AA ကို ကျေးဇူးတင်ကြောင်း CDF-Kanpetlet ဆို

အာရက္ခတိုင်းမ်စ် (၈ ဇူလိုင် ၂၀၂၅)

CDF-Kanpetlet ရဲ့ အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းကို အာရက္ခတပ်တော် AA က ကူညီပေးခဲ့လို့ အထူးကျေးဇူးတင်ပါတယ်လို့ CDF-Kanpetlet က ဒီကနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

“ အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်း အောင်မြင်စွာ ပြီးမြောက်နိုင်ရေးအတွက် အဖက်ဖက်က ပံ့ပိုးကူညီပေးခဲ့တဲ့ အာရက္ခတပ်တော် နဲ့ ထောက်ပို့ပြည်သူတွေကို အထူးကျေးဇူး တင်ပါတယ်” လို့ CDF-Kanpetlet က ဆိုပါတယ်။

၄ လ ကျော် ကြာခဲ့တဲ့ CDF-Kanpetlet ရဲ့ အပတ်စဉ် ၂ သင်တန်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး သင်တန်းဆင်း ရဲမေ၊ ရဲဖော်တို့ကိုလည်း ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားကိုလည်း အောင်မြင်စွာ ပြလုပ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

CDF-Kanpetlet ဟာ ချင်းပြည် ကျင်ဒွေး နဲ့ ကန်ပက်လက်မြို့နယ်တို့ကို ကိုယ်စားပြုတဲ့ ချင်းတော်လှန်ရေးအဖွဲ့လည်း ဖြစ်ပါတယ်။

ကျင်ဒွေး နဲ့ ကန်ပက်လက်မြို့ရှိ ပြည်သူတွေကို အပြည့်အဝ ကာကွယ်ပေးသွားပြီး ချင်းပြည်သူ တစ်ရပ်လုံးကိုလည်း နွေးထွေးလုံခြုံစွာ အပြည့်အဝ ကာကွယ်ပေးသွားမယ်လို့ CDF-Kanpetlet က ဆိုပါတယ်။

အပတ်စဉ် ၃ အခြေခံစစ်ပညာသင်တန်းကို အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ ကျင်ဒွေး နဲ့ ကန်ပက်လက်က လူငယ်များအနေနဲ့ အမျိုးသားရေး တာဝန်အသိစိတ်နဲ့ တက်ကြွစွာ ပူးပေါင်းပါဝင်ပေးပါရန် CDF-Kanpetlet က ဆိုပါတယ်။

Related posts

လေကြောင်းလိုင်းအားလုံး ပြည်တွင်း ခရီးစဉ်တွေရပ်နား

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)