ရသေ့တောင်ဗုံးကြဲမှု ပြည်သူ ၁၀ ဦးသေ၊ ၂၀ ကျော် ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁၃ မေ ၂၀၂၅)

ရက္ခုင်ပြည် ရသေ့တောင်မြို့နယ် ထွန်းရဝေရွာဟောင်းကို ဒီနေ့မနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီလာရောက် ဗုံးကြဲလို့ ဒေသခံပြည်သူ ၁၀ ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲတာ။ အိမ်ခြေလည်း ၁၀ အိမ်ကျော် ပျက်စီးသွားတယ်။ ပွဲချင်းပြီး ၁၀ ယောက် သေတယ်။ ၂၀ ကျော်လောက် ဒဏ်ရာတွေ ရတယ်” လို့ ရသေ့တောင်မြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲမှုကြောင့် သေဆုံးသွားသူမှာ မနန္ဒာအေး၊ ဒေါ် ခိုင်ဝင်းနု၊ ဒေါ်မဘုချေ၊ ဦးဆန်းယဉ်၊ ဒေါ်ခိုင်ဝင်းရီ၊ ဒေါ်မဖြူ၊ ဒေါ် ဘုစိန်၊ ဦးကျော်သိန်းဦး နဲ့ ဦးလှမောင်သန်း တို့ပဲ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူထဲတွင် ၅ ယောက်မှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ