အာရက္ခတိုင်းမ်စ် (၇ သြဂုတ် ၂၀၂၅)
ရှမ်းပြည်မြောက်ပိုင်း၊ ကျင်စန်းကျော့နဲ့ တရုတ်နယ်စပ်တစ်နေရာတွင် အာရက္ခတပ်တော် (မီးနဂါးစစ်ဒေသ) က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျားဖြန့်အလုပ်လုပ်ကိုင်သူ ဝန်ထမ်းတွေကို တရုတ်နိုင်ငံ၊ ရဲဌာနသို့ တရားဝင် လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
မနေ့က ဩဂုတ်လ ၆ ရက်၊ မနက် ၁၀ နာရီခွဲခန့်တွင် ကျားဖြန့်အလုပ်ရုံက တရုတ်နိုင်ငံသားဝန်ထမ်း ၁၁ ဦးကို အာရက္ခတပ်တော် (မီးနဂါးစစ်ဒေသ) ရဲဌာနက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရဲဌာနကို လွှဲပြောင်းပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါ ကျားဖြန့်လုပ်သားတွေကို ၂၀၂၅ခုနှစ် ဇူလိုင်လ ၂၇ ရက်တွင် ရှမ်းမြောက်နယ်စပ် တောတွင်းတစ်နေရာတွင် အာရက္ခတပ်တော် (မီးနဂါးစစ်ဒေသ) က ကင်းလှည့်နေစဉ်အတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စစ်ဆေးမှုများပြုလုပ်ကာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ရဲဌာန လက်ထောက်ညွှန်ကြားရေးမှူး Li Zheng Chang ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
အာရက္ခတပ်တော်ရဲ့ မီးနဂါးတပ်တော် FDMR ကို Federal Democratic Army ဟာ “၁၀၂၇ စစ်ဆင်ရေး” စတင်ကတည်းက ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း လှုပ်ရှားသွားလာနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – သံလွင်ခက်
2 Comment
Актуальная ссылка площадки на рабочая ссылка кракен с защитой от фишинга и мошеннических копий сайта
Продажа тяговых faamru.com аккумуляторных батарей для вилочных погрузчиков, ричтраков, электротележек и штабелеров. Решения для интенсивной складской работы: стабильная мощность, долгий ресурс, надёжная работа в сменном режиме, помощь с подбором АКБ по параметрам техники и оперативная поставка под задачу