NewsPolitic

တောင်ကုတ်တွင် ပြည်သူတဦး ရေနစ်သေဆုံး

အာရက္ခတိုင်းမ်စ် (၅ နိုဝင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် တောင်ကုတ်မြို့နယ်တွင် နိုဝင်ဘာလ ၂ ရက်က ဒေသခံပြည်သူတဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရပါတယ်။

“ဓနိတောကို အုန်းရည် (ဓနိရည်) သွားယူတာမှာ ပျောက်သွားလို့လိုက်ရှာတာ နောက်နေ့ (၃ နိုဝင်ဘာ) မှာ ရေနစ်သေဆုံးတာကို တွေ့ရတယ်” လို့ တောင်ကုတ်မြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည် တောင်ကုတ်မြို့နယ် က ရေနစ်မြုပ်သေဆုံးခဲ့သူမှာ ရန်ခေါ်ရွာ မန်ကျဉ်းကုန်းပိုင်းနေ အသက် ၃၀ အရွယ် ကိုကျော်မျိုးသူ ဖြစ်တယ်လို့ သိရပါတယ်။

ရေနစ်သေဆုံးသူ ကိုကျော်မျိုးသူကို ရန်ခေါ်ချောင်းတွင် တွေ့ရှိခဲ့ရပြီး ကျန်ရစ်ခဲ့တဲ့ အလောင်းကို နိုဝင်ဘာလ ၃ ရက်တွင် သင်္ဂြိုလ်လိုက်တယ်လို့ သိနရပါတယ်။

ယခုနှစ် မိုးရာသီအတွင်း ရက္ခိုင်ပြည်တွင် ရေနစ်သေဆုံးသူ ၄၃ ဦး အထိ ရှိလာနေပြီလည်း ဖြစ်ပါတယ်။

Photo – APM

Related posts

အာဏာရှင်စစ်တပ်၏ လေကြောင်းစစ်ဆင်ရေးပုံစံသစ်နှင့် အာရက္ခပြည်

Rakhita Times

သမိုင်းဝင် ရှေးဟောင်းနယ်မြေကို Clean Arakkha စီမံကိန်းနဲ့ သန့်ရှင်းရေးပြုလုပ်နေ

Rakhita Times

တလအတွင်း ရက္ခိုင်တွင် လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ်ခန့် ဖြစ်ပွားခဲ့

Rakhita Times

1 comment

Leave a Comment