တောင်ကုတ်ကို အေအေမှ မြို့သိမ်းတိုက်ပွဲ စတင်၊ မြို့ထဲတွင် တိုက်ပွဲဖြစ်ပွားနေ

တောင်ကုတ်ကို အေအေမှ မြို့သိမ်းတိုက်ပွဲ စတင်၊ မြို့ထဲတွင် တိုက်ပွဲဖြစ်ပွားနေ

Breaking News

အာရက္ခတိုင်းမ်စ် (၉-နိုဝင်ဘာ-၂၀၂၄)

ရက္ခိုင်ပြည် တောင်ကုတ်မြို့ကို အာရက္ခတပ်တော်မှ မြို့သိမ်းတိုက်ပွဲ ယနေ့တွင် စတင်လိုက်ပြီး မြို့ထဲတွင် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရပါတယ်။

“ AA က ကိုင်းရှည်ဘက်က နဲ့ သစ်ဆိပ်ဘက်က ပစ်တယ်။ ဒရုန်းနဲ့ ထောက်လှမ်းတာတွေလုပ်တော့ စစ်ကောင်စီက တပ်ထဲကနေ လက်နက်တွေနဲ့ ပစ်တယ်။ မြို့ထဲမှာ ဆူညံနေတာပဲ။ အိမ်တိုင်း တံခါးပိတ်နေနေကြတယ်။ ပိတ်မိနေပြီ ထွက်လို့လည်း မရတော့ဘူး။ ” လို့ တောင်ကုတ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေသောကြောင့် တောင်ကုတ် ဒေသခံအချို့ဟာ ပြည်မဖက်သို့ လမ်းလျောက်ကြသလို ရမ်းဗြဲဖက်သို့ ရေကြောင်းမှလည်းကောင်း စစ်ဘေးတိမ်းရှောင်သွားကြကြောင်း သိရပါတယ်။

“ အရင်က စစ်ကောင်စီတပ်သားတွေက ကိုင်းရှည်တံတားထိပ်မှာ တပ်စွဲထားတာ၊ အခုက မီးပွိုင့်နားနဲ့ လမ်းဆုံနားကို ဆုတ်သွားပြီ။ အခုထိကို တောက်လျောက် ပစ်ခတ်နေကြတယ်။ ကျန်ခဲ့တဲ့သူတွေက ငိုယိုပြီး ဖုန်းဆက်ပြောကြတယ်” လို့ တောင်ကုတ်မှ စစ်ဘေးရှောင်လာသူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

နိုဝင်ဘာလ ၉ ရက် ညနေကစပြီး တောင်ကုတ်မြို့အဝင် တောင်ကုတ်တက္ကသိုလ်၊ နောက်နေ့တွင် ကိုင်းရှည်တံတားအနီး နဲ့ ယနေ့တွင် မြို့တွင်းတိုက်ပွဲ ဖြစ်ပွားနေခြင်းလည်း ဖြစ်ပါတယ်။

အဆိုပါ တောင်ကုတ်တက္ကသိုလ်အနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးခဲ့ပြီး စစ်ကောင်စီမှ ကားဖြင့် သယ်ဆောင်ကာ တပ်တွင်းတွင် မြေမြုပ်ပေးခဲ့ကြောင်း တောင်ကုတ်ဒေသခံတွေက ပြောပါတယ်။

ရက္ခိုင်ပြည် တောင်ကုတ်မြို့တွင် စစ်ကောင်စီရဲ့ စကခ(၅)ဌာနချုပ်၊ ခမရ(၃၄၆) နဲ့ ခမရ(၅၄၄) တပ်ရင်းရှိကြောင်း သိရပါတယ်။

Related posts

လေကြောင်းလိုင်းအားလုံး ပြည်တွင်း ခရီးစဉ်တွေရပ်နား

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)

1 Comment

как купить вечные ссылки самому မတ် 20, 2026 - 1:06 မနက်

My brother recommended I might like this blog. He used to be entirely right.
This publish truly made my day. You can not believe just how so much
time I had spent for this info! Thanks! https://tumblr.com/seoquantum

Add Comment