ပလက်ဝ တိုက်ပွဲရှောင် လေးသောင်းနီးပါး နေရပ်မပြန်နိုင်သေး

ပလက်ဝ တိုက်ပွဲရှောင် လေးသောင်းနီးပါး နေရပ်မပြန်နိုင်သေး

အာရက္ခတိုင်းမ်စ် (၁၉ နိုဝင်ဘာ ၂၀၂၄ ခုနှစ်)

ချင်းပြည်နယ်၊ တောင်ပိုင်းက လူဦးရေ တစ်သိန်းခန့် နေထိုင်တဲ့ ပလက်ဝမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ အကြား တိုက်ပွဲတွေကြောင့် လူပေါင်း လေးသောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒုက္ခသည်အရေး အကူအညီပေးနေသူတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းက ပလက်ဝမှာ တိုက်ပွဲတွေ စဖြစ်ခဲ့တာဖြစ်ပြီးတော့ ၂၀၁၈ ခုနှစ်ဝန်းကျင်မှာ အခြေအနေဆိုးတာကြောင့် ဒေသခံတွေဟာ တိုက်ပွဲရှောင်ခဲ့ကြရပါတယ်။

အဲဒီနောက် ၂၀၂၃ ခုနှစ် နဲ့ ၂၀၂၄ ခုနှစ်မှာ တိုက်ပွဲတွေ ထပ်ဖြစ်လာတာကြောင့် ထပ်ပြီးတော့ ရှောင်နေကြရပြန်ပြီး နှစ်နဲ့ချီ ကြာတဲ့အထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ သိရပါတယ်။

အခုချိန်မှာတော့ တိုက်ပွဲတွေ မရှိတော့ပေမယ့်လည်း မိုင်းအန္တရာယ် ရှင်းလင်းထားတာ မရှိတဲ့အတွက် တောင်ယာလုပ်ငန်းနဲ့ စားဝတ်နေရေး ဖြေရှင်းဖို့ အခက်အခဲရှိတာကြောင့် ပလက်ဝတိုက်ပွဲရှောင် လေးသောင်းကျော်က အခုထိ နေရပ်မပြန်နိုင်ကြသေးတာ ဖြစ်တယ်လို့ ပလက်ဝ တိုက်ပွဲရှောင်အရေး ကူညီဆောင်ရွက်နေသူတစ်ယောက်က ပြောပါတယ်။

“တိုက်ပွဲရှောင်တဲ့ ကာလက ကျနော်တို့ ပလက်ဝနယ်မှာ စတာက ၂၀၁၅ မတ်လကတည်းက စတာ။ အဲဒီမှာ တိုက်ပွဲတွေ ကြိုကြား ကြိုကြားဖြစ်တော့ ၂၀၁၈ ဝန်းကျင်မှာ အပြင်းထန် အဆိုးရွားဆုံး ဖြစ်သွားတာပေါ့လေ။ ပြီးရင် ၂၀၂၃ နှစ်ကုန်ပိုင်း၊ ပြီးရင် ၂၀၂၄ ဇန်နဝါရီလဆိုရင်တော့ ပလက်ဝ တစ်ခုလုံးကလည်း ကျသွားတဲ့အခါကျမှာ ရှောင်လာတာက ပျမ်းမျှနဲ့ဆိုရင် ကျနော်တို့ ၄ နှစ်ကျော်၊ ၅ နှစ် ရှိပြီပေါ့။ နောက်ဆုံးဖြစ်တာတော့ ၁၀ လ၊ ၁၁ လ ရှိပါပြီ။ အဲဒီမှာ တိုင်းရင်းသား လက်နက်ကိုင်တွေလည်း ရှိနေသေးတဲ့အတွက် ကျနော်တို့က ယေဘုယျနဲ့ပဲ ပြောလို့ရတာပေါ့လေ။ ဗုံးကြဲမှာတို့၊ တိုက်ပွဲထပ်ဖြစ်မှာတို့ စိုးရိမ်တယ်။ ပြီးရင် အခု အခြေအနေအရတော့ ဘာမှ လုပ်ကိုင်စားသောက်လို့ မရတဲ့အခြေအနေ၊ မိုင်းအန္တရာယ် ရှင်းလင်းတာလည်း မရှိတဲ့အခါကျရင် လူထုတွေလည်း အန္တရာယ်ဖြစ်မှာကို စိုးရိမ်တယ်၊ အဲဒါကြောင့် မပြန်ရဲဘူး။ သူတို့က ဟိုဘက်မှာ အဓိကလုပ်တာက တောင်ယာလုပ်ငန်းတွေ လုပ်ကိုင်ကြတာ ဖြစ်တဲ့အတွက် အဲဒီဟာတွေ လုပ်လို့မရတဲ့အခါကျတော့ စားဝတ်နေရေးကလည်း တအားခက်ခဲတယ်။ အဲဒီဒေသတွေက ရန်ကုန်မှာ ဆန်တစ်အိတ် ၁ သိန်းရှိတဲ့အခါတောင်မှ ဟိုမှာက ၁ သိန်းခွဲ၊ ၂ သိန်း အဲဒီပုံစံ ရှိနေတာ။ ကုန်ဈေးနှုန်းတွေလည်း အရမ်းကို မြင့်တက်တဲ့ အခါကျတော့လေ။ စားဝတ်နေရေးအတွက် စိုးရိမ်တာရယ်၊ ပြီးရင် နေရေးထိုင်ရေး စိုးရိမ်တာရယ်၊ အဲဒါတွေကြောင့် သူတို့ မပြန်ရဲတာဖြစ်မယ်။ အဓိကကတော့ ပညာရေးပေါ့ အဲဒီမှာ ကျောင်းတက်လို့ မရတဲ့ အခြေအနေပေါ့လေ” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ တပ်စခန်းတွေကို အာရက္ခတပ်တော် အေအေက နှစ်လကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးတဲ့နောက် ဇန်နဝါရီ ၁၄ ရက်နေ့မှာတော့ ပလက်ဝမြို့ကို အပြီးသတ် သိမ်းယူနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က တိုက်ပွဲကြောင့် ထွက်ပြေးခဲ့ကြသူတွေလည်း အခုမကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထပ်မံ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

ထွက်ပြေးနေရသူတွေထဲမှာ ပလက်ဝမြို့ပေါ်နဲ့ အနီးအနား ကျေးရွာတွေက ဒေသခံတွေ အများဆုံးဖြစ်ပြီး ဒီနေ့အထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ပလက်ဝဒေသခံ ဦးညိုအောင်က ပြောပါတယ်။

“အဓိက ထွက်တာတော့ ဆမီးမြို့ပေါ်နဲ့တဝိုက်၊ ပလက်ဝမြို့ပေါ်နဲ့တဝိုက်၊ တချို့ရွာတွေက အိန္ဒိယနယ်စပ်ဘက်တွေ ပါတယ်ဆိုတော့ လူဦးရေ ၁ သိန်းလောက်မှာ လေးသောင်းဝန်းကျင်လောက်တော့ ထွက်သွားတယ်။ ဒါပေမယ့် အတိအကျကြီးတော့ မဟုတ်ဘူးပေါ့နော်။ အခု ဒီ ၂၀၂၃ နောက်ပိုင်းမှာကတော့ အဟောင်းမပါဘဲနဲ့ဆိုလို့ရှိရင် များမယ်၊ နှစ်သောင်းခွဲ၊ သုံးသောင်းလောက် ရှိမယ်။ အရင်တုန်းကတော့ သိပ်များများ မထွက်သေးဘူးလေ” လို့ ပြောပါတယ်။

ပလက်ဝကနေ နေရပ်စွန့်ခွာ တိမ်းရှောင်လာတဲ့သူတွေက အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွေမှာ အများဆုံး တိမ်းရှောင်ကြပြီးတော့ ရန်ကုန်နှင့် တခြားတိုင်းနဲ့ ပြည်နယ်ကိုလည်း တိမ်းရှောင်ကြပါတယ်။

ပလက်ဝမှာ ကျန်နေခဲ့တဲ့ ဒေသခံတွေဟာဆိုရင်လည်း ဆက်သွယ်ရေးဖုန်းလိုင်းရော၊ အင်တာနက်လိုင်းတွေပါ ပြတ်တောက်နေပြီး လူသားချင်းစားနာထောက်ထားမှု အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

Related posts

ရာစုသစ်ဘော်ဒါဆောင် မီးလောင်သေဆုံးမှုနဲ့ပတ်သက်တဲ့ တရားခံလူငယ် ဒီလပ်ဖမ်းပြီး ၁၂ ရက်အကြာ ဆေးရုံအရေးပေါ်တင်ရ

ဘူးသီးတောင်ကနေ ရသေ့တောင်ကို ဘိလပ်မြေတင်လာတဲ့ ဘုတ်တစ်စီး တိမ်းမှောက် လူတစ်ဦးသေဆုံး

ရက္ခိုင်ပြည်တွင် ဒီနေ့ကနေ ၃၀ ရက်အတွင်း ရက်ရှည်မိုးရွာနိုင်

6 Comment

Casino_zukt မတ် 27, 2026 - 11:13 ညနေ

В каталоге представлены проверенные провайдеры и актуальные игровые новинки.
Пинко Казино
Casino Pinco предлагает честную игру и прозрачные правила.

Camerontub မေ 8, 2026 - 11:03 မနက်

Je trouve que jai relance cette table. Dans jeu https://blogs.umb.edu/rachelmeter001/2015/09/29/a-self-that-moves-in-jamisons-empathy-exams/comment-page-7/#comment-100494 cest relax experience correcte ce.

Camerontub မေ 14, 2026 - 9:30 မနက်

De mon cote je parle de la. Plateforme sur bonus https://www.esup.edu.pe/evento/business-seminar/#comment-91764 cest pas mal assez.

2026___gzst မေ 21, 2026 - 12:12 မနက်

A premiere vue table de roulette via https://trackrecord.id/read-blog/70087 avant un tournoi blackjack, la connexion reste stable apres plusieurs comparaisons. Les bonus de bienvenue changent souvent selon les saisons. Beaucoup de joueurs semblent actifs ce mois.

Camerontub မေ 21, 2026 - 4:36 မနက်

Je trouve que apres plusieurs essais sur differents casinos, je garde une bonne impression de https://jeudestours.blogspot.com/2026/05/jeu-des-tours-casino-jouez-tower-rush.html. Les fonctions jeu mobile et les sections casino crypto restent assez pratiques.

2026___vkst မေ 29, 2026 - 9:04 မနက်

Par simple curiosite casino crypto fiable sur https://www.lwn3d.com/forum/topic/60073/les-avantages-des-nouveaux-casinos-en-ligne-pour-les-joueurs pour verifier les bonus disponibles, les petits depots deviennent pratiques dans une atmosphere detendue. Les applications mobiles deviennent plus rapides chaque mois.

Add Comment