မောင်တောတွင် လူ ၁၀၀ မှာ ၁၇ ယောက်က ငှက်ဖျားပိုး တွေ့ခဲ့တယ်လို့ HDCO ပြော

အာရက္ခတိုင်းမ်စ် (၃၀ စက်တင်ဘာ ၂၀၂၅)

အစွလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင် တပ်ဖွဲ့တွေကြောင့် လုံခြုံရေး စိုးရိမ်ရပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတဲ့ မောင်တောမြို့မှာ ကျန်းမာရေးဝန်ဆောင်မှုရဖို့ အလွန်ခက်ခဲနေတာ ဖြစ်ပါတယ်။

အဓိကအားဖြင့် လူနည်းစုဖြစ်တဲ့ မြိုလူမျိုးတွေ နေထိုင်တဲ့ ကျေးရွာတွေကို ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး HDCO က ငှက်ဖျားပိုး စစ်ဆေးတာတွေကို ဆောင်ရွက်ပေးကာ လူ ၁၀၀ မှာ ၁၇ ယောက်က ငှက်ဖျားပိုး တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပိုးတွေ့လူနာတွေကို ကုသပေးတာတွေနဲ့ ကျန်းမာရေး အသိပညာပေးတာတွေကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။

HDCO ဟာ သက်ဆိုင်ရာ ဌာနတွေနဲ့ ပူးပေါင်းပြီး မုတ်သုံရာသီအတွင်း ခြင်ကနေတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်ဖို့ ဆောင်ရွက်လျက်ရှိတဲ့ ကျန်းမာရေးစီမံကိန်းရဲ့ လုပ်ငန်းတခုအနေနဲ့ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ၊ တတိယပတ်အတွင်း မောင်တောမြို့နယ်အတွင်း ကျန်းမာရေး အကူအညီပေးမှုတွေ မရရှိသေးတဲ့ ကျေးရွာ (၈) ရွာကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

HDCO အနေနဲ့ ကျန်းမာရေးစီမံကိန်းရဲ့ လုပ်ငန်းတွေအဖြစ် သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းတွေ၊ ခြင်ထောင်ဖြန့်ဝေတဲ့လုပ်ငန်း၊ အရေပြားရောဂါဆေးဝါးထောက်ပံ့တာ စတဲ့လုပ်ငန်းတွေကိုလည်း အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရရဲ့ သက်ဆိုင်ရာ ဌာနများနဲ့ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာလည်း HDCO အနေနဲ့ ရက္ခိုင်ပြည်က ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပလက်ဝ၊ မင်းပြား၊ ပေါက်တော၊ အမ်း၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ် နဲ့ ဂွမြို့နယ်က ပြည်သူတွေ ခြင်ကနေတဆင့် ကူးဆက်နိုင်တဲ့ ရောဂါတွေကို ကြိုတင်ကာကွယ်နိုင်ဖို့ အိမ်ထောင်စု ၄၈၅၁ စု နဲ့ လူဦးရေ ၂၃၂၈၆ အတွက် ခြင်ထောင်အလုံးရေ ၆၈၅၀ လုံး ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

တဆက်တည်းမှာပဲ ပြည်တွင်း/ပြည်ပ လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာ အဖွဲအစည်းတွေအနေနဲ့လည်း လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေ ဆောင်ရွက်ပေးနိုင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

Related posts

စကမ က ရုရှားနဲ့ စစ်ရေးထက် စီးပွါးရေးကို ဦးတည်နေလား

ဂွမြို့နယ် ဆပ်သွားရွာကို စစ်ကောင်စီ ဗုံးကြဲလို့ ကျောင်းသားပါ နှစ်ဦး ဒဏ်ရာရ

သစ်ပုတ်တောင်တန်းကို စစ်ကောင်စီက ဗုံး ၂ လုံး လာကြဲ တိုက်ခိုက်

3 Comment

ManuelHoaks စက်တင်ဘာ 3, 2026 - 6:29 မနက်

Соблюдаем конфиденциальность, бережно общаемся с пациентом и его близкими на каждом этапе.
Узнать больше – анонимная наркологическая клиника москва

FrankThero စက်တင်ဘာ 6, 2026 - 2:27 ညနေ

Поможем подобрать терапию с учетом состоянияпациента и финансовых возможностей
Узнать больше – лазерное кодирование москва

Vernonzer စက်တင်ဘာ 9, 2026 - 9:23 မနက်

Вывод из запоя на дому подходит пациентам, у которых врач не выявляет признаков тяжелого осложнения. Такой формат позволяет провести лечение в привычной обстановке, не доставляя ослабленного человека самостоятельно в клинику. Нарколог приезжает по указанному адресу, оценивает состояние пациента и определяет, какие процедуры могут безопасно выполняться на дому.
Получить больше информации – помощь вывод из запоя Красноярск

Add Comment