ပလက်ဝတွင် ဝမ်းပျက် ဝမ်းလျော ရောဂါဖြစ်ပွားနေ၊ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အ‌ရေးပေါ် ဆေးကုသပေး

အာရက္ခတိုင်းမ်စ် (၁၃ နိုဝင်ဘာ ၂၀၂၅)

ပလက်ဝခရိုင် ရှင်းလက်ဝတိုက်နယ်တွင် ဝမ်းပျက် ဝမ်းလျော ရောဂါ ဖြစ်ပွားနေပြီး အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အရေးပေါ် ကွင်းဆင်း ဆေးကုသပေးနေတယ်လို့ သိရပါတယ်။

“ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းတွေကို နိုဝင်ဘာလ ၄ ရက်က စတင်ပြီး လုပ်ဆောင်ပေးနေပါတယ်။ အခုဆိုရင် ကူးစက်လူနာအသစ် ၅ ရာခိုင်နှုန်းအောက်ကို ကျသွားပါပြီ” လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပလက်ဝခရိုင် နယ်နမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ လုံတလိုင်ခရိုင် ကာကီကျေးရွာ၊ တွီတင်းကျေးရွာ၊ လုံတင်ကျေးရွာ စတဲ့ ကျေးရွာတွေမှာ စတင်ဖြစ်ပွားလာတဲ့ “ ပြင်းထန် ဝမ်းပျက် ဝမ်းလျော ရောဂါ” ဟာ ပလက်ဝခရိုင် ဒေသခံများနဲ့ ကုန်သည်များ စုစုပေါင်း ၃၀၀ ဝန်းကျင်ခန့် ကူးစက်ခံရပြီး ၃၀ ခန့်မှာ အတွင်းလူနာအဖြစ် ဆေးကုသခံယူနေရတယ်လို့ သိရပါတယ်။

အဆိုပါ “ ပြင်းထန် ဝမ်းပျက် ဝမ်းလျော ရောဂါ” ကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန အရေးပေါ်တုန့်ပြန်ရေးအဖွဲ့ဟာ ပလက်ဝခရိုင်က ဒေသခံအစိုးရအဖွဲ့အစည်းများ NGO CSO အဖွဲ့များနဲ့ ပူးပေါင်းပြီး ဆေးကုသရေးလုပ်ငန်းများ၊ ရောဂါမပြန့်ပွားအောင်ထိန်းချုပ်ရေးလုပ်ငန်းများ၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ချက်ခြင်းတုန့်ပြန် လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာန အနေနဲ့ ဆက်လက်ပြီး ပလက်ဝခရိုင်နဲ့ ဆက်စပ်ဒေသများက အန္တရာယ်ရှိအုပ်စုများကို ဝမ်းပျက် ဝမ်းလျော ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ဆေးများ တိုက်ကျွေးခြင်း၊ အသိပညာပေးလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Related posts

မီးလောင်မြေသို့ သွားရောက်ခြင်း

မြောက်ဦးတွင် ကလေးငယ် ၄ ဦးကို မုဒိမ်းမှု ကျူးလွန်ရန် ကြံစည်အားထုတ်သူ ၁ ဦးကို ဒီလပ် ဖမ်းဆီး

လေကြောင်းလိုင်းအားလုံး ပြည်တွင်း ခရီးစဉ်တွေရပ်နား

1 Comment

JoshuaMOUMB မတ် 22, 2026 - 10:26 မနက်

Подробности на странице: https://realtyskolkovo.ru

Add Comment