အာရက္ခတိုင်းမ်စ် (၂ ဇန်နဝါရီ ၂၀၂၅)
အာရက္ခတပ်တော်က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ရက္ခိုင်ပြည်ရဲ့ ဧရိယာ အကျယ်ဆုံးမြို့ဖြစ်တဲ့ အမ်းမြို့ကို ပြန်လည်ထူထောင်ရေးလုပ်တဲ့အခါမှာ ဘယ်လိုအချက်တွေကို ထည့်ရမလဲဆိုတာ ဒေသခံတွေနဲ့ လူမှုကူညီရေး အသင်းအဖွဲ့တွေကြားမှာ ဆွေးနွေးနေကြတာတွေ ရှိနေပါတယ်။
အဓိကအားဖြင့် အမ်းမြို့က တောင်ပေါ်ဒေသနဲ့ ကမ်းရိုးတန်းဒေသဆိုပြီး ဒေသနှစ်ခုရှိပြီး ကမ်းရိုးတန်းဒေသမှာ ရက္ခိုင်တိုင်းရင်းသားတွေ နေထိုင်ပြီးတော့ တောင်ပေါ်ဒေသမှာ ချင်းတိုင်းရင်းသားတွေ နေထိုင်ကြတာပဲ ဖြစ်ပါတယ်။
တောင်ပေါ်မှာ ဝါးခုတ်တဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းကြပြီး ကန်းရိုးတန်းမှာ ရေလုပ်ငန်းကို လုပ်ကြတာ ဖြစ်တဲ့အတွက် သူတို့ရဲ့ လုပ်ငန်းက ကုန်ပစ္စည်းတွေ ဈေးကွက်ထဲကို ရောက်အောင် အာရက္ခတပ်တော်အနေနဲ့ လုပ်ဆောင်ပေးမယ်ဆိုရင် တိုက်ပွဲမှာ ဒေသခံတွေ ထိခိုက်ပျက်စီးသွားတာတွေကို အထောက်အကူဖြစ်စေနိုင်တယ်ဆိုပြီး အမ်းဒေသခံတွေက ပြောပါတယ်။
ပြီးတော့ လက်ရှိမှာ ရက္ခိုင်ပြည်မှာ ကြုံနေရတဲ့ ရာသီဥတု မမှန်တာ၊ ရေရှားပါးတာကြောင့် ဖြစ်နေကြတဲ့ ယားနာရောဂါတွေ သက်သာဖို့ဆိုရင် သစ်တောပြုန်းတီးတာကို ကာကွယ်ဖို့ လုပ်ဖို့လည်း လိုပါမယ်။
စစ်ကောင်စီက တပ်ပိုင်မြေအနေနဲ့ သိမ်းထားတဲ့ ပြည်သူတွေရဲ့ လယ်ယာမြေတွေကိုလည်း ဥပဒေတွေ၊ နည်းဥပဒေတွေ ရေးဆွဲပြီးတော့ ပိုင်ရှင်တွေထံကို ပြန်ရောက်အောင်လည်း လုပ်ဆောင်ပေးသင့်တယ်ဆိုပြီး အမ်းမြို့ဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ အဓိကကလေ ကျနော်တို့ ဒေသထွက်ကုန်တွေ ဈေးကွက်ထဲကို ရောက်ဖို့လိုတယ်။ ရက္ခိုင်ရိုးမထဲမှာ သယံဇာတတွေ ရှိတယ်ပေါ့နော်။ ဝါးနဲ့ ပတ်သက်တဲ့ သယံဇာတတွေ ရှိတယ်။ ဈေးကွက်ထဲကို ရောက်ဖို့ လိုတယ်။ အဲဒါတွေက တောင်ပေါ်မှာရှိတဲ့ ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အထောက်အကူ ဖြစ်တယ်ပေါ့နော်။ နောက်ပြီးတော့ ကမ်းရိုးတန်းဒေသမှာရှိတဲ့ အဓိကတော့ အမ်းသည် တောင်ပေါ်ဒေသရော၊ ပင်လယ်ဝဒေသရော ၂ ခုမှာ ပင်လယ်ဝဒေသမှာဆိုရင် ရက္ခိုင်လူမျိုးတွေ နေကြတယ်။ တောင်ပေါ်ဒေသဆိုရင် ချင်းတိုင်းရင်းသားတွေ နေကြတယ်ပေါ့နော်။ သူတို့ ဌာနေတိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးထဲမှာ တောင်ပေါ်မှာဆိုရင် ဝါးတွေရှိတယ်။ အဲဒီဝါးတွေ ဈေးကွက်ထဲရောက်ဖို့ ဖော်ဆောင်ပေးဖို့ လိုတယ်။ အဲဒါ ပြန်လည်ထူထောင်ရေးမှာ သူတို့အတွက် အထောက်အကူဖြစ်တယ်။ နောက်ပြီးတော့ ကမ်းရိုးတန်းဒေသမှာရှိတဲ့ ရက္ခိုင်လူမျိုးတွေအတွက် ပင်လယ်သယံဇာတတွေ ဈေးကွက်ထဲကို ရောက်ဖို့လိုတယ်ပေါ့နော်။ အဲဒါက အထောက်အကူဖြစ်တယ် ဥပမာ အိန္ဒိယတို့၊ ဘင်္ဂလားဒေ့ရှ်တို့ဘက် သွားဖို့ လိုတယ်” လို့ ပြောပါတယ်။
အလားတူ သစ်တော်တွေ ပြုန်းတီးလာတဲ့အတွက် ရေရှားပါးမှုတွေ ကြုံတွေ့လာရပြီး ယားနာနဲ့ ပတ်သက်တဲ့ ရောဂါတွေ ကြုံတွေ့လာရတာ ရှိသလို အရင်က စစ်ကောင်စီတပ်ရဲ့ လယ်ယာမြေတွေကို သိမ်းစည်းခဲ့တာကို မူလပိုင်ရှင်ထံ ပြန်လည်ရောက်ရှိဖို့ လုပ်ဆောင်သင့်တယ်လို့ သူက ဆက်ပြောပါတယ်။
“ရေရှားပါးမှုတွေ၊ ဥတုမမှန်မှုတွေ၊ ယားနာနဲ့ ပတ်သက်တဲ့ ရောဂါတွေ မျိုးစုံဖြစ်လာတယ်ပေါ့နော်။ အဲဒီလိုမျိုးတွေ ကြုံရတယ်။ သစ်တောသယံဇာတ ထိန်းသိမ်းရေးတွေ ပြန်လည်ထူထောင်ရေးမှာ ပါဖို့လိုတယ်။ စစ်ကောင်စီတပ်က လယ်ယာမြေတွေကို တောက်လျောက် သိမ်းခဲ့တာရှိတယ်။ အဲဒါတွေကို မူလပိုင်ရှင်ဆီ ပြန်ရောက်ဖို့ ပြန်လည်ထူထောင်ရေး လုပ်တဲ့အခါ မူဝါဒတွေချပြီးတော့ ဥပဒေတွေ၊ နည်းဥပဒေတွေနဲ့ လုပ်ဆောင်ဖို့ လိုတယ်။ ပြန်လည်ထူထောင်ရေးအပိုင်းမှာ အဲဒါတွေက အင်မတန်မှ တိုက်ပွဲမှာ ထိခိုက်မှုတွေကို ကုစားလို့ရတဲ့ အပိုင်းတွေပေါ့နော်။ အဲဒီအချက်တွေကို ထည့်ဖို့ လိုအပ်တယ်ပေါ့။ လမ်းတံတားတွေ၊ ပညာရေးတို့၊ ကျန်းမာရေး ဝန်ဆောင်မှုတွေ ပါဖို့ လိုတယ်ပေါ့နော်။ နောက်ပြီး လူနည်းစုတွေ နေထိုင်တဲ့နေရာတွေမှာ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေကို အလေးပေးပြီး ထားဖို့လိုတယ်ပေါ့နော်။ တန်ဖိုးထားမှုတွေကို အသုံးချပြီးတော့ ပြန်လည်ထူထောင်ရေးမှာ အသုံးပြုဖို့ လိုအပ်တယ်လို့ ထင်တယ်” လို့ ပြောပါတယ်။
ကမ်းရိုးတန်းဒေသက ထွက်တဲ့ ငါး၊ ပုဇွန် စတဲ့ ရေထွက်ကုန်တွေကို တရုတ်နိုင်ငံ ဈေးကွက်ကို တင်ပို့ကြတာ ဖြစ်တဲ့အတွက် တရုတ်ပြည်ဈေးကွက်အပြင် ရက္ခိုင်ပြည်နဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို တင်ပို့နိုင်ဖို့အတွက်ကိုလည်း ဈေးကွက်ဖော်ပေးဖို့လည်း လိုအပ်ပါတယ်။
လက်ရှိက တိုက်ပွဲတွေကြောင့် အမ်းမြို့အပါအဝင် ရက္ခိုင်တပြည်လုံးမှာ ကုန်ဈေးနှုန်း အဆမတန် ကြီးတာကိုလည်း လျှော့ချပေးနိုင်ဖို့ လိုအပ်တယ်ဆိုပြီး အမ်းမြို့ဒေသခံတစ်ယောက်က ထောက်ပြထားပါတယ်။
“ အဓိကတော့ ငါး၊ ပုဇွန်နဲ့ ပတ်သက်တဲ့ အဝယ်ဒိုင်တွေ ဖွင့်လို့ရတယ်။ ငါး၊ ပုဇွန်၊ ဂဏန်းတွေကို တရုတ်ပြည်အထိ ပို့ကြတယ်ပေါ့နော်။ အဲဒါက ရက္ခိုင်ကမ်းရိုးတန်းဒေသမှာရှိတဲ့ လူမျိုးစုတွေအတွက် မှီခိုရာပေါ့နော်။ အဓိကဝင်ငွေပေါ့။ ကျန်းမာရေး၊ ပညာရေး၊ မိသားစု စားဝတ်နေရေးအတွက် ပင်လယ်ထဲမှာရှိတဲ့ သယံဇာတတွေက အထောက်အကူပြုတယ်။ သူတို့ရဲ့ အတတ်ပညာပေါ့။ သားစဉ်မြေးဆက် အတတ်ပညာလို့ဆိုလည်း ကမ်းရိုးတန်းဒေသမှာရှိတဲ့ ပြည်သူလူထုတွေအတွက်ရော ငါးဖမ်းအတတ်ပညာတွေက သားစဉ်မြေးဆက် အတတ်ပညာဖြစ်တယ်။ အသက်မွေးဝမ်းကျောင်း ဖြစ်တယ်ပေါ့။ တောင်ပေါ်ဒေသမှာဆိုရင် ဝါးခုတ်တာသည် တောင်ပေါ်ဒေသရဲ့ အသက်မွေးဝမ်းကျောင်းပေါ့။ အဓိကတော့ တောင်ပေါ်မှာ လမ်းပန်းဆက်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု တောင်ပေါ်မှာလည်း အခြေခံတယ်ပေါ့နော်။ ပြည်သူလူထုအတွက် ကုန်ပစ္စည်းတွေ ဝင်နိုင်ဖို့ လမ်းပန်းဆက်သွယ်ရေးက ကုန်စည်စီးဆင်းမှုကို အထောက်အကူပြုတယ်ပေါ့” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အမ်းမြို့က ရက္ခိုင်ပြည်မှာဆိုရင် စစ်ရေးအရရော၊ စီးပွားရေးအရရပါ အချက်အချာကျတဲ့ မြို့ဖြစ်သလို တရုတ်ရဲ့ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာမှာ ပါဝင်တဲ့မြို့လည်း ဖြစ်ပါတယ်။
အဲဒါအပြင် အမ်း – ပဒါန်းလမ်း၊ အမ်း – မင်းဘူးလမ်း၊ အမ်း – မအီကားလမ်း၊ အမ်း – တပ်တောင်လမ်း၊ အမ်း – စစ်တွေလမ်း စတဲ့ ကုန်စည်စီးဆင်းတဲ့ လမ်းတွေ ရှိတာကြောင့် စီးပွားရေးနဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံတာတွေ လုပ်ဆောင်ဖို့အတွက် အကောင်းဆုံးမြို့လည်း ဖြစ်ပါတယ်။
ဒါပေမယ့် တောင်ပေါ်ဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ဖို့အတွက်ကို လုပ်ပေးမှပဲ အဆင်ပြေမှာလည်း ဖြစ်ပါတယ်။
4 Comment
Accurate weather forecast Kotor weather for today, tomorrow, and next week. Temperature, precipitation, wind, and humidity are all included. Follow the weather in Kotor and get up-to-date weather data online.
купить золотое кольцо 585 купить помолвочное кольцо
Слот Mental 3 часто вызывает вопросы по режимам, частоте бонусок и “поведению” на разных ставках – поэтому мы собрали отдельную группу, где всё это обсуждают живо и по делу: результаты, скрины, советы и просто общение по игре. Вступить можно здесь: https://t.me/s/mentalslot_3
Если вам нужен рейтинг онлайн казино, важно смотреть не только на “топ-10”, а на детали, которые реально влияют на опыт: прозрачные правила, стабильные выплаты, адекватные лимиты, нормальная поддержка и отсутствие массовых жалоб на блокировки/затяжные проверки. Мы как раз ведём Telegram-канал, где публикуем актуальные рейтинги и обновления по площадкам – удобно сравнивать и выбирать без лишней суеты. Ссылка: https://t.me/s/rating_casino_russia