အာရက္ခတိုင်းမ်စ် (၂၃ စက်တင်ဘာ ၂၀၂၅)
အာရက္ခတပ်တော် ရဲ့ ထောက်လှမ်းရေးအဖွဲ့က ဖမ်းဆီးသွားတဲ့ မောင်တောအခြေစိုက် BNA သတင်းဌာနရဲ့ အမျိုးသမီးသတင်းထောက် မုဒြာကို ပြန်လွှတ်ပေးဖို့ မြန်မာသတင်းစာဆရာများ အစည်းအရုံး IMJA က ဒီနေ့ စက်တင်ဘာလ ၂၃ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
နိုင်ငံတကာ သတင်းသမားများအား အကာအကွယ်ပေးရေးကော်မတီ CPJ ကလည်း BNA သတင်းထောက် အမျိုးသမီး မုဒြာကို အာရက္ခတပ်တော် က ဖမ်းဆီးထားတဲ့အပေါ် ချက်ချင်း ပြန်လွှတ်ပေးရမယ်လို့ ပြောပါတယ်။
“မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော စစ်ပွဲအတွင်း ပါဝင်နေသည့် အဖွဲ့အစည်းအားလုံးသည် သတင်းသမားများကို ပစ်မှတ်မထားရန်နှင့် ကာကွယ်ပေးရန် တာဝန်ရှိပါသည်” လို့ CPJ ရဲ့ အကြီးတန်း အရှေ့တောင်အာရှ ကိုယ်စားလှယ် Shawn Crispin က ပြောပါတယ်။
ဒီမိုကရေစီ လူ့အဖွဲ့အစည်းအတွင်း သတင်းထောက်တွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပြီး သတင်းမီဒီယာသမားတွေကို အကာအကွယ်ပေးတဲ့ နိုင်ငံတကာဥပဒေတွေကို လေးစားလိုက်နာကာ အမြန်ဆုံးလွှတ်ပေးဖို့ အာရက္ခတပ်တော် ကို တိုက်တွန်းတောင်းဆိုတယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ဒီမိုကရေစီကို တန်ဖိုးထားလေးစားတဲ့ အာရက္ခတပ်တော် အနေနဲ့လည်း သတင်းမီဒီယာသမားတွေရဲ့ အခွင့်အရေးတွေကို လေးစားတန်ဖိုးထားပြီး မရှိမဖြစ်လိုအပ်တဲ့ သတင်းထောက်တွေရဲ့ လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နိုင်ဖို့ ပံ့ပိုးပေးခြင်းနဲ့ အားကောင်းတဲ့ စံနမူနာပြနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မောင်တောအခြေစိုက် Border News Agency ရဲ့ အမျိုးသမီးသတင်းထောက် မုဒြာကို စက်တင်ဘာလ ၂၀ ရက်နေ့၊ မြန်မာစံတော်ချိန် မနက် ၁၁ နာရီကျော်အချိန်ခန့်က မောင်တောမြို့ နေအိမ်မှာအာရက္ခတပ်တော် ထောက်လှမ်းရေးအဖွဲ့ရဲ့ လာရောက်ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရတာဖြစ်ပြီး မိသားစုနဲ့ အဆက်အသွယ်ပြတ် တောက်နေတယ်လို့လည်း သိရပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကနေစပြီး စစ်ကောမရှင်အပြင် တိုင်းရင်းသားလက်နက်ကိုင်တွေ တော်လှန်ရေးအဖွဲ့တွေက သတင်းထောက်တွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးနေသလို လက်ရှိမှာ သတင်းသမား ၃၅ ယောက်ဟာလည်း အကျဉ်းကျနေတယ်လို့ နိုင်ငံတကာ သတင်းသမားများအား အကာအကွယ်ပေးရေးကော်မတီ CPJ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒါအပြင် မြန်မာနိုင်ငံဟာ သတင်းထောက်တွေကို ဖမ်းဆီးမှု အများဆုံးစာရင်းမှာ ကမ္ဘာ့တတိယ အဆိုးဆုံး ဖြစ်နေပါတယ်။
3 Comment
Онлайн консультации психолога и психотерапевта всего за 1 125 руб./неделя
Получить больше информации – http://msk-clinica-plus.ru/kapelniczy-dlya-pecheni-v-moskve
Лечение в клинике начинается не с инъекции или психотерапевтического сеанса, а с диагностики. Врач выясняет, когда появился алкоголизм, как часто возникают запои, сколько лет человек употребляет спиртное, какие методы лечения уже использовались и удавалось ли раньше закодироваться. Такая беседа позволяет подобрать способ кодирования без шаблонного подхода. Если пациент раньше лечился и кодировка помогала только несколько месяцев, специалист анализирует причины срыва и предлагает более комплексную программу.
Узнать больше – https://kodirovanie-ot-alkogolizma-pushkino4.ru/
Принимаем заявки круглосуточно, уточняем состояние и подбираем безопасный формат помощи.
Изучить вопрос подробнее – https://8.narcolog-na-dom-voronezh0.ru/