AA က မီးဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်

အာရက္ခတိုင်းမ်စ် (၂၄ မတ် ၂၀၂၅)

ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွေမှာ အာရက္ခတပ်တော်အနေနဲ့ မီးဘေးကာကွယ်ဖို့အတွက် ကြိုတင်ကာကွယ်နေတယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပလက်ဝမြို့အပါအဝင် ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွေမှာ အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ ရဲ့ မီးသတ်ဌာနက ဦးဆောင်ပြီးတော့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပညာရေးဟောပြောပွဲများ၊ မီးသတ်ပုံ သရုပ်ပြတာတွေ လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

မင်းပြားမှာ ဟိုတလောက မီးလောင်မှု ဖြစ်တယ်။ အခုလို ကြိုတင်ကာကွယ်တာတွေကို ပြည်သူတွေသိရတော့ စိတ်အေးရတာပေါ့။ နောက် ကျနော်တို့လည်း ဘယ်လို ကူရမယ်ဆိုတာလည်း သိရတော့ အရေးရယ် အကြောင်းရယ်ဆို ဝိုင်းကူညီပေးလို့ ရတာပေါ့” လို့ မင်းပြားမြို့ ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ ရဲ့ မီးသတ်ဌာနအနေနဲ့ ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေတွေက မြို့ရွာတွေမှာလည်း မီးသတိပြု၊ မီးဘေးအန္တရာယ်ကာကွယ်ပါ စတဲ့ ဆိုင်းဘုတ်တွေကိုလည်း လမ်းဆုံ၊ လမ်းခွတွေမှာ စိုက်ထူပြီး အသိပညာပေးနေတယ်လို့လည်း သိရပါတယ်။

ဈေးတွေမှာလည်း အသံချဲ့စက်တွေနဲ့ အော်တာတွေရှိတယ်။ ရွာဖက်တွေမှာလည်း မီးဘေးအတွက် ကြိုတင်ကာကွယ်ဖို့ လိုက်လံလုပ်ဆောင်နေတာ တွေ့ရတယ်။ ပြည်သူတွေကလည်း ပူးပေါင်းလုပ်ဆောင်နေပါတယ်” လို့ ပုဏ္ဏားကျွန်းမြို့ ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ ရဲ့ မီးသတ်ဌာနက မတ်လ ၂၂ ရက်တွင် မောင်တောမြို့နယ် ရွှေဇားတံတားအနီး မီးလောင်မှုကိုလည်း ငြိမ်းသတ်ပေးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ – Golden Era Media

Related posts

အစိုးရ အပြောင်းအလဲနှင့် ပညာရေး အပြောင်းအလဲဟု ဆိုကြသော်လည်း အမှန်ဆိုလျှင်

ဝီရဌာနီမြို့နယ်ရှိ‌ ဒေသခံတွေအတွက် ARAKAN လူငယ်ပရဟိတအသင်းက HDCO နဲ့ ပူးပေါင်းလှူဒါန်း

ငပလီကို ကမ်းတက်နိုင်ရန် ရွေးတုအစိုးရ ကြံစည်နေ

1 Comment

slottica pl ဇူလိုင် 14, 2026 - 11:59 မနက်

Automaty stanowią rdzeń oferty Slottica Casino — od klasycznych maszyn owocowych po nowoczesne sloty z progresywnymi jackpotami. Każdy tytuł dostępny jest w trybie demonstracyjnym, umożliwiającym zapoznanie się z mechaniką bez ryzyka.Sekcja gier stołowych oferuje wiele wariantów ruletki, blackjacka i baccarat. Kasyno na żywo zapewnia rozgrywkę z prawdziwymi krupierami w czasie rzeczywistym, tworząc autentyczną atmosferę kasyna naziemnego. Uzupełnieniem oferty są popularne gry crash oparte na mnożnikach, cenione za szybkie tempo i dynamikę.

Add Comment