NewsPolitic

ရသေ့တောင်ဗုံးကြဲမှု ပြည်သူ ၁၀ ဦးသေ၊ ၂၀ ကျော် ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁၃ မေ ၂၀၂၅)

ရက္ခုင်ပြည် ရသေ့တောင်မြို့နယ် ထွန်းရဝေရွာဟောင်းကို ဒီနေ့မနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီလာရောက် ဗုံးကြဲလို့ ဒေသခံပြည်သူ ၁၀ ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲတာ။ အိမ်ခြေလည်း ၁၀ အိမ်ကျော် ပျက်စီးသွားတယ်။ ပွဲချင်းပြီး ၁၀ ယောက် သေတယ်။ ၂၀ ကျော်လောက် ဒဏ်ရာတွေ ရတယ်” လို့ ရသေ့တောင်မြို့ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲမှုကြောင့် သေဆုံးသွားသူမှာ မနန္ဒာအေး၊ ဒေါ် ခိုင်ဝင်းနု၊ ဒေါ်မဘုချေ၊ ဦးဆန်းယဉ်၊ ဒေါ်ခိုင်ဝင်းရီ၊ ဒေါ်မဖြူ၊ ဒေါ် ဘုစိန်၊ ဦးကျော်သိန်းဦး နဲ့ ဦးလှမောင်သန်း တို့ပဲ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူထဲတွင် ၅ ယောက်မှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

Related posts

ALP ပါတီကို ကြောက်နေရတဲ့ စစ်တွေဒေသခံတွေ

Rakhita Times

AA က တစ်လအတွင်း အမတ ၃၄၄ နားက ကာကင်း ၆ ခု သိမ်းပိုက်

Rakhita Times

AA က ၁၁ လ အတွင်း ရက္ခိုင်ပြည် ပြင်ပက စကမ ရဲ့စခန်း ၅ ခု နဲ့ ရွာ ၃ ရွာ သိမ်းပိုက်

Rakhita Times

1,234 comments

Leave a Comment