ငလျင် ဆက်တိုက် ပြန်လှုပ်လာ

အာရက္ခတိုင်းမ်စ် (၁၈ ဇူလိုင် ၂၀၂၅)

မန္တလေးတိုင်း မတ္တရာမြို့ရဲ့ အနောက်မြောက်ဘက် ၆ မိုင်ခန့်အကွာတွင် ဗဟိုပြုပြီးတော့ ၅ ဒသမ ၅ အဆင့်နဲ့ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

“မန္တလေးမှာကတော့ ငလျင်အသံ ကြားရတယ်။ ငလျင်လှုပ်တာနဲ့ အိမ်အပြင် ထွက်ပြေးတော့တာပါပဲ” လို့ မန္တလေးမြို့ခံ တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်လှုပ်ခတ်အပြီးမှာ ငလျင် အင်အားအသင့်အတင့်နဲ့ အင်အားငယ်ငလျင်တွေ ဆက်တိုက်လှုပ်ခတ်နေတာလည်း ဖြစ်ပါတယ်။

“အခုတခါ ငလျင်က အသံမပေးဘူး။ ဆွဲခါသလိုကြီး လှုပ်သွားတာ” လို့ ဝမ်းတွင်းမြို့ နယ်ခံ တဦးက အာရက္ခတိုင်းမ်းစ်ကို ပြောပါတယ်။

ဇူလိုင်လ ၁၄ရက် ည ၁၂ နာရီကျော်တွင် အင်အား ၃ ဒသမ ၈ နဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီး ၁၅ ရက် မနက် ၃ နာရီတွင် ၄ ဒသမ ၇ နဲ့ လှုပ်ခတ်ခဲ့ကာ မနက် ၈ နာရီတွင်လည်း ၄ ဒသမ ၈ အင်အားနဲ့ ငလျင်လှုပ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။

အလားတူ ဒီနေ့ ညနေ ၄ နာရီ အတိမှာလည်း အင်အား ၅ ဒသမ ၅ အဆင့်နဲ့ လှုပ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။

Related posts

AA ထိုးစစ်ခုခံရန် စစ်ကောင်စီက လေးမျက်နှာက စစ်ရှောင်တွေကို လူသားဒိုင်းလုပ်နေ

သမိုင်းဝင် တောင်းဖူးဘုရားကြီး စစ်ကောင်စီက ဗုံးကြဲလို့ ပြည်သူတစ်ဦး သေဆုံး

ပုဏ္ဏားကျွန်း ကုလားချောင်းရွာ ဗုံးကျ ပေါက်ကွဲလို့ ပြည်သူတစ်ဦး သေဆုံး