အာရက္ခတိုင်းမ်စ် (၁၉ နိုဝင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် ဇင်ချောင်းတိုက်နယ်ကို နိုဝင်ဘာလ ၁၇ ရက် ညနေဖက်က စစ်ကော်မရှင်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြညသူ ၃ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။
“ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက် ည ၈ နာရီခန့်အချိန်တွင် ကျောက်ဖြူမြို့ ဇင်ချောင်းတိုက်နယ်ရှိ အလယ်ရွာသစ်နဲ့ တောင်ငူရွာကို ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်” လို့ အာရက္ခတပ်တော်က နိုဝင်ဘာလ ၁၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကော်မရှင်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူမှာ အသက် ၁၆ နှစ်အရွယ် မဝိုင်းစုဌေး၊ အသက် ၄၇ နှစ်အရွယ် ဒေါ်စုစုမ၊ အသက် ၇၄ နှစ်အရွယ် ဒေါ်မအောင်သာ တို့ ဖြစ်တယ်လို့ သိရပါတယ်။
အလားတူ ထိခိုက် ဒဏ်ရာရရှိခဲ့သူတွေကတော့ အသက် ၁၅ နှစ်အရွယ် မစိုးဝင်းရီ၊ အသက် ၁၆ နှစ်အရွယ် မပန်းအိခိုင်၊ အသက် ၄၃ နှစ်အရွယ် ဦးအောင်ရီဝင်း၊ အသက် ၅၃ နှစ်အရွယ် ဦးသိန်းရွေ နဲ့ အသက် ၅၅ နှစ်အရွယ် ဦးသင်္ချီအောင်တို့ပဲ ဖြစ်ပါတယ်။
စစ်ကော်မရှင်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အလယ်ရွာက အခြေခံမူလတန်းစာသင်ကျောင်းနဲ့ တောင်ငူရွာက အခြေခံအလယ်တန်းစာသင်ကျောင်း အပြင် ပြည်သူနေအိမ် ၁ လုံးလည်း ပျက်စီးခဲ့ပါတယ်။
စစ်ကော်မရှင်အနေနဲ့ ကျောက်ဖြူမြို့နယ်အတွင်းက ကျေးရွာတွေကို လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲမှုတွေ လုပ်လာတာကြောင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားနေထိုင်ဖို့ အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။
3 Comment
References:
Online casino canada https://www.italia24.tv/
References:
Legiano Casino Tischspiele http://www.bmw-workshop.com
References:
Connecticut casino https://mycrewdate.com/@garybrandenbur