အာရက္ခတိုင်းမ်စ် (၆ အောင်တိုဘာ ၂၀၂၅)
TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည် မြောက်ပိုင်း နမ္မတူနဲ့ သီပေါမြို့ကို စစ်ကော်မရှင် က သီတင်းကျွတ်လပြည့်နေ့မှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးဌာန နဲ့ SSPP Info က ဒီနေ့ အောက်တိုဘာလ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဒီကနေ့ အောက်တိုဘာလ ၆ ရက် သီတင်းကျွတ်လပြည့်နေ့ မနက် ၇ နာရီခွဲ ဝန်းကျင်က နမ္မတူမြို့ မြို့မဈေးရပ် ရပ်ကွက် (၂) ကို ဦးတည်ပြီး ဂျက်ဖိုက်တာနဲ့ ဗုံးတွေ လာရောက် ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၆ လုံး ဗုံးစထိမှန် ပျက်စီးပြီး ဒဏ်ရာရတဲ့သူတွေလည်း ရှိခဲ့ပါတယ်။
အလားတူ သီပေါမြို့ကိုလည်း ဒီနေ့ အောက်တိုဘာ ၆ ရက်နေ့ မနက် ၇ နာရီခွဲဝန်းကျင်မှာ လေကြောင်းနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့ ကလည်း နမ္မတူ ဘုန်းကြီးကျောင်း တစ်ကျောင်းအနီး လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခံရလို့ လူ ၄ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။
သီပေါမြို့မှာလည်း စစ်ကော်မရှင်ရဲ့ လေကြောင်းဗုံးကြဲတာ ဆက်တိုက်ခံနေရတာကြောင့် ဒီရက်ပိုင်းအတွင်း သေဆုံးသူ ၃ ယောက်အထိ ရှိလာပြီး နေအိမ် အဆောက်အဦး အများအပြားလည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။
နောင်ချိုမြို့နဲ့ ကျောက်မဲမြို့တို့ကို စကမ ပြန်လည်သိမ်းယူပြီးနောက်ပိုင်းTNLA ထိန်းချုပ်ထားတဲ့ ဒေသတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာ ဆက်တိုက်လုပ်လာနေတာကြောင့် နမ့်ဆန်မြို့ ဇယ်တုန်ဟုန်ရွာက ကလေး ၂ ဦး သေဆုံးခဲ့ပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို သီပေါမြို့က ဟိုတယ် ၁ လုံးလည်း ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့ပါတယ်။
7 Comment
топ проекторов магазин проекторов
химчистка обуви от запаха химчистка обуви
толщина вытяжных заклепок заклепки вытяжные
Данный ресурс содержит кракен официальный маркетплейс ссылки на все актуальные зеркала
коттедж дизайн фасада современный дизайн коттеджей
стили дизайна квартир дизайн двухкомнатной квартиры 43 кв
теплый полотенцесушитель полотенцесушители водяные для ванны