ဦးဘရှိန်ရဲ့ RNP ပါတီကို စစ်ကောင်စီ မှတ်ပုံတင်ခွင့်ပြု၊ ဒေါက်တာအေးမောင် ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်ရရန် မျှော်လင့်နေ

အာရက္ခတိုင်းမ်စ် (၅ သြဂုတ် ၂၀၂၅)

ဦးဘရှိန်ရဲ့ ရခိုင်တိုင်းရင်းသားများပါတီ (Rakhine Nationalities Party – RNP) စစ်ကောင်စီက ဩဂုတ်လ ၄ ရက်င် ပါတီမှတ်တင်ခွင့် ပြုလိုက်ပြီး ဒေါက်တောအေးမောင်အနေနဲ့လည်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန် မျှော်လင့်နေတယ်လို့ သိရပါတယ်။

ဦးဘရှိန်ဦးဆောင်သော ရခိုင်တိုင်းရင်းသားများပါတီ RNP ဟာ လက်ရှိမှာ စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ ကျောက်ဖြူမြို့တွင် အခြေစိုက်ထားတယ်လို့လည်း သိရပါတယ်။

ဒေါက်တာအေးမောင်အနေနဲ့ လက်ရှိဥပဒေပြဌာန်းချက်အရ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရတာနဲ့ ပတ်သက်ပြီး “ ကျနော့်ကို ပြိုင်စေချင်တယ်ဆိုရင်တော့ ၂၀၄ (က) ကို သုံးလို့ရတယ်။ အဲဒါလည်း နိုင်ငံတော်အကြီးအကဲတယောက်ကပဲ လုပ်ပိုင်ခွင့်ရှိတာ။ ဗိုလ်ချုပ်မှူးကြီး ဦးမင်းအောင်လှိုင်နဲ့ ဆိုင်သွားပြီ” လို့ စစ်ကောင်စီနဲ့ နီးကပ်တဲ့ သတင်းဌာနကို ပြောကြားခဲံပါတယ်။

စစ်ကောင်စီဟာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထွေထွေရွေးကောက်ပွဲကြီးကို လာမယ့် ဒီဇင်ဘာလတွင် ကျင်းပရန် ပြင်ဆင်နေပြီး ရက်အတိအကျနဲ့ ဘယ်နေရာတွေမှာ ရွေးကောက်ပွဲ ပြုလုပ်သွားမယ်ဆိုတာတွေကိုတော့ ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပါဘူး။

ရခိုင်တိုင်းရင်းသားများပါတီ (Rakhine Nationalities Party – RNP) နည်းတူ စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ (Arakan Front Party – AFP)၊ မြိုတိုင်းရင်းသားပါတီ နဲ့ ခမီအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီတို့ကလည်း မှတ်ပုံတင်ထားတယ်လို့ သိရပါ။

Related posts

လေကြောင်းလိုင်းအားလုံး ပြည်တွင်း ခရီးစဉ်တွေရပ်နား

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)