အာရက္ခရေပိုင်နက်ထဲသို့ ငါးခိုးဖမ်းရန် ဝင်ရောက်ပါက ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ AA ပြော

အာရက္ခတိုင်းမ်စ် (၂၁ နိုဝင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည်ရှိ အာရက္ခရေပိုင်နက်ထဲသို့ ကျူးကျော်ပြီး ငါးခိုးဖမ်းရန် ဝင်ရောက်မည်ဆိုပါက မည်သူ့ကိုမဆို တရားဥပဒေနဲ့အညီ စစ်ဆေး၊ အပြစ်ပေး အရေးယူသွားမယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်တွင် အာရက္ခရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ငါးဖမ်းလှေ အစီး (၆၀) ခန့်ကို အာရက္ခတပ်တော်၊ ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တွေ့ရှိခဲ့သဖြင့် ခေါ်ယူဖမ်းဆီးခဲ့ရာ ငါးဖမ်းလှေ (၁၅) စီး (စက်တပ်၍ ၂ စီး၊ စက်မပါဘဲ ၁၃ စီး) နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား (၂၀) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သား (၂၀) ဦးကို (၂) ရက်ကြာ ထိမ်းသိမ်းထားခဲ့ပြီး စစ်ဆေးမေးမြန်းမှုများကို ပြုလုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် (BGP) လက်ထဲသို ကောင်းမွန်စွာ ပြန်လည်အပ်နှံခဲ့ကြောင်းလည်း သိရပါတယ်။

“ငါးခိုးဖမ်းနေကြသော သူများမှာ ဆင်းရဲနွမ်းပါးသူများဖြစ်ပြီး မိသားစု စားဝတ်နေရေး အကျပ်အတည်းများကို ငါးဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ ဖြေရှင်းနေကြသူများဖြစ်ကြောင်း သိရှိရပါတယ်။ သို့သော်လည်း နောက်နောင် အာရက္ခပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်ပြီး ငါးဖမ်းခြင်းများ မပြုလုပ်ရန် ခံဝန်ကတိလက်မှတ်ထိုးပြီးမှ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်တယ်” လို့ အာရက္ခတပ်တော်က ဆိုပါတယ်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်တွင် အဆိုပါ ငါးဖမ်းလှေ (၁၅) စီး (စက်တပ်၍ ၂ စီး၊ စက်မပါဘဲ ၁၃ စီး) ထဲမှ (၇) စီးကို ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ် (BGP) သို့ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ပြီး ကျန်ငါးဖမ်းလှေ (၈) စီးကိုလည်း လုံခြုံရေး အာမခံချက်ရှိသောအချိန်တွင် ဆက်လက်လွှဲပြောင်းပေးအပ်သွားမယ်လို့လည်း သိရပါတယ်။

ယခုကဲ့သို့ ရက်အနည်းငယ်ကြန့်ကြာနေရခြင်းမှာ မောင်တောဒေသတွင် စစ်ရေးပြင်းတန်နေပြီး ငါးဖမ်းလှေများ ထိမ်းသိမ်းထားရာနေရာမှ ပြန်လည်ပေးအပ်မည့်နေရာသို့ ပို့ဆောင်ရာတွင် စစ်ကောင်စီရဲ့ လေကြောင်းရန်အန္တရာယ်ကို သတိထားနေရသောကြောင့်လို့ သိရပါတယ်။

Related posts

ရက္ခိုင်မှာ ဆေးတက္ကသိုလ်ဖွင့်မယ်လို့ ဗိုလ်ချုပ်ပြော

ဆောကို စကမ အင်အားဖြည့်နေတာ AA ကို စစ်မြှူတာဖြစ်နိုင်

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ မြန်မာအစိုးရနဲ့ ဆွေးနွေးပွဲများ၊ India, Bangladesh တို့နဲ့ ဆက်ဆံရေးများအပေါ် ပြောကြားချက်

2 Comment

https___ja_dken မတ် 12, 2026 - 4:57 မနက်

Sprawdz poradnik polecana kamera fpv na start, jesli szukasz najlepszych wskazowek przy wyborze kamery FPV na start.
Nagrania w slabym swietle wymagaja matryc o dobrej czulosci i niskim poziomie szumow.

rent yacht montenegro 144 မေ 5, 2026 - 5:26 ညနေ

rent a yacht Montenegro Montenegro yacht charter

Add Comment