မြောက်ဦးတွင် ကလေးငယ် ၄ ဦးကို မုဒိမ်းမှု ကျူးလွန်ရန် ကြံစည်အားထုတ်သူ ၁ ဦးကို ဒီလပ် ဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၂၂ မတ် ၂၀၂၆)

ရက္ခိုင်ပြည် မြောက်ဦးမြို့နယ်တွင် ကလေးငယ် ၄ ဦးကို မုဒိန်းမှု ကျူးလွန်ရန် ကြံစည်အားထုတ်သူ ဘက ကျောင်းဆရာ ၁ ဦးကို တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာနက မတ်လ ၁၁ ရက်တွင် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

မုဒိန်းမှု ကျူးလွန်ရန် ကြံစည်အားထုတ်သူမှာ အသက် ၅၆ နှစ်အရွယ် ဦးမောင်ငယ် (ခ) မောင်တင်နု ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ကျောင်းဆရာဟာ မြောက်ဦးမြို့ ဆင်ချဆိပ်ရပ်ကွက် တေဇာရာမကျောင်း (ဘက) တွင် ကျောင်းစာသင်ကြားနေသူ ဖြစ်တယ်လို့ သိရပါတယ်။

အကျူးလွန်ခံရသူ ကလေးငယ်ရဲ့ မိခင်က “ကျမသမီး အသက် ၈ နှစ်အရွယ် ကျောင်းသူရဲ့ မ အင်္ဂါထဲကို လက်ညှိုးနဲ့ ထိုးသွင်းပြီး မဖွယ်မရာ ပြုလုပ်ခဲ့တယ်” လို့ ဒီလပ် ထံ မတ်လ ၆ ရက်က တိုင်ကြားခဲ့တာလို့ သိရပါတယ်။

ဒီလပ်ဌာနအနေနဲ့ မြေပြင်တွင် စုံစမ်းရာ ကျူးလွန်သူ ဦးမောင်ငယ်ဟာ ၂၀၂၅ ခုနှစ်ကလည်း အသက် ၆ နှစ်၊ ၇ နှစ်၊ ၈ နှစ်အရွယ်ရှိ KG ကျောင်းသူ ၃ ဦးကို အလားတူ ကျူးလွန်ခဲ့တယ်လို့ သိရကြောင်း ဆိုပါတယ်။

ဒီလပ်ဌာနအနေနဲ့ ဦးမောင်ငယ် (ခ) မောင်တင်နုကို အမှုအမှတ် (ပ) ၁၄/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ နဲ့ အမှုဖွင့်ပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနဲ့အညီ အရေးယူ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်

မုဒိမ်းကျင့်ရန် ကြံစည်အားထုတ်မှု (Attempt to Commit Rape) ဟာ ကြီးမားတဲ့ ပြစ်ဒဏ်ကို ကျခံရနိုင်ပြီး ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ အရအလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၁၀) နှစ် အထိ အများဆုံး ကျခံရနိုင်ပြီး သက်ငယ် မုဒိမ်းမှုကျူးလွန်လျှင် ရာဇသတ်ကြီးပုဒ်မ ၃၇၆ (၃) အရ “မည်သူမဆို အသက် ၁၂ နှစ်အောက် အမျိုးသမီးကို မုဒိမ်းမှုကျူးလွန်ပါက ထောင်ဒဏ် တသက်ဖြစ်စီ၊ ထောင်ဒဏ် အနှစ် ၂၀ ဖြစ်စီ ချမှတ်ရမည်” လို့ ပြဋ္ဌာန်းထားကြောင်း တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာနက ထုတ်ပြန်ထားပါတယ်။

Related posts

AA ထိုးစစ်ခုခံရန် စစ်ကောင်စီက လေးမျက်နှာက စစ်ရှောင်တွေကို လူသားဒိုင်းလုပ်နေ

သမိုင်းဝင် တောင်းဖူးဘုရားကြီး စစ်ကောင်စီက ဗုံးကြဲလို့ ပြည်သူတစ်ဦး သေဆုံး

ပုဏ္ဏားကျွန်း ကုလားချောင်းရွာ ဗုံးကျ ပေါက်ကွဲလို့ ပြည်သူတစ်ဦး သေဆုံး

3 Comment

FrankThero စက်တင်ဘာ 4, 2026 - 4:25 မနက်

Амбулаторная психологическая поддержка.
Получить больше информации – консультант аддиктолог

JustinviT စက်တင်ဘာ 5, 2026 - 11:39 မနက်

Принимаем заявки круглосуточно, уточняем состояние и подбираем безопасный формат помощи.
Узнать больше – кодирование москва цены

Vernonzer စက်တင်ဘာ 7, 2026 - 11:07 မနက်

Если человек находится без сознания, испытывает выраженные судороги, тяжело дышит или имеются другие признаки непосредственной угрозы жизни, необходимо экстренное обращение в медицинскую службу. В подобных случаях ждать обычную выездную бригаду опасно.
Подробнее – https://2.vyvod-iz-zapoya-krasnoyarsk55.ru/

Add Comment