အာရက္ခတိုင်းမ်စ် (၂၂ မေလ ၂၀၂၅)
ကရင်အမျိုးသားအစည်းအရုံး KNU က ယခု မေလတွင် ထိုင်း-မြန်မာ နယ်စပ်တကြောရှိ တပ်စခန်း နေရာတွေကို ပြန်လည်သိမ်းပိုက်လာတဲ့အတွက် စစ်ရေးပိုပြင်းထန်လာနိုင်တယ်လို့ စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
၂၀၂၅ ခုနှစ် မေလထဲမှာ ထိုင်း-မြန်မာနယ်စပ်တွေဖြစ်တဲ့ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်၊ တာလယ်ကျေးရွာအုပ်စု၊ မယ်လရွာမှာတည်ရှိတဲ့ စစ်ကောင်စီတပ်စခန်းကို စတင် သိမ်းပိုက်ခဲ့တာလို့ သိရပါတယ်။
အဲဒီနောက်မှာ လှိုင်းဘွဲ့မြို့နယ်လက်အောက်၊ ပိုင်ကျုံမြို့ အပိုင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဆက်တိုက်သိမ်းခဲ့တာပါ။
KNU အနေဖြင့် ၁၀၂၇ စစ်ဆင်ရေးလိုမျိုး အားလုံးစုပေါင်းပြီး ဟန်ချက်ညီညီ ဆက်တိုးကြမယ်ဆိုပါက ပိုကောင်းမွန်တဲ့ တိုက်ပွဲတွေ မြင်ရလိမ့်မယ်လို့ တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။
“စစ်ရေးတွေ ပိုပြင်းထန်မယ်။ KNU က ပိုပြီးတော့ အားတက်ပြီးတော့ အဲဒီဘက်မှာလည်း PDF တွေလည်း အများကြီးရှိတယ်။ ဒေသဆိုင်ရာတွေလည်းရှိတယ်။ တော်လှန်ရေးသမားတွေလည်း ရှိတယ်။ တဖြေးဖြေး တစ်စုတစ်စည်းတည်း ဖြစ်လာမယ်ထင်တယ်။ စုစုစည်းစည်းနဲ့ ပဋိပက္ခတွေကို ကိုယ့်ဒေသလေးနဲ့ကိုယ် ရှင်းရင်းကနေ တော်တော် ခြေသွက်လက်သွက် ဖြစ်လာမယ်ထင်တယ်။ စစ်တပ်က တော်တော်ပြိုနေပြီ။ စကစ ကလေ။ အဲဒါကို အားလုံးစုပေါင်းပြီးတော့ ညီညီညွတ်ညွတ်နဲ့ ၁၀၂၇ လုပ်သလိုပေါ့ ဟန်ချက်ညီညီ ဆက်တိုးကြမယ်ဆိုရင်တော့ တော်တော်ကောင်းတဲ့ ပွဲတွေ မြင်ရလိမ့်မယ် ထင်ပါတယ်” လို့ သူက ပြောပါတယ်။
KNU ဌာနချုပ်ရှိရာ တပ်မဟာ ၇၊ ဘားအံခရိုင်နယ်မြေထဲက စခန်းတွေကို KNLA နဲ့ KNDO ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ပြန်လည်တိုက်ခိုက် သိမ်းယူနေတာဖြစ်ပြီး တပ်မဟာ ၃ ညောင်လေးပင်ခရိုင်နဲ့ တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်တို့မှာရှိတဲ့ စစ်ကောင်စီ တပ်ရင်း၊ စခန်းတွေကို အသီးသီး သိမ်းပိုက်လာတာပါ။
၂၀၂၅ ခုနှစ် ဧပြီလကုန်နဲ့ မေလ ပထမအပတ်မှာ ထီးခီးဒေသက စစ်ကောင်စီတပ်ရဲ့ ထီးထာနဲ့ ထီးခီးဗျူဟာစခန်းတွေကို တပ်မဟာ ၄ က သိမ်းပိုက်ခဲ့ပါတယ်။
ထီးခီးဟာ ထိုင်းနယ်စပ်ကုန်သွယ်ရေးမှာ စစ်ကောင်စီအတွက် အရေးပါတာကြောင့် မြဝတီတိုက်ပွဲအပြီး မြဝတီကုန်သွယ်ရေးလမ်းကြောင်း ပိတ်နေချိန်မှာ စစ်ကောင်စီအတွက် ထီးခီးက အဓိက ကျလာခဲ့တာပါ။
၂၀၂၃ ခုနှစ်ကတည်းက ထီးခီးလမ်းကြောင်းကနေ ကုန်သွယ်မှု တိုးလာသလို ထားဝယ်ရေနက်ဆိပ်ကမ်းမှာ ရုရှားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စစ်ခေါင်းဆောင်နဲ့ ပူတင်တို့ သဘောတူညီချက် ရေးထိုးထားကြပါသေးတယ်။
စစ်ကောင်စီအခြေအနေ ဆိုးရွားနေချိန်မှာ ရတဲ့အခွင့်အရေးကို ယူပြီး တိုက်နေတယ်လို့ထင်ကြောင်း၊ KNU အနေနဲ့ အောင်ပွဲတွေ ဆက်ရနိုင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောက ပြောပါတယ်။
“ဒီအချိန်မှာတော့ စစ်ကောင်စီကို တောက်လျှောက် တိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အတွက်ကတော့ အခွင့်ကောင်းပဲလေ။ ဘာလို့ဆို စစ်ကောင်စီရဲ့ အခြေအနေကလည်း တော်တော်ကို ဆိုးရွားနေတာကို။ အဲဒီတော့ ဒီလိုအခြေအနေမှာ ရတဲ့နေရာမှာ ရတဲ့အခွင့်အရေးယူပြီး တိုက်နေတယ်လို့ ထင်ပါတယ်။ KIA ကလည်း မြောက်ပိုင်းမှာ တိုက်နေတာ တော်တော် ဖြစ်မြောက်တယ်လေ။ ဒီတိုက်ပွဲတွေက ပိုပြီး ပြင်းထန်လာနိုင်တယ် ထင်တယ်။ KNU ကလည်း အောင်ပွဲတွေ ဆက်ရနိုင်တယ်။ ဒါပေမယ့် အောင်ပွဲရရုံနဲ့ မပြီးဘူး။ သူတို့ ဒီဒေသတွေကို သူတို့ အခုလည်း လုပ်တော့လုပ်နေတယ်။ ကျမ ကြားလိုက်တာ စစ်ရှောင်လူထုအတွက် အများကြီး ကြိုးစားပြီး လုပ်ဆောင်နေပါတယ်လို့တော့ ပြောတယ်။ အဲဒီ ဒေသတည်ငြိမ်ရေးတွေအတွက်တော့ တော်တော် ကြိုးပမ်းရဦးမယ်နဲ့ တူတယ်။ ရတဲ့နေရာလေးတွေကို သေချာစနစ်တကျ တည်ဆောက်ဖို့တော့ လိုဦးမယ် ထင်တယ်” လို့ သူက ပြောပါတယ်။
သိမ်းပိုက်ရရှိထားတဲ့ ထီးခီးနယ်စပ်ကုန်သွယ်ရေးဂိတ်ကို ဦးဆောင်လည်ပတ်နိုင်ဖို့အတွက် ပြင်ဆင်နေတယ်လို့လည်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံရေးအဖွဲ့တွေထဲမှာ တပ်မဟာ ၇ ခုနဲ့ ဖွဲ့စည်းထားပြီး တပ်မဟာအလိုက် လွတ်လပ်စွာ လှုပ်ရှားခွင့်ရှိတဲ့ KNU ဟာ သက်တမ်းအရင့်ဆုံး ဖြစ်ပါတယ်။
ဒါပေမယ့် KNU ဟာ ၂၀၂၄ ခုနှစ် ဧပြီလက သိမ်းပိုက်ခဲ့တဲ့ မြဝတီမြို့နဲ့ ၂၀၂၃ ခုနှစ်ကုန်ပိုင်းမှာ သိမ်းခဲ့တဲ့ ကော့ကရိတ်မြို့တွေကို ပြန်လည် လက်လွှတ်ခဲ့ရတာတွေကြောင့် အခုလို တိုက်ပွဲတွေပြန်ဖော်ပြီး သိမ်းပိုက်ရရှိထားတာတွေကိုလည်း ပြန်လက်လွှတ်ပေးရမလားဆိုတဲ့အပေါ် သုံးသပ်မှုတွေလည်း ရှိပါတယ်။
9 Comment
секс с женой друга [url=https://jena-druga-porno.ru/]секс с женой друга[/url] .
купить цветы с доставкой по москве недорого со склада [url=www.dostavka-cvetov-moskva495.ru/]www.dostavka-cvetov-moskva495.ru/[/url] .
сделать реферат [url=https://nejroset-dlya-referatov-6.ru/]nejroset-dlya-referatov-6.ru[/url] .
реферат нейросеть [url=https://nejroset-dlya-referatov-9.ru/]реферат нейросеть[/url] .
ии реферат [url=https://nejroset-dlya-referatov-1.ru/]ии реферат[/url] .
нейросеть для учебы онлайн [url=https://nejroset-dlya-referatov-2.ru/]nejroset-dlya-referatov-2.ru[/url] .
лучшая нейросеть для учебы [url=https://nejroset-dlya-referatov-7.ru/]nejroset-dlya-referatov-7.ru[/url] .
Вы можете выбрать игры различных жанров и форматов.
[url=https://7v4.casino/]Пинко Казино[/url]
Каждый игрок получает качественный сервис и поддержку.
https://chefenutri.com.br/como-a-alimentacao-pode-contribuir-para-o-sistema-imunologico/