စစ်သုံ့ပန်း ၂၀၀ နီးပါး AA ထပ်မံ လွှတ်ပေး

အာရက္ခတိုင်းမ်စ် (၁၈ ဖေဖော်ဝါရီ ၂၀၂၅)

အာရက္ခတပ်တော်က ထိန်းသိန်းထားတဲ့ စစ်သုံ့ပန်း ၂၀၀ နီးပါးကို ဒီအပတ်ထဲတွင် ထပ်မံလွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

“အားလုံးပေါင်း ၁၉၇ ယောက်ပါ။ အဲဒီအထဲမှာ ဒု-ရဲမှူးကြီး တစ်ယောက်လည်း ပါတယ်” လို့ ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေက ဒေသခံတစ်ဦးက ဆိုပါတယ်။

အဆိုပါ လွှတ်ပေးလိုက်တဲ့ စစ်သုံ့ပန်း ၁၉၇ ယောက်ထဲတွင် အမျိုးသမီး ၁၄၇ ယောက်နဲ့ အမျိုးသား ၅၁ ယောက် ပါဝင်တယ်လို့လည်း သိရပါတယ်။

ဖေဖော်ဝါရီ လဆန်းကလည်း အာရက္ခတပ်တော်အနေနဲ့ စစ်သုံ့ပန်း ၁၄၂ ယောက် လွှတ်ပေးခဲ့ပါတယ်။

Related posts

စစ်ရှောင်ကျောင်းသား ၁၀၀ ရဲ့ ပညာရေးကူညီဖို့ “ အနာဂတ်လှိုင်း” ကမ်ပိန်းပြုလုပ်

ကျောက်ဖြူက AA ထိန်းချုပ်နေရာတွေကို စကမ နေဗီကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေ

တရုတ်က ရက္ခိုင်တပြည်လုံးလွတ်မြောက်အောင် အားပေးမှာလား