ဘင်္ဂလား ငါးခိုးဖမ်းသမားများ ရက္ခိုင်ရေပိုင်နက်ထဲထိ ဝင်ရောက် ဒါးမြတိုက်နေ

အာရက္ခတိုင်းမ်စ် (၂၂ မတ် ၂၀၂၆)

ဘင်္ဂလားဒေ့ရှ် ငါးခိုးဖမ်းသမားတွေဟာ ရက္ခိုင်ပြည် ရေပိုင်နက်ထဲ ငါခိုးဖမ်းတာ လုပ်နေတဲ့အပြင် ဒါးမြတိုက်တာတွေပါ လုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။

“ဘင်္ဂလာကနေ အာလူးတွေ တင်လာတဲ့ ဘုတ်ကို မနေ့ညက ရက္ခိုင်ရေပိုင်နက်ထဲမှာ ဘင်္ဂလားက ငါးလာခိုးဖမ်းတဲ့အဖွဲ့က ဒါးမြတိုက်ပြီး ပစ္စည်းတွေ ယူဆောင်သွားတယ်” လို့ မောင်တောမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မတ်လ ၂၁ ရက် ည ၁၁ နာရီခန့်တွင် ကျောက်ပန္ဒူအနောက်တောင်ဖက် ရက္ခိုင်ပင်လယ်ကမ်းစပ်မှ မီတာ ၁၀၀၀ ကျော်အကွာတွင် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၅ ဦး ပါရှိတဲ့ ဘုတ် ၁ စီးကနေ တုတ်၊ ဓါးတွေ ကိုင်ဆောင်ပြီး ဒါးမြတိုက်သွားတာလို့ သိရပါတယ်။

“ရက္ခိုင်ဘုတ်မှာက စုစုပေါင်း ဘုတ်သမား ၉ ယောက်ပါတယ်။ ဘုတ်သမားခေါင်းဆောင် ကိုမာစီကို ဒါးမြတွေက ဓါးနဲ့ ခုတ်သွားတယ်။ ပါတဲ့ ကုန်တွေအပြင် ဖုန်းတွေပါ ယူသွားတယ်” လို့ သူက ဆက်လက်ပြောပါတယ်။

ဒါးမြတိုက်ခံလိုက်ရတဲ့ ဘုတ်ဟာ ရက္ခိုင်ပြည် မောင်တောမြို့နယ် ကျောက်ပန္ဒူရွာနေ ဦးသက်ခိုင်မင်း ပိုင်ဆိုင်တာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် ငါးခိုးဖမ်းသူတွေဟာ ဘုတ်မှာ တင်ဆောင်လာတဲ့ အာလူးအိတ် ၄၀၀ ကို လုယူသွားတယ်လို့ သိရပါတယ်။

Photo – APM

Related posts

ကမ္ဘာကျော် အဆိုတော် Zayn Malik က ရက္ခိုင်၊ ကရင်နီ လေကြောင်းတိုက်ခိုက်မှုအပေါ် UNICEF ထုတ်ပြန်ချက်ကို မျှဝေ

ရက္ခိုင်ပြည်ထွက်ပေါက် ကျောက်ထုကို စစ်ကောင်စီ အင်အားဖြည့်တင်းနေ

DCO က သက္ကမကျောင်းသူ/သား ၂၆ ဦးကို ၉၄ သိန်းကျော် ပညာသင်ဆု ထောက်ပံ့