NewsPolitic

ရသေ့တောင်ဗုံးကြဲမှု ပြည်သူ ၁၀ ဦးသေ၊ ၂၀ ကျော် ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁၃ မေ ၂၀၂၅)

ရက္ခုင်ပြည် ရသေ့တောင်မြို့နယ် ထွန်းရဝေရွာဟောင်းကို ဒီနေ့မနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီလာရောက် ဗုံးကြဲလို့ ဒေသခံပြည်သူ ၁၀ ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲတာ။ အိမ်ခြေလည်း ၁၀ အိမ်ကျော် ပျက်စီးသွားတယ်။ ပွဲချင်းပြီး ၁၀ ယောက် သေတယ်။ ၂၀ ကျော်လောက် ဒဏ်ရာတွေ ရတယ်” လို့ ရသေ့တောင်မြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲမှုကြောင့် သေဆုံးသွားသူမှာ မနန္ဒာအေး၊ ဒေါ် ခိုင်ဝင်းနု၊ ဒေါ်မဘုချေ၊ ဦးဆန်းယဉ်၊ ဒေါ်ခိုင်ဝင်းရီ၊ ဒေါ်မဖြူ၊ ဒေါ် ဘုစိန်၊ ဦးကျော်သိန်းဦး နဲ့ ဦးလှမောင်သန်း တို့ပဲ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူထဲတွင် ၅ ယောက်မှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

Related posts

သံတွဲမြို့ပေါ်ကို ဂျက်ဖိုက်တာ ပျံဝဲနေ၊ လေယာဉ်ရန်ကြောင့် နေ့နဲ့ည မှားအိပ်နေရ

Rakhita Times

ခရစ်ယာန် နယ်စီးသာသနာပိုင်ကြီး ကွယ်လွန်ခြင်းအပေါ် AA ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

Rakhita Times

ယောတပ်တော်တည်ထောင်ခဲ့တဲ့ ၂နှစ်တာကာလအတွင်း AA အနီးကပ်ကူညီပေးခဲ့

Rakhita Times

1,234 comments

Leave a Comment