အာရက္ခတိုင်းမ်စ် (၅ ဧပြီ ၂၀၂၅)
စစ်ကောင်စီဟာ ရက္ခိုင်ပြည်က အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တော်တော်များများကို လေကြောင်းကနေ ဗုံးကြဲတာတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်တာတွေ လုပ်နေပေမယ့် အမ်းမြို့ကိုတော့ အဲဒီလို မလုပ်တာကို တွေ့ရပါတယ်။
အမ်းမြို့နယ်က စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိတဲ့ မြို့နယ်ဖြစ်ပေမယ့် အာရက္ခတပ်တော် ထိန်းချုပ်ပြီးနောက်မှာ စစ်ကောင်စီက စစ်ရေးအရ ရှုံးနိမ့်သွားတာကြောင့် ကြဲစရာအကြောင်း မရှိတော့တာဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်တဲ့သူတွေက သုံးသပ်ကြပါတယ်။
အဲဒါအပြင် အမ်းက တခြားမြို့နယ်တွေထက် စီးပွားရေး မဖွံ့ဖြိုးတာတွေကြောင့်လည်း စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးမကြဲတာ ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ အဲဒီမှာ မကြဲတာက စစ်ဌာနချုပ်ကြီး ကျသွားပြီလေ။ နဂိုကတည်းက အမ်းက မဖွံ့ဖြိုးဘူးလေ။ ကြဲစရာလည်း ကုန်ပြီလေ။ စစ်ဌာနချုပ်ကြီးကို သွားပြီး ဖွင့်ထားလို့သာ အမ်းက လူသူ ရှိနေတာကိုး။ ကျန်တဲ့ဟာက ဘာမှ မဟုတ်တာကြီးကို။ အဲဒါကြောင့်မို့လို့ စစ်ရေးအရလည်း ရှုံးသွားပြီလေ။ စီးပွားရေးနဲ့ နိုင်ငံရေးအရ အမ်းက အဲဒီလောက် အရေးမကြီးတော့ဘူးလေ” လို့ ပြောပါတယ်။
စစ်ကောင်စီက အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ဂွ၊ သံတွဲနဲ့ တောင်ကုတ်မြို့နယ်တို့ကို မကြာခဏ ဗုံးကြဲလေ့ရှိတာကို တွေ့ရှိရပါတယ်။
အဓိကအားဖြင့် လူနေထူထပ်တဲ့မြို့တွေ၊ စီးပွားရေး ပြန်လည်ကောင်းမွန်နေတဲ့ မြို့တွေကို ပစ်မှတ်ထားတာဖြစ်ပြီးတော့ အမ်းမြို့နယ်က မြို့ထဲကို တိုက်ပွဲရှောင်တွေ နေရပ်ပြန်တာ မရှိတာနဲ့ စီးပွားရေး မဖွံ့ဖြိုးတာတွေကို တွေ့ရပါတယ်။
နောက်ပြီးတော့ အမ်းမြို့နယ်က တရုတ်ရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေပိုက်လိုင်း ဖြတ်သန်းရာ မြို့ထဲမှာ ပါဝင်နေတာကြောင့် စစ်ကောင်စီက ရှောင်တာ ဖြစ်နိုင်တယ်လို့ အမ်းမြို့ဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ အမ်းက မြန်မာ – တရုတ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဖြတ်သန်းရာ အဓိကမြို့တမြို့ ဖြစ်တယ်ပေါ့နော်။ ရက္ခိုင်မှာ ကျောက်ဖြူရှိတယ်။ အမ်းသည် ဧရိယာအကျယ်ဆုံး အများစုဖြတ်တဲ့ မြို့တမြို့လည်း ဖြစ်တယ်ပေါ့။ နောက်ပြီးတော့ အမ်းကို ပြည်သူတွေ ဝင်ရောက်နေထိုင်ခွင့် မပြုသေးတဲ့၊ နောက်ပြီး အမ်းသည် စီးပွားရေးအရ အဆင်ပြေနေတဲ့ မြို့တမြို့ မဟုတ်ဆိုတဲ့အခါမျိုးမှာ ကျန်တဲ့မြို့တွေက စီးပွားရေးအရ အချက်အချာကျလာတယ်။ လူစည်ကားလာတယ်ဆိုရင် စစ်ကောင်စီကနေပြီး ပစ်မှတ်ထားတဲ့အခါမျိုးမှာ အမ်းမှာ အဲဒီလိုပုံစံမျိုး မရှိတာလည်း ဖြစ်တယ်။ အမ်းကို ပြည်သူလူထု ဝင်ရောက်ခွင့်မပေးတာကြောင့် အမ်းသည် စည်ကားနေတာမျိုး ရှိမနေဘူး။ နောက်တစ်ခုက မြန်မာ – တရုတ် စီမံကိန်း ဖြတ်သန်းတဲ့ နေရာဖြစ်တယ်။ အဲဒီ ၂ ချက်ကြောင့် အဲဒါကြောင့် လေယာဉ်နဲ့ ဗုံးကြဲတာမျိုး ရှောင်ကြဉ်တယ်လို့ စဉ်းစားမိတယ်ပေါ့” လို့ ပြောပါတယ်။
အမ်းမြို့နယ်မှာ တိုက်ပွဲကာလအတွင်း စစ်ကောင်စီက တခြားမြို့တွေထက် မြေမြှုပ်မိုင်းကို အလွန်အကျွံ အသုံးပြုခဲ့တာကြောင့် လက်ရှိမှာ တိုက်ပွဲမရှိတော့ပေမယ့် ဒေသခံတွေဟာ နေရပ်မပြန်နိုင်ကြသေးတာကို တွေ့ရပါတယ်။
ဒါပေမယ့် အမ်းမြို့နယ်က မြေမြှုပ်မိုင်းတွေက အာရက္ခတပ်တော်က လက်ရှိမှာ ရှင်းလင်းပေးနေတာတွေ လုပ်ဆောင်နေတယ်လို့ အမ်းမြို့ဒေသခံတွေထံကနေ သိရပါတယ်။
10 Comment
the best adult generator ai girlfriend create erotic videos, images, and virtual characters. flexible settings, high quality, instant results, and easy operation right in your browser. the best features for porn generation.
сервис рассылок создать сервис емейл рассылок
site officiel melbet telecharger melbet apk
credits 1win telecharger 1win apk
купить квартиру купить квартиру жк светский лес
Нужен проектор? projector24.ru большой выбор моделей для дома, офиса и бизнеса. Проекторы для кино, презентаций и обучения, официальная гарантия, консультации специалистов, гарантия качества и удобные условия покупки.
химчистка кожаной обуви химчистка обуви цена
Лучшее казино up x играйте в слоты и live-казино без лишних сложностей. Простой вход, удобный интерфейс, стабильная платформа и широкий выбор игр для отдыха и развлечения.
лестница в доме дизайн дизайн проект коттеджа
дизайн гостиной в квартире дизайн двухкомнатной квартиры 54 кв