နတ်ရေကန်ကို စကမ တောင်ခမ်းနဲ့ နှိုင်းယှဉ်ပြောဆို

အာရက္ခတိုင်းမ်စ် (၁၅ အောက်တိုဘာ ၂၀၂၅)

အာရက္ခတပ်တော်က သိမ်းပိုက်လိုက်တဲ့ နတ်ရေကန်တောင် ကမ္ဘာလုံးဗျူဟာကုန်းကို စစ်ကော်မရှင်ရဲ့ လော်ဘီတွေက တောင်ခမ်းနဲ့ နှိုင်းယှဉ်ပြောဆိုလာကြတာ တွေ့ရှိရပါတယ်။

“ နတ်ရေကန်ဟာ ဒုတိယတောင်ခမ်းလို့ ဘာလို့ပြောနိုင်လဲဆိုရင် ဒီနေရာဟာ ပြည် – ပဒါန်း – တောင်ကုတ်လမ်းရဲ့ အချက်အချာကျတဲ့နေရာဖြစ်တယ်။ အဲတော့ တပ်မတော်သားတွေ စိတ်ဓာတ်ကျအောင် တောင်ခမ်းလို လုပ်လာတာ” လို့ စစ်ကော်မရှင် လောဘီတွေ ဝါဒဖြန့်နေတာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်လော်ဘီတွေက TNLA သိမ်းပိုက်ခဲ့တဲ့ တောင်ခမ်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး သီပေါအထိ ထိုးစစ်ဆင်နေတာနဲ့ နှိုင်းယှဉ်ပြောဆိုနေတာလည်း ဖြစ်ပါတယ်။

“ သူတို့ ဘယ်လို လော်လော် လက်ရှိမှာ AA က သိမ်းလိုက်ပြီလေ။ TNLA နဲ့ နှိုင်းယှဉ်ပြောလဲ AA နဲ့ TNLA အခြေအနေက တူတာမှ မဟုတ်တာ။ AA ဆီက သူတို့ ဘာတွေများ ပြန်ရဖူးလို့လဲ။ ဒီလိုပဲ လူကြားကောင်းအောင် ပြောနေတာ” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ အရေးပါတဲ့ နတ်ရေကန်တောင် ကမ္ဘာလုံးဗျူဟာကုန်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ အောက်တိုဘာလ ၁၁ ရက်ကတည်း သိမ်းပိုက်နိုင်ခဲ့ပြီး နတ်ရေကန်တဝိုက်ကို နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံမှ သိရပေမယ့် တရားဝင်ထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။

Related posts

လေးမျက်နှာတိုက်ပွဲတွင် စကမက ဂျက်ဖိုက်တာ ၇ စီးအထိ အသုံးပြုတိုက်ခိုက်နေ

ကျောက်ဖြူကို စကမ ဗုံး ၅ လုံးကြဲလို့ ပြည်သူ ၁ ဦးသေ၊ ၂ ဦး ဒဏ်ရာရ 

မောင်တောတွင် ဟိန္ဒူဘာသာရေးပွဲတော် ကျင်းပ