အာရက္ခတိုင်းမ်စ် (၃၀ နိုဝင်ဘာ ၂၀၂၄)
တိုက်ပွဲပြင်းထန်နေတဲ့ ရက္ခိုင်ပြည်၊ အမ်းမြို့ပေါ်တွင် ပိတ်မိနေတဲ့ ပြည်သူလူထုသည် အရင်က ခြောက်ထောင်ကျော်ရှိပေမယ့်လည်း လက်ရှိမှာတော့ ရာဂဏန်းအောက်ပဲ ရှိတော့တယ်လို့ အမ်းမြို့ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ အာရက္ခတပ်တော်က အမ်းမြို့ပေါ်ရပ်ကွက်အတွင်းက အစာရေစာ ပြတ်လပ်ပြီး ပိတ်မိနေတဲ့ ဒေသခံ ပြည်သူ ၂၀၀ ကျော်ကို တိုက်ပွဲတွေကြားကနေ ကယ်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ ကျန်နေတဲ့ ဒေသခံ ရာဂဏန်းကိုလည်း အာရက္ခတပ်တော်က အတတ်နိုင်ဆုံး ကူညီကယ်ထုတ်လိမ့်မယ် ဆိုပြီးတော့ အမ်းမြို့ဒေသခံတစ်ယောက်က ပြောပါတယ်။
“ကျနော် ခန့်မှန်းရသလောက်ဆို ရာဂဏန်းတောင် မရှိတော့ဘူးလို့ သိရတယ်ပေါ့နော်။ အမ်းမြို့ပေါ်မှာက ခြောက်ထောင်အထိလောက် ပြည်သူတွေ ပိတ်မိနေခဲ့တယ်ပေါ့နော်။ စစ်ကောင်စီကနေပြီးတော့ ပိတ်ဆို့ထားတဲ့အခါမှာ အာရက္ခတပ်တော်ကနေပြီးတော့ ငါးထောင်ကျော်လောက် ကယ်ထုတ်နိုင်လိုက်ပြီလို့ ကျနော်တို့ သိရတယ်ပေါ့နော်။ အဲဒါဆို ရာဂဏန်းအောက်မှာပဲ ရှိလိမ့်မယ်လို့ ကျနော်တို့ ထင်တယ်။ တချို့ဆိုလည်း မသွားလာနိုင်တာ၊ သွားလို့လာလို့ ခက်ခဲတဲ့ မိအိုဖအိုကို ပြုစုနေတဲ့ ပြည်သူတချို့ ရှိနေမယ်လို့ ထင်တယ်။ ဒါပေမယ့် ကျနော်တို့ သိရသလောက် အကြမ်းအားဖြင့်တော့ ၁၀၀ အောက်မှာပဲ ရှိနေသေးတယ်လို့ ပြောလို့ရတယ်ပေါ့နော်။ လူဦးရေ ခြောက်ထောင်လောက် ရှိခဲ့တဲ့နေရာမှာ လူဦးရေ ၁၀၀ အောက်မှာပဲ ကျန်နေသေးတယ်လို့ ပြောလို့ရတယ်ပေါ့နော်။ ဒါကိုလည်း အာရက္ခတပ်တော်က ဘယ်လိုပုံစံမျိုး ကူညီဆောင်ရွက်ပေးမယ်ဆိုတာတော့ မသိရသေးဘူးပေါ့နော်။ အာရက္ခတပ်တော်ကတော့ အဓိကအားဖြင့် စစ်ရေးပဋိပက္ခ ခံနေရတဲ့ ပြည်သူတွေက အသက်အန္တရာယ် ထိခိုက်လာမယ့်ပုံစံမျိုးတော့ အာရက္ခတပ်တော်ကတော့ အဲဒီလိုပုံစံမျိုး ထားမှာ မဟုတ်ဘူး။ အတတ်နိုင်ဆုံး ကူညီပြီးတော့ ကယ်ထုတ်မယ်လို့ ထင်တယ်ပေါ့နော်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလမှာလည်း တိုက်ပွဲပြင်းထန်နေတဲ့ အမ်းမြို့နယ်က ကျေးရွာ ၇ ရွာကို စစ်ကောင်စီက ချက်ချင်းပြောင်းရွှေ့ခိုင်းတဲ့အတွက် ကျေးရွာသားတွေဟာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ နေအိမ်တွေကို စွန့်ခွာပြီး ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။
လက်ရှိ အမ်းမြို့ပေါ်တွင် ကျန်နေတဲ့ ဒေသခံတွေက အသက်အရွယ် ကြီးနေတဲ့သူတွေ၊ ကလေးငယ်တွေနဲ့ သူတို့ကို ပြုစုနေကြရတဲ့ မိသားစုဝင်တွေ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် အမ်းမြို့နယ်မှာရှိတဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေအားလုံးကလည်း ထွက်ပြေး တိမ်းရှောင်နေကြရတာပါ။
ဒါ့ကြောင့် လက်ရှိ ပိတ်မိနေတဲ့ ပြည်သူတွေက ကယ်ထုတ်လို့ မရနိုင်သေးတဲ့ အခြေအနေမှာ ဘေးကင်းလုံခြုံတဲ့ နေရာတွေကို ရွှေ့ထားသင့်တယ်လို့ ရက္ခိုင်ဒေသခံ ကိုမင်းခိုင်က ပြောပါတယ်။
“ကယ်ထုတ်မယ်ဆိုတာက နှစ်ဖက်တိုက်ပွဲ ဖြစ်နေတော့ အဓိက အသက်ကြီးပိုင်းတွေကျတော့ ဘာတစ်ခုရှိလဲဆိုရင် ကယ်မယ့် အဖွဲ့အစည်းတွေကလည်း လက်ရှိ အနေအထားမှာ ရှိတော့တာ မဟုတ်တော့ဘူးလေ။ ပရဟိတအဖွဲ့အစည်းတွေအကုန်လုံးက ရှောင်နေရပြီလေ။ အန္တရာယ်တော့ များတာပေါ့။ လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ နေရာမှာ နေရတာဆိုတော့ မြို့ထဲမှာ ကျန်ပြီး ပိတ်မိနေတာဆိုတော့ အဓိကကတော့ ဖြစ်နိုင်မယ်ဆိုလို့ရှိရင် လုံခြုံစိတ်ချရတဲ့ ဘေးကင်းတဲ့နေရာတွေကိုတော့ ရွှေ့ထားသင့်တယ်လို့တော့ မြင်တာပေါ့” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အာရက္ခတပ်တော် က လက်ရှိ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ အမ်းမြို့နယ်က ပြည်သူ လေးထောင်ကျော်ကို စောင့်ရှောက်ထားပြီးတော့၊ နေစရာ စီစဉ်ပေးထားသလို၊ အစားအသောက်အတွက်ကိုလည်း တာဝန်ယူထားပေးတယ်လို့ သိရပါတယ်။
အမ်းမြို့နယ်ရဲ့ တိုက်ပွဲမှာဆိုရင် အမ်းမြို့နယ် မိုင် ၅၀ အကွာက ကျေးရွာတွေက လုံခြုံတဲ့ အနေအထားမှာ ရှိနေပြီး ဒေသခံတွေက အချင်းချင်း ကူညီဖေးမကြတဲ့ ပုံစံနဲ့ အစားအသောက်၊ အဝတ်အထည်တွေကို ဝေမျှကြတယ်လို့လည်း ဒေသခံတွေထံကနေ သိရပါတယ်။
8 Comment
need a video? location scouting in italy offering full-cycle services: concept, scripting, filming, editing and post-production. Commercials, corporate videos, social media content and branded storytelling. Professional crew, modern equipment and a creative approach tailored to your goals.
Продажа тяговых https://ab-resurs.ru аккумуляторных батарей для вилочных погрузчиков и штабелеров. Надёжные решения для стабильной работы складской техники: большой выбор АКБ, профессиональный подбор по параметрам, консультации специалистов, гарантия и оперативная поставка для складов и производств по всей России
Продажа тяговых ab-resurs.ru аккумуляторных батарей для вилочных погрузчиков и штабелеров. Надёжные решения для стабильной работы складской техники: большой выбор АКБ, профессиональный подбор по параметрам, консультации специалистов, гарантия и оперативная поставка для складов и производств по всей России
Тяговые аккумуляторные https://ab-resurs.ru батареи для складской техники: погрузчики, ричтраки, электротележки, штабелеры. Новые АКБ с гарантией, помощь в подборе, совместимость с популярными моделями, доставка и сервисное сопровождение.
Продажа тяговых АКБ https://faamru.com для складской техники любого типа: вилочные погрузчики, ричтраки, электрические тележки и штабелеры. Качественные аккумуляторные батареи, долгий срок службы, гарантия и профессиональный подбор.
кіно онлайн новинки 2025 дивитися фільми без підписки
Топовый сервис https://buyaccountstore.today встречает арбитражников в нашем каталоге аккаунтов Facebook. Когда вы планируете купить аккаунт Facebook для рекламы, обычно задача не в «просто доступе», а в качестве фарма: отсутствие вылетов на селфи, наличие пройденного ЗРД в кабинете и правильно созданные ФП. Мы собрали понятную навигацию, чтобы вы сразу понимали какой лимит выбрать до оплаты.Навигация по теме: типы аккаунтов (Мамки, Автореги, Логи). Важно: аккаунт — это инструмент. Дальше решает схема залива: как вяжется карта, как вы передаете лички аккуратно, как реагируете на полиси и как масштабируете адсеты. Гордость этого шопа — заключается в наличие масштабной образовательной секции, в которой собраны рабочие рекомендации по запуску рекламы. Команда подскажем, каким образом аккуратно привязать карту, чтобы вы спокойно отливали бюджет и продлили жизнь аккаунтам . Вступайте в наше комьюнити, изучайте обучающие разборы банов, наводите порядок и в итоге масштабируйтесь на базе наших расходников прямо сейчас. Дисклеймер: используйте активы законно и в соответствии с правилами Facebook.
Мультимедийный интегратор ай-тек интеграция мультимедийных систем под ключ для офисов и объектов. Проектирование, поставка, монтаж и настройка аудио-видео, видеостен, LED, переговорных и конференц-залов. Гарантия и сервис.