အာရက္ခတိုင်းမ်စ် (၇ ဇန်နဝါရီ ၂၀၂၅)
ရန်ပုံငွေအတွက်ဆိုပြီး KTV ဖွင့်လှစ်ဖို့ ကြိုးပမ်းတဲ့ ဗကသ ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံံဖြိုးက ဒီကနေ့ (ဇန်နဝါရီ ၇ ရက်) မှာ ၎င်းရဲ့ လူမှုကွန်ယက်စာမျက်နှာကနေတဆင့် ပြန်လည်တောင်းပန်ခဲ့ပါတယ်။
KTV ဖွင့်လှစ်ဖို့ ကြိုးပမ်းမှုမှာ ပါဝင်ခဲ့တဲ့ ဗကသ ဥက္ကဌ ကိုအောင်ပြည့်စုံဖြိုး နဲ့ ဘဏ္ဍာရေးတာဝန်ခံ ကိုရှိုင်းဝဏ္ဏအောင်ကို ရာထူးကနေ ဖယ်ရှားလိုက်တယ်လို့ မနေ့က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချူပ် ကနေ သတင်းထုတ်ပြန်ပါတယ်။
ကိုအောင်ပြည့်စုံဖြိုးက “အမှားလုပ်မိတာမလို့ အဖွဲ့အစည်းက ဒီလိုအရေးယူတာကို ကျေကျေနပ်နပ်လက်ခံပါတယ်။ ပုဂ္ဂိုလ်ရေးအရ ဘယ်လောက်ရင်းနှီးပါစေ အလုပ်နဲ့ ပတ်သက်ရင် ပြတ်ပြတ်သားသား ကိုင်တွယ်တတ်တဲ့ ရဲဘော်တွေအတွက် ကျနော်ဂုဏ်ယူပါတယ်။ ၂၀၁၇ ကနေ စတင်ခဲ့တဲ့ ဆယ်စုနှစ်တခုစာနီးပါရှိတဲ့ တန်ဖိုးတခုကို မကျော်သင့်တဲ့စည်း ကျော်မိတာကြောင့် ဆုံးရှုံးလိုက်ရပါတယ်။ ကျနော့ကြောင့် အဖွဲ့အစည်းဖြစ်တာမဟုတ်ပါ။ အဖွဲ့အစည်းကြောင့် ကျနော်ဖြစ်လာတာပါ။ အမှားကို လက်ခံကာ ပြစ်ဒဏ်ကိုလိုက်နာ ပြုပြင်ပြီး ဒီတော်လှန်ရေးကို ဘယ်လိုနည်းနဲ့မှ စွန့်ခွာမှာ မဟုတ်ဘူးဆိုတာကတော့ သေချာပါတယ်။ ဒီလောက်နဲ့ ပြိုလဲရင် ဆုံးရှုံးခဲ့ရတာတွေအတွက် ဘယ်တန်ပါ့မလဲ။ ပြုပြင်ပြီးရင် ပြန်လာခဲ့ပါမယ်။ရဲဘော်တို့ကို မျက်နှာပျက်စေတဲ့အတွက် တောင်းပန်ပါတယ်” လို့ ပြောပါတယ်။
ဗကသ ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ကိုအောင်ပြည့်စုံဖြိုးဟာ ဘဏ္ဍာငွေ ရှာဖွေရန်ရည်ရွယ်ချက်နဲ့ KTV လုပ်ငန်းဖွင့်လှစ်နိုင်ဖို့ ကြိုးပမ်းရာမှာ ပါဝင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကိုအောင်ပြည့်စုံဖြိုးက ၎င်းကိုယ်ကျိုးအတွက် လုပ်ခြင်း မဟုတ်သလို ရန်သူနဲ့ ပေါင်းတာ မဟုတ်ကြောင်း သူ့အနေနဲ့ တော်လှန်ရေးမှာ ဆက်ရှိနေမယ်လို့ ယုံကြည်ကြောင်း ဗကသကျောင်းသားတစ်ဦးက ပြောပါတယ်။
“ပထမဆုံးတချက် ပြောလိုတာက ခုဖြစ်တဲ့ ကိစ္စမှာ ရဲဘော်အောင်ပြည့်စုံဖြိုးဟာ သူ့ကိုယ်ကျိုးအတွက် လုပ်တာမဟုတ်သလို ရန်သူနဲ့ပေါင်းတာ မဟုတ်ဘူး။ ရဲဘော်အနေနဲ့ တော်လှန်ရေးမှာ ဆက်ရှိနေပြီး သူနိုင်တာ လုပ်နေအုန်းမယ်လို့ ယုံကြည်တယ်။ ဒုတိယတချက်က ဒါကို အဖွဲ့တွင်း ကြိတ်ဖြေရှင်းလို့ ရရဲ့သားနဲ့ ဗကသဟာ လူထုကို ချပြတယ်ဆိုတာက ဗကသ-က ဗကသ ဖြစ်နေလို့ပဲ။ ဒီကာလတောက်လျှောက်လုံး ဗကသဟာ ပုံဖျက်ခံခဲ့ရတဲ့ ကိစ္စတွေရှိတယ်။ ခုကိစ္စနဲ့လည်း ရှိလာနိုင်တာပါပဲ။ ဒီကိစ္စကို အဖွဲ့ချုပ်က ချပြတာမဟုတ်ပဲ ပြည်သူက သိခါမှ ထရှင်းရတာထက်စာရင် ဖြေရှင်းစဉ်ကတည်းက လူထုကို ချပြတာက တာဝန်ယူမှု၊ တာဝန်ခံမှုရှိတယ်လို့ မြင်တယ်။ ဒီလိုအပြုအမူမျိုး ဗကသတင်မဟုတ်ပဲ လက်ရှိ တော်လှန်ရေးမှာရှိနေတဲ့ အဖွဲ့အစည်းတွေအကုန် ရှိစေချင်တယ်။” လို့ အာရက္ခတိုင်းမ်စ် ကိုပြောပါတယ်။
အကျင့်ပျက် ခြစားမှုကို အဖွဲ့အစည်းကိုယ်တိုင်က သွေးရှိရှိနဲ့ လူသိရှင်ကြားထုတ်ဖော်ပြီး ထုတ်ပယ်လိုက်တဲ့ ကိစ္စမှာ ကောင်းတဲ့ကိစ္စဖြစ်ကြောင်း ခြစားမှုကို အများပြည်သူရှေ့မှောက် ရဲရဲဝံ့ဝံ့ထုတ်ဖော်ရှင်းလင်းတာ ကောင်းတဲ့ကိစ္စဖြစ်တယ်လို့ ဗကသအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
KTV ဖွင့်လှစ်ဖို့ ကြိုးပမ်းမှုဟာ ဗကသများ အဖွဲ့ချုပ်ရဲ့ စည်းမျဉ်းဥပဒေ၊ မူဝါဒစံနှုန်း၊ ဂုဏ်သိက္ခာကို ချိုးဖောက် ညှိုးနွမ်းစေတယ်လို့ ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
3 Comment
the best adult generator photo to porn video ai create erotic videos, images, and virtual characters. flexible settings, high quality, instant results, and easy operation right in your browser. the best features for porn generation.
Hello folks!
I came across a 153 valuable tool that I think you should browse.
This site is packed with a lot of useful information that you might find valuable.
It has everything you could possibly need, so be sure to give it a visit!
https://www.nydjlive.com/healthy-breakfast-ideas-to-jumpstart-your-day/
Furthermore don’t forget, folks, which a person always are able to inside this piece discover answers to address the most confusing inquiries. Our team attempted to present all of the content in an most accessible manner.
Hello friends!
I came across a 153 fantastic tool that I think you should visit.
This resource is packed with a lot of useful information that you might find helpful.
It has everything you could possibly need, so be sure to give it a visit!
https://gadgetsng.com/the-ultimate-guide-to-start-snowboarding/
Additionally don’t overlook, guys, — a person constantly can in this piece find solutions for the the very complicated queries. The authors attempted to lay out the complete content via the most very easy-to-grasp manner.