အာရက္ခတိုင်းမ်စ် (၅ ဧပြီ ၂၀၂၅)
ရက္ခိုင်ပြည် တောင်ကုတ်မြို့တွင် စစ်ကောင်စီရဲ့ စစ်ကျန်ဗုံးပေါက်ကွဲ ဧပြီ ၄ ရက်က ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ ကလေးက ကိုယ်ထူကိုယ်ထ စာသင်ဝိုင်းမှာ စာသွားသင်ရင် အိမ်အပြန်မှာ တပ်ရှေ့မှာ ဗုံးတွေ့တာကို ကောက်ပြီး ဆော့ကစားတာကနေ ပေါက်ကွဲတာ။ သူနဲ့အတူ ပါလာတဲ့ အဖော်ကလေးလည်း ဒဏ်ရာ တော်တော်လေးကို ပြင်းပြင်းထန်ထန် ရသွားတယ်” လို့ တောင်ကုတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်ကျန်ဗုံးကြောင့် သေဆုံးသွားသူမှာ တောင်ကုတ်မြို့နယ် ရန်ခေါ်ရွာက အသက် ၁၃ နှစ်အရွယ် မောင်မင်းခန့်စိုး ဖြစ်တယ်လို့လည်း သိရပါတယ်။
ဧပြီလ ၄ ရက် နေ့လည်း ၁၁ နာရီ ခွဲ ခန့်မှာ ကိုယ်ထူကိုယ်ထ စာသင်ဝိုင်းကနေ သေဆုံးသွားခဲ့သူ မောင်မင်းခန့်စိုး နဲ့ အတူ သူငယ်ချင်းဖြစ်သူ မောင်ရှိုင်းအောင်ထက် ဟာ စစ်ကောင်စီအခြေစိုက်ခဲ့တဲ့ ခမရ ၅၄၄ တပ်ရင်းနားမှာ စစ်ကောင်စီရဲ့ စစ်ကျန်ဗုံးကို တွေ့ရှိရာ ကောက်ယူဆော့ကစားရင်း ပေါက်ကွဲတာဖြစ်တယ်လို့ သိရပါတယ်။
ရက္ခိုင်ပြည်တွင် စစ်ကောင်စီထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်း၊ စစ်ကျန်လက်နက်တွေကြောင့် ရက္ခိုင်ပြည်သူတွေမှာ အသက်အန္တရာယ်ဘေးကို နေ့စဉ်ကြုံတွေ့နေရပါတယ်။
ရက္ခိုင်ပြည်သူတွေ အသက်ဘေးအန္တရာယ် လုံခြုံစေရေးအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့လည်း ရက္ခိုင်ဒေသအတွင်းမှာ မိုင်း နဲ့ စစ်ကျန်လက်နက်အန္တရာယ်ပညာပေးဟောပြောပွဲများ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးဆိုင်းဘုတမျေား၊ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ မိုင်းရှင်းလင်းရေး လုပ်ငန်းများကို လုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။
9 Comment
проектор для домашнего кинотеатра магазин проекторов в Москве
купить квартиру в жк жк светский лес
химчистка обуви от запаха химчистка обуви
Играешь в казино? t.me Слоты, рулетка, покер и live-дилеры, простой интерфейс, стабильная работа сайта и возможность играть онлайн без сложных настроек.
Лучшее казино up x играйте в слоты и live-казино без лишних сложностей. Простой вход, удобный интерфейс, стабильная платформа и широкий выбор игр для отдыха и развлечения.
вытяжные заклепки с резьбой вытяжные резьбовые заклепки
Актуальный адрес krab ссылка на маркетплейс обновляется при каждой блокировке
дизайн частного дома дизайн коттеджа
дизайн квартиры студии дизайн 2 комнатных