စစ်တွေကနေ စကမ ပုဏ္ဏားကျွန်းကို လက်နက်ကြီးနဲ့

အာရက္ခတိုင်းမ်စ် (၂၇ သြဂုတ် ၂၀၂၅)

ရက္ခိုင်ပြည် စစ်တွေမြို့ကနေ စစ်ကော်မရှင်ဟာ ပုဏ္ဏားကျွန်းမြို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“ပစ်သံတွေက မကြာ မကြာ ကြားရတယ်။ ဘယ်ပစ်မှန်း မသိကြဘူး။ မနေ့ကတော့ သတင်းထွက်လာတာက ပုဏ္ဏားကျွန်းကို ချိန်ပြီး ပစ်နေတာ” လို့ စစ်တွေမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်ဟာ စစ်တွေကနေ ပုဏ္ဏားကျွန်းကို လက်နက်ကြီးနဲ့ ပစ်ခတ်နိုင်လို့ အာရက္ခတပ်တော်အနေနဲ့ စစ်တွေနဲ့ နီးတဲ့ ပုဏ္ဏားကျွန်းက ကျေးရွာတွေကို နေရာရွှေ့ပြောင်းနေထိုင်ဖို့ သတိပေးထားပါတယ်။

“မနေ့က စစ်တွေက ပစ်လိုက်တဲ့ လက်နက်ကြီးဟာ ပုဏ္ဏားကျွန်းက ငှက်ကြီးကျွန်းရွာကို ကျတယ်။ နေအိမ်အချို့ ပျက်စီးသွားတယ်” လို့ ပုဏ္ဏားကျွန်းမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ စစ်တွေမြို့ ပါဒလိတ်အခြေစိုက် တပ်စခန်းကနေ ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေဖြစ်တဲ့ ပုဏ္ဏားကျွန်း၊ ရသေ့တောင် နဲ့ ပေါက်တော တို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ – စကမ လက်နက်ကြီးကြောင့် ငှက်ကြီးကျွန်းရွာက ပျက်စီးသွားတဲ့ နေအိမ်

Related posts

အာရက္ခပြည်သူ့သတင်းမီဒီယာကောင်စီကို အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်း

ရက္ခိုင်မှာ ၃ လအတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး ၃၀ သေဆုံးလို့ AAPP ထုတ်ပြန်

ပုဏ္ဏားကျွန်း ဖက်ကျရွာကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲ၊ အရပ်သား ၂ ဦး သေဆုံး

2 Comment

JacobIromi စက်တင်ဘာ 5, 2026 - 10:46 မနက်

В клинику приходят люди с разным стажем зависимости. Один человек обращается после первого выраженного срыва, другой страдает несколько лет и уже проходил лечение. Иногда родственники привезли брата или другого близкого из деревни, поскольку там невозможно получить специализированную помощь по профилю. Нарколог оценивает употребление алкоголя и наркотических веществ, наличие хронических заболеваний, патологическое влечение и способность соблюдать рекомендации.
Дополнительная информация – https://1.narkologicheskaya-klinika-v-krasnoyarske17.ru/

Charlesfroma စက်တင်ဘာ 8, 2026 - 1:59 မနက်

Лечение на дому подходит пациентам, состояние которых врач оценивает как относительно стабильное. Круглосуточно доступный вызов позволяет получить медицинскую помощь рядом с привычным местом проживания и не откладывать обращение до рабочего дня. Перед приездом бригады специалист по телефону уточняет, сколько лет человеку, как долго продолжается запой, какое количество алкоголя употреблялось, когда была последняя доза и имеются ли хронические заболевания.
Получить больше информации – вывод из запоя в стационаре

Add Comment