WFP ရဲ့ အထောက်အပံ့ရပ်ဆိုင်းမှု ရက္ခိုင်က လူဦးရေ ၁ သိန်း ထိခိုက်နိုင်

အာရက္ခတိုင်းမ်စ် (၁၄ မတ်၂၀၂၅)

ကုလသမဂ္ဂ စားနပ်ရိက္ခာ ထောက်ပံ့ရေးအစီအစဥ် WFP က ရန်ပုံငွေ အခက်အခဲကြောင့် မြန်မာနိုင်ငံက လူဦးရေ တစ်သန်းအတွက် အထောက်အပံ့တွေကို ရပ်ဆိုင်တော့မယ်လို့ WFP က ထုတ်ပြန်လာပါတယ်။

အခုလို ရပ်ဆိုင်းတာကြောင့် စားနပ်ရိက္ခာအထောက်အပံ့တွေရဖို့ WFP ရဲ့ အထောက်အပံ့ကို အဓိက အားထားနေရတဲ့ ရိုဟင်ဂျာတွေအပါအဝင် ရက္ခိုင်ပြည် အလယ်ပိုင်းက နေရပ်စွန့်ခွာသူ ၁ သိန်းကိုပါ ထိခိုက်သွားစေပါတယ်။

ရက္ခိုင်က နေရပ်စွန့်ခွာ ပြည်သူတွေဟာ တိုက်ပွဲတွေကြောင့် နေရပ်မပြန်နိုင်တဲ့အပြင် မိုင်းအန္တရာယ်တွေကြောင့် အလုပ် လုပ်ကိုင်လို့မရတဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုတွေကို အားထားနေရတာကြောင့် အခုလို WFP က စားနပ်ရိက္ခာ ထောက်ပံ့မှု ရပ်ဆိုင်းလိုက်မယ်ဆိုရင် အငတ်ဘေးနဲ့ ကြုံလာနိုင်ပါတယ်။

ရန်ပုံငွေမရရင် အသက် ၅ နှစ်အောက်ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေနဲ့ မသန်စွမ်းတဲ့သူတွေ ပိုပြီးတော့ ထိခိုက်နိုင်ပြီး လက်ရှိအခြေအနေအရ မြန်မာ့လူဦးရေ ၃၅၀၀၀ ခန့်ကိုပဲ ကူညီထောက်ပံ့ပေးနိုင်တော့မှာဖြစ်တယ်လို့ WFP က ပြောထားပါတယ်။

ရန်ပုံငွေ လိုအပ်ချက် မြင့်မားတာကြောင့် လာမယ့် ဧပြီလကနေစပြီးတော့ မြန်မာနိုင်ငံက လူဦးရေ ၁ သန်းအတွက် စားနပ်ရိက္ခာ အထောက်အပံ့တွေကို ရပ်ဆိုင်းတော့မယ်လို့ ထုတ်ပြန်ထားပါတယ်။

WFP က စားနပ်ရိက္ခာ လိုအပ်မှု အမြင့်ဆုံးအချိန် မိုးတွင်းကာလဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွက် အရေးပေါ်အစီအစဥ်အနေနဲ့ စားနပ်ရိက္ခာ ပြတ်တောက်သွားနိုင်တဲ့ လူဦးရေ ၃ သိန်းကို ပြန်ပြီး အထောက်အပံ့တွေ ပေးသွားနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့လည်း ပြောထားပါတယ်။

ရက္ခိုင်ပြည်အတွင်း အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တို့အကြား တကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၄ နိုဝင်ဘာလအထိ တစ်နှစ်အတွင်းမှာ နေရပ်စွန့်ခွာသူ ၆ သိန်းနီးပါး ရှိနေတယ်လို့ ရက္ခိုင်အမျိုးသမီးအဖွဲ့ချုပ် ULA ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံ HDCO က ထုတ်ပြန်ထားပါတယ်။

Related posts

လေကြောင်းလိုင်းအားလုံး ပြည်တွင်း ခရီးစဉ်တွေရပ်နား

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)

5 Comment

KrovlyaPhord ဖေ‌ဖော်ဝါရီ 24, 2026 - 4:28 မနက်

Здравствуйте дорогие друзья! Очень актуальная тема — кровля в зимний период. Здесь такой момент: рубероид на морозе не клеится. А вот мембрану можно — могу рекомендовать: монтаж ПВХ мембраны. На практике видел: монтаж ПВХ — работает и в мороз. Короче стройка не ждёт — так вот мембранная кровля выручает. На первом этапе специальные режимы сварки. Вместо заключения: один из самых эффективных способов — сроки соблюдены.

ShumoizolyaciyaAvtodrary ဖေ‌ဖော်ဝါရီ 24, 2026 - 4:34 မနက်
ShumoizolyaciyaTorpedydrary မတ် 3, 2026 - 11:44 ညနေ
ShumoizolyaciyaDverejPhord မတ် 4, 2026 - 12:28 မနက်
NakrutkaTelegramdrary မတ် 10, 2026 - 10:59 ညနေ
Add Comment