မိဘသဘောမတူလို့ မင်ပြားမှာ LGBT စုံတွဲ တံတားပေါ်ခုန်ချ အဆုံးစီရင်

အာရက္ခတိုင်းမ်စ် (၁၅ သြဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် မင်းပြားမြို့မှာ LGBT စုံတွဲ တတွဲဟာ မိဘက သဘောမတူလို့ ကြယ်စင်တံတားပေါ်ကနေ ခုန်ချ အဆုံးစီရင်သွားတယ်လို့ သိရပါတယ်။

အဆိုပါ LGBT စုံတွဲဟာ မင်းပြားကနေ မြေပုံကိုသွားတဲ့ လမ်းပေါ်မှာရှိတဲ့ ကြယ်စင်တံတားပေါ်ကနေ သြဂုတ်လ ၁၂ ရက် ညနေက ခုန်ချသွားတာဖြစ်ပြီး ရုပ်အလောင်းကိုတော့ သြဂုတ်လ ၁၄ ရက် နေ့လည်ခန့်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

“ မမနှစ်ယောက် ကြိုက်နေတာကို မိဘတွေက သဘောမတူကြဘူး။ အဲဒါကြောင့် စိတ်ညစ်ပြီး ခုန်ချသွားတာ” လို့ မင်းပြားမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ ခုန်ချသွားတဲ့ LGBT စုံတွဲထဲက တဦးဟာ ပေါက်တောမြို့နယ် ယင်ရဲကန်ရွာက အသက် ၂၃ နှစ် အရွယ် မရီရီသန်း နဲ့ မင်းပြားမြို့ ဥက္ကာပျံရပ်ကွက်က အသက် အသက် ၂၂ နှစ် အရွယ် မခင်မိုးသန်း ဖြစ်တယ်လို့ သိရပါတယ်။

ခုန်ချ အဆုံးစီရင်သွာတဲ့ LGBT စုံတွဲထဲက တဦးက လက်ရေးစာ မှတ်တမ်းရေးသားခဲ့တာမှာ “ မေမေ၊ ထွေးထွေး ငါဒီလမ်းကို ရွေးချယ်သွားတာဟာ ထွေးထွေး၊ မေမေတိုကို မတွယ်တာလိုမဟုတ်ဘူးနော်။ အဲဒီအမနဲ့ငါ မခွဲနိုင်၊ ငါ့ကံကြမ္မာကို ငါ့ကို ရွေးချယ်ပိုင်ခွင့် ပေးလိုက်ကြတော့နော်။ အားလုံးအတွက်ကျေးဇူးတင်ပါတယ်။ နှုတ်ဆက်ပါတယ်နော်။ ယောက်မကိုလည်း အရမ်းကျေးဇူးတင်တယ်။ အစစအရာရာကူညီပေးလို အားလုံးကျန်းမာရေးတွေကို ဂရုစိုက်ကြပါ” လို့ ရက္ခိုင်ဘာသာစကားနဲ့ အခုလို ရေးသားထားခဲ့တယ်လို့ သိရပါတယ်။

LGBT စုံတွဲ အလောင်းကို သြဂုတ်လ ၁၄ ရက် နေ့လည်ပိုင်းက မင်းပြားမြို့ မြို့မသင်္ချိုင်မှာ မီးသင်ဂြိုလ်လိုက်တယ်လို့လည်း သိရပါတယ်။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ