Breaking News

ကျိန္တလီကို ဂျက်ဖိုက်တာနဲ့ လာပစ်၊ ၂ ဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၁၃ ဖေဖော်ဝါရီ ၂၀၂၅)

ရက္ခိုင်ပြည် ကျိန္တလီမြို့ကို ဒီနေ့ နေ့လည် ၁၂ နာရီလောက် ဂျက်ဖိုက်တာနဲ့ လာရောက်ပစ်ခတ်လို့ ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့တယ်လို့ ကနဦး သိရပါတယ်။

“မိန်းမတစ်ယောက် နဲ့ ကလေးတစ်ယောက် ဆုံးသွားတယ်။ အမှတ် (၃) သဖန်းကွင်း ကို လာရောက် ပစ်တာပါ” လို့ ဂွမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ ပြည်ထောင်စုနေ့ဖြစ်တဲ့ မနေ့ကလည်း ကျိန္တလီမြို့ကို စစ်ကောင်စီက ဗုံးလာကြဲသဖြင့် တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီဟာ ဂွမြို့နယ်အတွင်းရှိ ကံ့ကော်တောင်ကျေးရွာကို ၄ရက်နေ့က တစ်ကြိမ်၊ ကျိန္တလီမြို့ကို ၈ရက်နေ့က တစ်ကြိမ် နဲ့ ဘဝင်ကျေးရွာကို ၁၀ရက်နေ့က တစ်ကြိမ် ဗုံးကြဲခဲ့ပါတယ်။

Related posts

AA က ရွေးတုတပ်ရဲ့ ကာကင်းနဲ့ ခြေကုတ်စခန်းတွေကို ဆက်တိုက် သိမ်းပိုက်နေ

ပြည်ပရောက်ညီနောင်ပရဟိတအသင်းများရဲ့ ၇ ကြိမ်မြောက် အလှူငွေကို HDCO ကတဆင့် လှူဒါန်း

သံတွဲကို ရွေးတုတပ် ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲ၊ ပြည်သူတစ်ဦး ဒဏ်ရာရ