်၊ သတင်းတွေ ကြည့်လို့ရတယ်၊ အဲဒီလိုမျိုးတွေ ပြောတယ်။ အဲဒီဟာကလည်း ဆင်းကဒ်ရဲ့ အဲဒီဆင်းကဒ်နဲ့ လိုက်တဲ့ ဟန်းဆက်ရယ် လိုသေးတယ်ဆိုတော့လေ အဲဒါ လိုက်ရှာကြည့်တာပေါ့နော်။ အဲဒီလို လိုက်ရှာလို့ သုံးလို့ရတယ်ဆိုလို့ရှိရင် ဝယ်သုံးမယ်ဆိုပြီးတော့ပေါ့။ အဲဒီလိုမျိုး ပြောကြတယ်။ အဲဒါကြောင့်မို့လို့ လိုက်ရှာတာ။ ပြောလို့တော့ မရဘူး ဒီနေ့မှ လိုင်းကောင်းတာ။ တခြားနေ့တွေဆိုရင် ကိုယ့်စစ်တွေမြို့တွင်းတောင်မှ လူသွားပြောတာက ပိုနီးအုံးမယ်ဆိုပြီးတော့ ဖုန်းတောင် မဆက်ဖြစ်တော့ဘူး လူပဲ သွားပြောလိုက်တယ် အဲဒီလိုမျိုးပေါ့နော်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်တွေမှာ တိုက်ပွဲတွေ မရှိပေမယ့်လည်း လက်ရှိမှာ အမ်း၊ မောင်တော၊ တောင်ကုတ် နဲ့ ဂွမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ရက္ခိုင်က မြို့နယ်တွေကို ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေက ပြတ်သွားတာ ဖြစ်တယ်ဆိုပြီးတော့ စစ်တွေဒေသခံတွေက ပြောပါတယ်။

အခုလို ဖုန်းလိုင်းတွေ ပြတ်နေတဲ့အတွက် စစ်တွေမြို့ကနေတဆင့် ရခိုင်ရဲ့ တခြားမြို့နယ်တွေကို ဆက်သွယ်ပြီး အလုပ်လုပ်နေရတဲ့ အဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေနဲ့ လုပ်ငန်းတွေမှာ အခက်အခဲ ရှိနေပြီးတော့ သားသမီးတွေရဲ့ လုပ်ခလစာကို အားကိုးပြီးတော့ သုံးနေရတဲ့ မိသားစုတွေအတွက်လည်း အခက်အခဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

ပြည်ပရောက်နေကြတဲ့ ရက္ခိုင်ပြည်သူတွေအနေနဲ့လည်း သူတို့တွေရဲ့ မိသားစုဝင်တွေကို လုပ်ခလစာ လွှဲပို့ဖို့အတွက် အဆက်အသွယ် မရတာကြောင့်လည်း အခက်အခဲတွေ ဖြစ်နေကြတယ်လို့ စစ်တွေဒေသခံတစ်ဦးက ပြောပါတယ်။

“ပွင့်ပွင့်လင်းလင်း ပြောမယ်ဆိုရင် လိုင်းမရတဲ့အပေါ်မှာ အခက်အခဲဆိုတာက အန်တီကတော့ လက်ရှိကတော့ အလုပ်မရှိတော့ အန်တီအနေနဲ့ သိပ်ပြီးတော့ အခက်အခဲကတော့ သိပ်မရှိဘူးပေါ့။ တစ်ခုတော့ ရှိတာပေါ့ အန်တီတို့ အလုပ်မရှိတဲ့သူတွေကျတော့ ငွေကြေးသဘော ပြောမယ်ဆိုရင် သားသမီးတွေက ရန်ကုန်မှာ အလုပ်လုပ်နေတယ်ပေါ့နော်။ အန်တီက လကုန်လို့ရှိရင် သူ့ဆီက ကူညီထောက်ပံ့တဲ့ဟာယူလို့ အမေ့ကို ဒါလေး လွှဲပေးပါအုံး အကူအညီလိုတဲ့ အချိန်မျိုးမှာ အန်တီတို့ ဖုန်းဆက်လို့ မရဘူးဆိုရင် ဘယ်ကနေ ဘယ်လို ကူညီထောက်ပံ့မှုတွေ ရမလဲ အန်တီစိုးရိမ်တာပေါ့နော်။ အဲဒီလိုပဲ တခြားအဖွဲ့အစည်းတွေနဲ့ အလုပ်လုပ်တဲ့သူတွေကျတော့လည်း ရန်ကုန်ကနေပြီးတော့ အခုပြောမယ် မင်းပြားတို့၊ ပုဏ္ဏားကျွန်းတို့၊ မြောက်ဦးတို့၊ ကျောက်တော်တို့ဆိုတဲ့ နေရာတွေနဲ့ အဆက်အသွယ်မရတော့ အလုပ်လုပ်ရတာ အခက်အခဲရှိတယ်လို့ ပြောတယ်။ စစ်တွေ ရုံးထိုင်တဲ့အဖွဲ့တွေလည်း အဲဒီလိုပဲ ပြောကြတယ်ပေါ့နော်။ အခက်အခဲကတော့ အများကြီး ဖြစ်လာမှာပါ။ နောက်ပြီးတော့ နယ်ဘက်ကဆိုလို့ရှိရင် များသောအားဖြင့်က ထိုင်းတို့၊ မလေးတို့မှာ အလုပ်လုပ်နေတဲ့သူတွေ ရှိတယ်လေ။ သူတို့တွေက မိသားစုကို တလတခေါက် သူတို့လစာကနေ ထောက်ပံ့တဲ့ မိသားစု ထောက်ပံ့ငွေတို့ ဘာတို့တွေကျတော့လည်း ဒီလို လိုင်းမရတော့ အင်တာနက်လည်း မရတော့ လွှဲလို့မရတော့ဘူးပေါ့နော်။ အခက်အခဲတွေကတော့ အများကြီး ရှိပါတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲပြင်းထန်နေတာဆိုရင် တစ်နှစ်နီးပါး ရှိနေပြီး ရက္ခိုင်ပြည်အတွင်း မြို့နယ်အချင်းချင်းကိုလည်း လမ်းပန်းဆက်သွယ်ရေးတွေ ပိတ်ထားတဲ့အပြင် ရက္ခိုင်ပြည်ကိုလည်း ကုန်းလမ်းနဲ့ ရေလမ်းကြောင်းအားလုံးကို ပိတ်ထားတာလည်း တစ်နှစ်ရှိနေပါပြီ။

ရက္ခိုင်ပြည်ကနေ လေကြောင်းနဲ့ ရန်ကုန်နဲ့ မန္တလေးကိုပဲ သွားခွင့်ပြုထားပြီးတော့ အဲဒီကနေတဆင့် ကုန်စည်တွေကို သယ်ဆောင်နေရတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိတဲ့ အမ်း၊ တောင်ကုတ်၊ မောင်တောနဲ့ ဂွမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ

5 Comment

Michealovazy ဇန်နဝါရီ 25, 2026 - 8:18 မနက်

характеристики проектора магазин проекторов

Jeromeden ဇန်နဝါရီ 25, 2026 - 9:50 ညနေ

квартиры от застройщика жк светский лес сочи застройщик

Jameswef ဇန်နဝါရီ 29, 2026 - 6:35 မနက်

Играешь в казино? https://t.me/ Слоты, рулетка, покер и live-дилеры, простой интерфейс, стабильная работа сайта и возможность играть онлайн без сложных настроек.

vytyazhnye zaklepki 18 ဖေ‌ဖော်ဝါရီ 2, 2026 - 1:50 မနက်

цена заклепки вытяжной заклепки вытяжные закрытые

WilliamTRURB ဖေ‌ဖော်ဝါရီ 4, 2026 - 1:26 ညနေ

дизайн отделки коттеджей дизайн коттеджа

Add Comment