နမ္မတူနဲ့ သီပေါကို စကမ လေကြောင်းထပ်မံ ဗုံးကြဲတိုက်ခိုက်

အာရက္ခတိုင်းမ်စ် (၆ အောင်တိုဘာ ၂၀၂၅)

TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည် မြောက်ပိုင်း နမ္မတူနဲ့ သီပေါမြို့ကို စစ်ကော်မရှင် က သီတင်းကျွတ်လပြည့်နေ့မှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးဌာန နဲ့ SSPP Info က ဒီနေ့ အောက်တိုဘာလ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၆ ရက် သီတင်းကျွတ်လပြည့်နေ့ မနက် ၇ နာရီခွဲ ဝန်းကျင်က နမ္မတူမြို့ မြို့မဈေးရပ် ရပ်ကွက် (၂) ကို ဦးတည်ပြီး ဂျက်ဖိုက်တာနဲ့ ဗုံးတွေ လာရောက် ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၆ လုံး ဗုံးစထိမှန် ပျက်စီးပြီး ဒဏ်ရာရတဲ့သူတွေလည်း ရှိခဲ့ပါတယ်။

အလားတူ သီပေါမြို့ကိုလည်း ဒီနေ့ အောက်တိုဘာ ၆ ရက်နေ့ မနက် ၇ နာရီခွဲဝန်းကျင်မှာ လေကြောင်းနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့ ကလည်း နမ္မတူ ဘုန်းကြီးကျောင်း တစ်ကျောင်းအနီး လေကြောင်း ဗုံးကြဲ တိုက်ခိုက်ခံရလို့ လူ ၄ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

သီပေါမြို့မှာလည်း စစ်ကော်မရှင်ရဲ့ လေကြောင်းဗုံးကြဲတာ ဆက်တိုက်ခံနေရတာကြောင့် ဒီရက်ပိုင်းအတွင်း ‌သေဆုံးသူ ၃ ယောက်အထိ ရှိလာပြီး နေအိမ် အဆောက်အဦး အများအပြားလည်း ထိခိုက်ပျက်စီးသွားတယ်လို့ သိရပါတယ်။

နောင်ချိုမြို့နဲ့ ကျောက်မဲမြို့တို့ကို စကမ ပြန်လည်သိမ်းယူပြီးနောက်ပိုင်းTNLA ထိန်းချုပ်ထားတဲ့ ဒေသတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာ ဆက်တိုက်လုပ်လာနေတာကြောင့် နမ့်ဆန်မြို့ ဇယ်တုန်ဟုန်ရွာက ကလေး ၂ ဦး သေဆုံးခဲ့ပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို သီပေါမြို့က ဟိုတယ် ၁ လုံးလည်း ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့ပါတယ်။

Related posts

ပုဏ္ဏားကျွန်းတိုက်ပွဲအတွင်း AA သိမ်းဆည်းရမိတဲ့ စစ်အသုံးအဆောင်များ

တရုတ်နယ်စပ် ခေါင်လန်ဖူးရှိ ရွေးတုတပ် ဗျူဟာစခန်းကို KIA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်

ဒရုန်းဗုံးကြောင့် ကျဆုံးခဲ့တဲ့ KNDF တပ်ဖွဲ့ဝင် ၅ ဦးရဲ့ ဈာပန ကျင်းပ

1 Comment

JohnnyFiemo စက်တင်ဘာ 18, 2026 - 5:17 မနက်

Медикаментозная терапия направлена на снятие симптомов абстиненции, нормализацию функций органов и систем, а также коррекцию психоэмоционального состояния пациента. Используются препараты, способствующие детоксикации, стабилизации работы нервной системы и улучшению общего самочувствия.
Разобраться лучше – платная наркологическая помощь пермь

Add Comment