အာရက္ခတိုင်းမ်စ် (၂၃ သြဂုတ် ၂၀၂၅)
လူ့အဖွဲ့အစည်းကို အန္တရာယ်ပြုမယ့် မူးယစ်ဆေးဝါးဟူသမျှကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တယ်လို့ အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက တုန့်ပြန် ပြောဆိုလိုက်ပါတယ်။
“ ကျနော်တို့ ULA/AAအနေနဲ့ကတော့ ဒီလို လူ့အဖွဲ့အစည်းကို အန္တရာယ်ပြုမယ့် မူးယစ်ဆေးဝါးဟူသမျှကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါတယ်၊ လုံးဝပါတ်သက်မှု မရှိပါဘူး ခင်ဗျ။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ဘယ်အစိုးရ၊ နိုင်ငံတကာအဖွဲအစည်းနှင့်မဆို ပူးပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ရှိပါတယ်လို့ ပြောလိုပါတယ်” လို့ ဦးခိုင်သုခက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အလားတူ ရက္ခိုင်ကို မူးယစ်ဆေးဝါး ပို့ဆောင်ရာမှာ အာရက္ခတပ်တော် က ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးကို အခွန်ပေးဆောင်ရတယ်လို့ စစ်အုပ်စုရဲ့ စွပ်စွဲမှုအပေါ် AA ပြောခွင့်ရသူ ဦးခိုင်သုခက ပယ်ချလိုက်ပြီး ဒါက မရိုးနိုင်တဲ့ နိုင်ငံရေးအောက်လုံးတွေနဲ့ အောက်တန်းကျတဲ့ ဝါဒဖြန့်တိုက်ခိုက်မှုဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
“ ဒီဟာကတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ မရိုးနိုင်တဲ့ မတရား လုပ်ကြံစွပ်စွဲ နိုင်ငံရေးအောက်လုံးတွေနှင့် အောက်တန်းကျတဲ့ ဝါဒဖြန့် တိုက်ခိုက်မှုတွေဘဲ ဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပါဘဲ မြန်မာပြည်မှာ မူးယစ်ဆေးဝါး၊ လောင်းကစား၊ ကျားဖြန့်၊ လူကုန်ကူးမှု အစရှိတဲ့ မကောင်းမှု ဒုစရိုက်လုပ်ငန်းဟူသမျှကို မင်းအောင်လှိင်ဦးဆောင်တဲ့ အကြမ်းဖက် ဖက်ဆစ်စစ်ရာဇဝတ်ဂိုဏ်းက ဦးဆောင်ထိန်းချုပ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဥပမာပြရမယ်ဆိုရင် မကြာခင်က ပဲခူးဖက်မှာ သူတို့အချင်းချင်း စားခွက်လုရာကနေ မူးယစ်ဆေးဝါးပမာဏများစွာနှင့် လက်ပူးလက်ကျ ဖမ်းမိတဲ့ သူတို့ စစ်ကောင်စီ အရာရှိတွေက သက်သေပါဘဲ” လို့ ဦးခိုင်သုခက အာရက္ခတိုင်းမ်စ်ကို ထပ်မံ ပြောပါတယ်။
အာရက္ခတပ်တော်အနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ဘယ်အစိုးရ၊ ဘယ်နိုင်ငံတကာ အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ရှိတယ်လို့လည်း ဦးခိုင်သုခက ပြောဆိုပါတယ်။
3 Comment
Howdy! Do you use Twitter? I’d like to follow you if that would be ok. I’m absolutely enjoying your blog and look forward to new posts.
tltgkh.ru
Зеркала под заказ Зеркала с подсветкой поворотные : идеальное решение для макияжа и косметических процедур.
Hello there I am so thrilled I found your blog, I really found you by error, while I was looking on Aol for something else, Nonetheless I am here now and would just like to say kudos for a remarkable post and a all round enjoyable blog (I also love the theme/design), I don’t have time to look over it all at the moment but I have book-marked it and also added in your RSS feeds, so when I have time I will be back to read a great deal more, Please do keep up the awesome b.
https://share.google/9Rf0L5jNP2qNQ1fzv