အာရက္ခတိုင်းမ်စ် (၅ နိုဝင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည် တောင်ကုတ်မြို့နယ်တွင် နိုဝင်ဘာလ ၂ ရက်က ဒေသခံပြည်သူတဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရပါတယ်။
“ ဓနိတောကို အုန်းရည် (ဓနိရည်) သွားယူတာမှာ ပျောက်သွားလို့လိုက်ရှာတာ နောက်နေ့ (၃ နိုဝင်ဘာ) မှာ ရေနစ်သေဆုံးတာကို တွေ့ရတယ်” လို့ တောင်ကုတ်မြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရက္ခိုင်ပြည် တောင်ကုတ်မြို့နယ် က ရေနစ်မြုပ်သေဆုံးခဲ့သူမှာ ရန်ခေါ်ရွာ မန်ကျဉ်းကုန်းပိုင်းနေ အသက် ၃၀ အရွယ် ကိုကျော်မျိုးသူ ဖြစ်တယ်လို့ သိရပါတယ်။
ရေနစ်သေဆုံးသူ ကိုကျော်မျိုးသူကို ရန်ခေါ်ချောင်းတွင် တွေ့ရှိခဲ့ရပြီး ကျန်ရစ်ခဲ့တဲ့ အလောင်းကို နိုဝင်ဘာလ ၃ ရက်တွင် သင်္ဂြိုလ်လိုက်တယ်လို့ သိနရပါတယ်။
ယခုနှစ် မိုးရာသီအတွင်း ရက္ခိုင်ပြည်တွင် ရေနစ်သေဆုံးသူ ၄၃ ဦး အထိ ရှိလာနေပြီလည်း ဖြစ်ပါတယ်။
Photo – APM
2 Comment
Newmacau is looking kinda of nice in terms of what it has to offer. Feels like a proper betting site. Worth a try! newmacau
Продажа тяговых faamru.com аккумуляторных батарей для вилочных погрузчиков, ричтраков, электротележек и штабелеров. Решения для интенсивной складской работы: стабильная мощность, долгий ресурс, надёжная работа в сменном режиме, помощь с подбором АКБ по параметрам техники и оперативная поставка под задачу